အဆင့်မြင့်ပညာရေး
—
အနာဂတ်တွင် ကမ္ဘာကြီးကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များအား လေ့ကျင့်ပျိုးထောင် သင်ကြားပေးလိုက်ပါ။

သာယာဝပြောသော၊ တရားမျှတသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာကြီးသည် ကမ္ဘာ၏ သဘာဝစနစ်များနှင့် လူသားယဉ်ကျေးမှုတို့ကို အပြည့်အဝ နားလည်သဘောပေါက်ခြင်းမှ ထွက်ပေါ်လာသည်။ Esriသည် ရာသီဥတု သိပ္ပံပညာရပ်မှ စ၍၊ စမတ်ကျသော အစိုးရလုပ်ငန်းအထိ ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်များ၊ အငြင်းပွားဖွယ်ရာများကို နားလည် သဘောပေါက်ရန်အတွက် မြေပုံရေးဆွဲခြင်းနှင့် ဆန်းစစ်လေ့လာခြင်းများကို ရှေ့ဆောင်သူများဖြစ်သည်။ ArcGISသည် ပုံစံငယ်များနှင့် ချိတ်ဆက်မှုများကို ဖော်ထုတ်ရန် spatial dataများကို ပေါင်းစပ်ပေးသည်၊ သိသာထင်ရှားမှုကို ပုံဖော်ပြသသည်၊ ဝေဖန်ဆန်းစစ်လေ့လာပေးပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ခန့်မှန်းပေးသည်၊ အနာဂတ်အတွက် ပိုမို စမတ်ကျသော ဆုံးဖြတ်ချက်များအတွက် ကူညီပေးပါသည်။

GISနှင့်အတူပညာရေးတိုးတက်စေခြင်း
—
Geographic information system (GIS) technologyသည် အသိုင်းအဝိုင်း အဖွဲ့အစည်းကောင်းများ တိုးတက်ဖြစ်ထွန်းရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အပြင်းထန်ဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များနှင့် လူမှုရေး ပြဿနာရပ်များကို ဖြေရှင်းရန်အဓိက အပိုင်းတစ်ခုဖြစ်သည်။ နေရာ အနှံ့အပြား၊ နယ်ပယ်အသီးသီးရှိ ထောင်ပေါင်း ရာချီသော အဖွဲ့အစည်းများသည် မြေပုံဖန်တီးရန်၊ ဆန်းစစ်လေ့လာချက်များလုပ်ဆောင်ရန်၊ သတင်းအချက်အလက်များ မျှဝေရန်နှင့် ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းရန်အတွက် ArcGISကို အသုံးပြုကြသည်။ ထိပ်တန်းကောလိပ်များနှင့် တက္ကသိုလ်များသည် GISနယ်ပယ်တွင် အဓိပ္ပါယ်ရှိသော အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်နှင့် GIS educationမှ တစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စနစ်များနှင့် လူ့အဖွဲ့အစည်းများကို နားလည်သဘောပေါက်စေရန် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အခန်းကဏ္ဍများ
—
အခန်းကဏ္ဍအလိုက်ပါဝင်သည့် GIS၏ တန်ဖိုးများကို ဖော်ပြလိုက်ပါသည်။
နေရာတိုင်းတွင်ရှိနေသောသိပ္ပံပညာရပ်ကိုအသုံးချခြင်း
—
ArcGIS သည် ပြဿနာရပ်များကို သတ်မှတ်ဖော်ပြနိုင်သည့်၊ trendsများကို နားလည်စေသည့်၊ ပြောင်းလဲမှုကို ကြိုတင်ခန့်မှန်နိုင်သည်၊ ဦးစားပေးအစီအစဉ်များ ချမှတ်နိုင်သည့်၊ ရလာဒ်များကို တွက်ထုတ်နိုင်သည့် ပြည့်စုံသော cloud အခြေပြု GIS တစ်ခုဖြစ်သည်။ ArcGIS သည်တည်နေရာအခြေခံသော သတင်းအချက်အလက် layers များကို ပေါင်းစပ်ပေးပြီး၊ လုပ်ဆောင်ချက် အခြေအနေတစ်ခုအဖြစ် ကူညီပေးသည်။
နယ်ပယ်အမျိုးမျိုးတွင်ရှိသည့်သင်ယူလေ့လာမှုများကိုတိုးတက်စေခြင်း
ခေါင်းစဉ် အကြောင်းအရာများစွာအတွက် ပိုမိုနက်နဲသော နားလည်သဘောပေါက်မှုကို ပေးသည့် တိကျသေချာသော စွမ်းဆောင်ချက်များကို ရရှိရန် မြေပုံများနှင့် ဒေတာ လေ့လာဆန်းစစ်ချက်များကို ပေါင်းစပ်သည်။ ArcGIS သည် လူသားနှင့် နေရာဒေသအကြား ပတ်သက်ဆက်နွယ်မှုများနှင့် ပုံစံငယ်များအတွက် အရင်းအမြစ် အမျိုးမျိုးမှ ဒေတာများကို ထင်သာ မြင်သာရှိစေသည်။ အဆိုပါ တိကျသေချာသော စွမ်းဆောင်ရည်များသည် သဘာဝနှင့် လူသားစနစ် နှစ်မျိုးစလုံးတွင် ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေသည်။
ဘွဲ့ရများအတွက်အလုပ်အကိုင်အခွင့်အရေးအသင့်ဖြစ်ရန်ပြင်ဆင်ခြင်း
ကမ္ဘာ့နေရာအနှံ့ရှိ အဖွဲ့အစည်းပေါင်း ၃၅၀,၀၀၀ ကျော်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ရှုပ်ထွေးများပြားသော ပြဿနာများကို ဖြေရှင်းရန် ArcGIS ကို အသုံးပြုသည်။ ထို့ကြောင့် ကျွမ်းကျင်ဘွဲ့ရများကို ငှားရမ်းရန် လိုလားလျက်ရှိကြသည်။ ArcGIS ကို စံသတ်မှတ်ချက်များနှင့် အညီ သင်ယူလေ့လာခြင်းသည် ကျောင်းသား/သူများကို အောင်မြင်ရန်အတွက် နေရာရရှိစေသည်။
သိပ္ပံနည်းကျ သုတေသနများမှတစ်ဆင့် ဗဟုသုတကောင်းများစွာရရှိခြင်း
ခေတ်မီ အဆင့်မြင့်သော GIS tools များသည် ကိုယ်ပိုင်ဒေတာများ၊ အားကောင်းသော ခွဲခြမ်းစိတ်ဖြာနိုင်သည့် toolsများ၊ ပူးပေါင်းဆောင်ရွက်မှု ပုံစံများဖြင့် လုပ်ငန်းများအတွက် ထောက်ပံ့ပေးသည်။ ArcGIS သည် သိပ္ပံနည်းကျ modelsများ၊ နည်းစနစ်များနှင့် ချိတ်ဆက်ထားပြီး Python နှင့်R ကဲ့သို့သောအခြားသော data science toolများနှင့်လည်း အပြန်အလှန် ဆက်သွယ်ထားပါသည်။
smart campus လုပ်ငန်းလည်ပတ်မှုကိုပံ့ပိုးခြင်း
ArcGISသည် အလုပ်ပြီးမြောက်စေမည့် အရင်းအမြစ်များကို နေရာမှန်သို့ ရောက်ရှိစေရန် စီမံခန့်ခွဲသူများကို ကူညီပေးသည်။ Smart campus mapsများသည် ကျောင်းဝန်းမြင်ကွင်းကို အပြည့်အဝ ရရှိရန် နှင့် စာသင်ခန်းနေရာကို တင်ပြသည်မှ စ၍ ကျောင်းဝန်းအတွင်း ဘေးကင်းလုံခြုံရေးအထိ လုပ်ငန်းလည်ပတ်မှုကို ကူညီ စီမံပေးသည့် လုပ်ငန်းစနစ်များကို ပေါင်းစပ်သည်။
လိုင်စင်ရွေးချယ်မှုများ
Esri သည် ပညာရေးဆိုင်ရာ လိုင်စင်အတွက် အထူး ဈေးနှုန်းနှင့် သတ်မှတ်ချက်များဖြင့် ကမ်းလှမ်းထားပါသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM