ARCGIS ONLINE

THE TIP

လည်ပတ်နေသောကမ္ဘာဂြိုလ်ပုံစံဖန်တီးခြင်း

အလိုအလျောက်လှည့်ပတ်​နေသည့် ကမ္ဘာဂြိုလ်မြင်ကွင်းပုံစံကို ကြည့်ရှုရခြင်းသည် စိတ်ကျေနပ်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။  ArcGIS Online နှင့် ArcGIS Living Atlasကို အသုံးပြု၍ မိမိကိုယ်ပိုင် ပုံစံကို မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်ပြီဖြစ်သည်။

ArcGIS Onlineရှိ Scene Viewer, ArcGIS Living Atlas of the World, နှင့် အပြင်နှင့်ပုံစံတူ ဖန်တီးနိုင်သော 3D Viewerကို အသုံးပြု၍ အလိုအလျောက် လည်ပတ်နေသည့် ကမ္ဘာလုံးကို မိမိကိုယ်တိုင် ဖန်တီးနိုင်ပါသည်။ လုပ်ဆောင်ပုံအဆင့်ဆင့်နှင့် အခြားအဖွဲ့အစည်းများက ပြုလုပ်ထားသည့် ပုံစံများကိုလည်း ဤဆောင်းပါးတွင်လေ့လာနိုင်ပါသည်။

ဆောင်းပါးဖတ်ရှုရန်→

EconMob-Card

COMMUNITY DEVELOPMENT

စီးပွားရေးဖန်တီးမှုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ချိန်ညှိချိတ်ဆက်ခြင်း

အစီအစဉ်ရေးဆွဲသူများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့အစည်းများသည်  စီးပွားရေးလုပ်ငန်း တိုးတက်မှုအရွေ့၏ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားပုံကို လေ့လာရပါမည်။

စီးပွားရေးလုပ်ငန်း တိုးတက်မှုအရွေ့ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း အဓိကအကြောင်းအရာ ဦးတည်ချက်သည် တစ်ဦးချင်းအလိုက်နှင့် မိသားစု ဝင်ငွေအလယ်အလတ်နှင့် နည်းပါးသူတို့အတွက် စီးပွားအဆင့်အတန်း တိုးတက်မြင့်မားရန်အတွက် အခွင့်အရေးများစွာရရှိရန် ဖြစ်သည်။ ထိုအခါ စီးပွားရေးအရွေ့အတွက် ခေတ်မီသော ယူဆချက် ချိတ်ဆက်မှုများက အဓိကနေရာတွင် ပါဝင်လာသည်။

နေထိုင်မှုပုံစံမှစ၍ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအထိ GISသည် မြို့တော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အရေးပါသည့် မေးခွန်းများအတွက် အဖြေများစွာကို ပံ့ပိုးပေးနိုင်သည်။

  • အိမ်ထောင်စုလူဦးရေဆိုင်ရာ အချက်အလက်များ
  • လုံလောက်သော ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ဝန်ဆောင်မှုလိုအပ်ချက်များ
  • နေရာဒေသအလိုက် လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာများ
  • စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရန်အတွက် လုပ်ငန်းနယ်မြေသတ်မှတ်ချက်များနှင့် လိုအပ်သော ဝန်ဆောင်မှုများ

စီးပွားရေးအရွေ့တစ်ခုအတွက် ပထဝီဝင်ဆိုင်ရာ ချဉ်းကပ်မှုသည် လိုအပ်သည်။ GIS တွင် ဒေတာအသုံးချမှု နိယာမများကို အကောင်းဆုံးအသုံးချနိုင်သည့် toolsများစွာ ရှိပါသည်။

ဆောင်းပါးဖတ်ရှုရန်→

ARCGIS PRO
ARCGIS ONLINE
ArcGIS Pro Basic

ဒေတာများကို ပေါင်းစပ်ရန်၊ မျက်မြင်တွေ့မြင်နိုင်ရန်၊ လေ့လာဆန်းစစ်ရန်၊ မျှဝေရန် ArcGIS Pro၏ စွမ်းရည်ပြည့်ဝသော tools များနှင့် လုပ်နိုင်စွမ်းများကို ဤfree web course တွင် လေ့လာနိုင်ပါသည်။ 

လေ့လာရန်→

ArcGIS Onlineတွင် Feature layer များကို Export ထုတ်၍ Publicပြုလုပ်ပုံအဆင့်ဆင့်

မိမိအကောင့်မှ Feature layer copy ကို export လုပ်ဆောင်ပုံ tutorial ကို လေ့လာရပါမည်။ မိမိကိုယ်ပိုင်ဖြစ်သည့် ကူးယူထားသည့် ဒေတာကို hosted feature layerအနေဖြင့် public လုပ်ဆောင်ပုံဖြစ်သည်။ 

tutorial လေ့လာရန်→

ARCGIS STORYMAPS
MAPPING
ARCGIS INSTANT APPS

ArcGIS StoryMapsတွင် ဒီဂျစ်တယ် မဂ္ဂဇင်းပုံစံဖြင့် တင်ဆက်ပေးသွားမည့် StoryScape ကို မိတ်ဆက်ထားပါသည်။ StoryScapeကို log-inဝင်ရောက်ရန် မလိုဘဲ လူတိုင်း အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါသည်။

ဆောင်းပါးဖတ်ရှုရန်→

သပ်ရပ်ပြေပြစ်သော Web Mapများ

web mapတစ်ခုကို မမျှဝေမီ မိမိ၏ web mapသည် မျှဝေရန် အဆင်သင့် အနေအထားသို့ ရောက်ရှိရန်လိုအပ်သည်- အခြားကြည့်ရှုသူများကို မိမိ၏ web mapအပေါ် နားလည်ရန်၊ ယုံကြည်မှုရှိရန် လိုအပ်သည်။ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် မိမိမြေပုံအတွက် အကျိုးကျေးဇူး များစွာ သက်ရောက်နိုင်မည့် tipအချို့ကို လေ့လာရမည်ဖြစ်သည်။

ဖတ်ရှုရန်→

အောင်မြင်မှုအတွက် Atlas

Atlas (Beta)သည် Instant Apps template အမျိုးအစားသစ်တစ်ခုဖြစ်သည်။  ကောက်နှုတ်တင်ပြချက်များပါဝင်သည့် မြေပုံနှင့် layerများကို အဓိကအားဖြင့် စုစည်းဖော်ထုတ်ပေးသည်။ ယေဘူယျအားဖြင့် စုစည်းတင်ပြသည့်လုပ်ငန်းစဉ်တွင် အဓိက အလေးထားရမည့် အပိုင်းလေးပိုင်းရှိသည်။ မိမိ၏ audienceအမျိုးအစားကို သတ်မှတ်ခြင်း၊ တိကျမှန်ကန်သော သတင်းအချက်အလက်များ ရှာဖွေခြင်း၊ တင်ပြချက်ကောင်းမွန်အောင် ဖော်ဆောင်ခြင်းနှင့် audienceနှင့်အတူ အပေးအယူမျှတစွာ မျှဝေခြင်းတို့ ဖြစ်သည်။ အသေးစိတ်အဆင့်ဆင့် ဆောင်ရွက်ပုံများကို လေ့လာနိုင်ပါသည်။ 

ဆောင်ပါးဖတ်ရှုရန်→

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar