စီးပွားရေးတွက်ချက်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

ရေရှည်အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မည့်စီးပွားရေးလုပ်ငန်းများကိုဖန်တီးလိုက်ပါ

အကြီးမားဆုံးသောသက်ရောက်မှုများအတွက် ရင်းနှီးမြှုပ်နှံရမည့်  မိမိစီးပွားရေးလုပ်ငန်းနယ်ပယ်ဝန်းကျင်ကို ရှာဖွေပါ။

ခိုင်မြဲသောအဆက်အသွယ်ကောင်းတစ်ခုကိုတည်ဆောက်ပါ

စီးပွား‌ရေးတွက်ချက်မှုဆိုင်ရာကျွမ်းကျင်သူများသည် ကျွမ်းကျင်လုပ်သားများ၊ ဈေးနှုန်းသင့်တင့်သည့် အိမ်ရာများ၊ စားသောက်ကုန်စရိတ်သက်သာမှု၊ သယ်ယူပို့ဆောင်ရေးအဆင်ပြေမှု သို့မဟုတ် ဒေသတွင်းစီးပွားရေးလုပ်ငန်းစီးဆင်းမှု စသည့်သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ဝန်းကျင်ရှိ အားသာချက်များကို နားလည်သိရှိထားရန် လိုအပ်ပါသည်။  ဦးဆောင်သူများသည် အဓိကကျသော စီးပွားရေးလုပ်ငန်းအခြေအနေ တိုးတက်မှုများကို ကြည့်ရှုရန်နှင့် ဆန်းစစ်လေ့လာရန်၊ နှင့် ပထဝီနယ်မြေအခြေအနေ၊ လူမှုဘဝဝန်းကျင်နှင့် ငွေးကြေးသုံးစွဲမှုများနှင့် ဆက်နွယ်သော ဒေတာပေါင်းစပ်လေ့လာမှုများအတွက်  location intelligenceကို အသုံးပြုနိုင်သည်။ ထိုနည်းဗျူဟာချဉ်းကပ်မှုသည် စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန်နှင့် လုပ်ငန်းအသစ်များစတင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်၊ အခွင့်အလမ်းများချမှတ်ပေးရန် အကူအညီများ ရရှိစေပါသည်။

စီးပွားရေးတောင့်တင်းခိုင်မာမှုကိုမြင်တွေ့နိုင်ခြင်း

Smart mapsများသည် ဦးဆောင်သူများ၊ စီးပွားလုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံသူများအကြား အဓိကအရေးပါသော ဒေတာများနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

  • ဆန်းစစ်လေ့လာသုံးသပ်ခြင်းများ၊ အစီရင်ခံစာများ နှင့် မြေပုံများ‌ရေးဆွဲ၍ တည်နေရာပုံစံ အနေအထားများကို လူအများသိအောင် ကြော်ငြာခြင်းဖြင့် အိမ်ရာအသစ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်မှု အပြည့်အဝပေးစွမ်းသည်။
  • နေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် အခြေခံလိုအပ်ချက်များအတွက် ကွာဟချက်များကို သတ်မှတ်ဖော်ပြပေးသည်။
  • လုပ်ကွက်ရွေးချယ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ နယ်မြေအခြေအနေလေ့လာဆန်းစစ်မှု၊ အသေးစိတ်နှိုင်းယှဉ်ချက်များ၊ ကုန်သွယ်မှုလုပ်ငန်းအကဲဖြတ်ချင်းများနှင့် Targetထားသောcustomer အပိုင်းအခြားရွေးချယ်ခြင်းတို့ကို ထောက်ပံ့ပေးသည်။
  • ဒေတာအခြေခံတည်ဆောက်ထားသော မြေပုံများကို အသုံးပြု၍ ဈေးကွက်ရှိသော နယ်မြေများ သတ်မှတ်ပေးခြင်း နှင့် စဉ်ဆက်မပြတ် တိုးတက်မှုကို စွမ်းဆောင်ပေးပါသည်။

စွမ်းဆောင်ရည်များ

Esriမှ location intelligenceနည်းပညာကို အသုံးပြု၍ စီးပွားရေးဆိုင်ရာ တွက်ချက်မှု နည်းဗျူဟာများ ဖန်တီးခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ရယူခြင်းနှင့် အခြေအနေအလိုက် လုပ်ငန်းဒေတာများ တွေ့မြင်နိုင်ပါသည်။

business-needs-capabilities-mapping-visualization
business-needs-capabilities-real-time-visualization-analytics
business-needs-capabilities-3d-gis

မြေပုံရေးဆွဲခြင်းလုပ်ငန်း

အဓိက အရေးပါသော စီးပွားရေးစီမံကိန်း တိုးတက်မှုများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ လူဦးရေဆိုင်ရာ အချက်အလက်များ၊ နေရာဒေသများ နှင့် ပိုင်ဆိုင်မှုများကို ပုံဖော်ပြသပေးပါသည်။ အသိုင်းအဝန်းအဖွဲ့အစည်းများအကြား ဖြစ်ပျတ်မှုအခြေအနေအရပ်ရပ်ကို သိရှိစေရန်၊ နည်းဗျူဟာပုံစံရေးဆွဲရန် နှင့် ရင်နှီးမြှုပ်နှံသင့်သည့် နေရာဒေသများကို သိသာ ထင်ရှားစေပါသည်။

အချိန်နှင့်အမျှ ပြောင်းလဲနေမှုများကို ဖော်ပြခြင်းနှင့် ဆန်းစစ်လေ့လာခြင်း

customer များတည်ရှိရာ ပထဝီမြေအနေအထားနှင့် အစုအဖွဲ့အတွင်းရှိ ဖွံ့ဖြိုးရေးအစီအစဉ်များကို နားလည်သိရှိစေရန်နှင့် ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရန် ဖြစ်သည်။ နောက်ဆုံးဖြစ်ပျတ်မှု သတင်းအချက်အလက်များကို အခြေခံ၍ လျင်မြန်စွာဖြင့် ဆုံးဖြတ်ချက်များ ထုတ်ပြန်ရန် ကြီးမားသော ဒေတာအစုနှင့် Internet of Things (IoT) နည်းပညာကို အသုံးပြုထားပါသည်။

3D ပုံရိပ်များနှင့်ခွဲခြမ်းလေ့လာဆန်းစစ်မှုများ

ပြဿနာရပ်များဖြေရှင်းရန်၊ ပုံစံငယ်များ၊ ပြောင်းလဲမှုအခြေအနေများနှင့် ဖုံးကွယ်လျက်ရှိသော ဆက်စပ်မှုများကို ကြည့်ရှုရန် ဒေတာတန်ဖိုးများကို ထုတ်နှုတ်ဖော်ပြ ပေးပါသည်။ မိမိ အမြင်၊ စိတ်ကူးများကို လွယ်ကူစွာမျှဝေနိုင်သော modelsများကိုလည်း ဖန်တီးပေးပါသည်။