ArcWatch October 2023
—
Memphisမြို့တော်၏ Concrete Dataအတွက် GIS Toolsများ
Memphisမြို့တော်တွင် GIS dataသည် ရေကြီးရေလျှံမှုကို ကာကွယ်ရန်နှင့် မြို့အတွင်းသို့ ရေဝင်ရောက်မှု တားဆီးရန် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။
Memphis Public Works Divisionသည် နေထိုင်သူဦးရေ ၆သိန်းကျော်အတွက် မြို့တော်ရှိ မိုးရေစီးဝင်သည့် ရေနုတ်မြောင်းတွင် အသုံးပြုသည့် မိုင်ပေါင်း ၁၅၀ခန့်ရှိသည့် concrete channel lining (CCL) ကွန်ကရစ်ပိုက်လိုင်းကို စုံစမ်းစစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်လျက်ရှိသည်။
တစ်ချိန်တစ်ခါက CCLလမ်းကြောင်းများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ဆက်စပ်မှုမရှိသော စာရွက်စာတမ်းအခြေခံစနစ်ဖြင့် ရေဝင်ရောက်သည့် ပိုက်လိုင်းများကို စစ်ဆေးခြင်းနှင့် ပြသနာများကို ဖြေရှင်းခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ ထိုသို့ စာရွက်စနစ်များကြောင့် ဒေတာအချက်အလက်ချိတ်ဆက်မှုများ ပြတ်တောက်ခြင်း၊ တခါတရံ စာရွက်စာတမ်း ပျတ်စီး ဆုံးရှုံမှုများဖြစ်ပေါ်ခြင်း၊ ဒေတာအရည်အသွေးအားနည်းခြင်း၊ လွဲမှားသောပြုပြင်ခြင်းများနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်ပေးပို့နိုင်မှုများလည်း အားနည်းခဲ့ကြသည်။
ထိုကိစ္စရပ်များကို ပြေလည်စေရန် Memphisမြို့တော်သည် Allworld Project Managementနှင့် ပူးပေါင်းဆောင်ရွက်၍ ArcGIS Enterprise portal နှင့် အဖြေတစ်ခု ထွက်ပေါ်စေခဲ့သည်။ CCL inspections, maintenance, နှင့် planningများဖြင့် drain maintenance departmentကို ကူညီဆောင်ရွက်ပေးခဲ့သည်။
ဤဆောင်းပါးတွင် လုပ်ဆောင်ချက် အသေးစိတ်ကို ဖော်ပြထားပြီး လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလည်း လေ့လာနိုင်ပါသည်။ ဆောင်းပါးဖတ်ရှုရန်→
GOVERNMENT
Infographic Insight ၏ အကျိုးရလဒ်များ
ArcGIS StoryMaps ဖြင့် ဖန်တီးထားသော story တွင် Californiaပြည်နယ် Redlands ရှိ ကုန်သည်ကြီးများ အသင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ GISနည်းပညာ အသုံးပြုပုံကို လေ့လာရပါမည်။
စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် အသင်းသည် လုပ်ငန်းတည်နေရာများကို ရွေးချယ်ခြင်း၊ အကျိုးကျေးဇူးများကို ဖြန့်ဝေခြင်းများပါဝင်သော် modernize ဖြစ်စေမည့် နည်းလမ်းကို ရှာဖွေရာတွင် Geospatial toolsများက မည်ကဲ့သို့ ပါဝင် ကူညီ စွမ်းဆောင်ထားပုံကို ဖော်ပြထားပါသည်။ အဖွဲ့ဝင်တို့၏ အဆင့်ဆင့် လုပ်ဆောင်ချက်များကိုလည်း လေ့လာရပါမည်။
Projectအကောင်အထည်ဖော်ဆောင်ပုံအကျဉ်းချုပ်-
Esri၏ သက်ဆိုင်ရာအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခြင်း- Business Industry Team စီးပွားရေးလုပ်ငန်းများပါဝင်သည့် အဖွဲ့အစည်းအများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ရန် မြေပုံကို ရိုးရှင်းစွာဖန်တီးပြီး အဓိကသုံးပြုရမည့် toolများ အတွက် brainstormingပြုလုပ်သည်။
အသိုင်းအဝန်းအဖွဲ့အစည်းနှင့်တွေ့ဆုံခြင်း- စီးပွားရေးလုပ်ငန်ရှင်များနှင့် လုပ်ငန်းဌာနများမှ ကျွမ်းကျင်ရှင် အသိုင်းအဝန်းတို့နှင့် တွေ့ဆုံ၍ သက်ဆိုင်ရာ community demographics နှင့် industry specific infographicsကို လုပ်ဆောင်ခြင်းဖြင့် အသင်းအတွက် ဖြစ်ပေါ်လာမည့် positive feedbackကို မေးမြန်းနားထောင်သည်။
မြေပုံပေါ်တင်ခြင်း- လုပ်ငန်းအမျိုးအစားအလိုက် အဖွဲ့ဝင်စီးပွားရေးလုပ်ငန်းများကို မြေပုံရေးဆွဲ၍ သိသာမြင်တွေ့စေသည်။
Business Analyst ကို အသုံးပြုခြင်း
စီးပွားရေးလုပ်ငန်းနယ်မြေများကို နားလည်သိရှိစေခြင်း- Business Analystတွင် အဖွဲ့ဝင်အသစ်များရရှိနိုင်မည့် နေရာများနှင့် အဆိုပါနေရာများတွင် အဓိကဦးစားပေး customerများ တည်ရှိနိုင်သည့် နေရာများကို သတ်မှတ်ပေးနိုင်သည့် workflowကို သတ်မှတ်သည်။
siteများဖန်တီးခြင်း-15မိနစ်အတွင်းရောက်ရှိနိုင်မည့် လုပ်ငန်းတည်နေရာများကို လမ်းကြောင်းရေးဆွဲသည်။
Infographics များဖန်တီးခြင်း-
•လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ စီးပွားရေးလုပ်ငန်းတည်နေရာအခြေအနေများကို ပိုမိုနားလည်သဘောပေါက်စေသည်။
•လုပ်ငန်းအမျိုးအစားအလိုက် သတင်းအချက်တင်ပြချက်များကို တစ်စုတစ်စည်းတည်းအဖြစ် ဖန်တီးသည်။
•မိမိ audiencesများ အလွယ်တကူ နားလည်းသိရှိစေမည့် infographics ဒီဇိုးကို သတ်မှတ်ဖော်ပြသည်။
•အသုံးဝင်သော သတင်းအချက်အလက်များထည့်သွင်းခြင်းနှင့် အလွယ်တကူ ဖတ်ရှုနိုင်သည့် infographicsတို့သည် ကိုက်ညီမှုရှိစေရန် ခက်ခဲသော လုပ်ဆောင်ချက်ဖြစ်သည်။
Briefings မိတ်ဆက်
Briefingsသည် ArcGIS StoryMaps၏ တင်ဆက်မှုပုံစံ အသစ်တစ်ခုဖြစ်သည်။ အဓိပ္ပါယ်ပြည့်ဝသော အခြေအနေ အကြောင်းအရာတို့ကို ရိုးရိုးရှင်းရှင်းနှင့် လုံခြုံစိတ်ချစွာ ဖော်ထုတ်ပေးသည့် အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသော မြေပုံနှင့် ဒေတာများကို အသုံးပြုထားသည်။
Survey123 Reportတွေကို စတင်လေ့လာခြင်း
Word (သို့မဟုတ်) PDF ပုံစံ reportဖြင့် မိမိ၏ ဒေတာများကို exportလုပ်၍ အခြားသူများထံသို့ ArcGIS Survey123 ရလာဒ်များကို မျှဝေသည်။
ArcGIS Proတွင် Model Builderတည်ဆောက်ပုံ
ModelBuilderဖြင့် မိမိ၏ geospatial workflowsများကို အဆင့်မြှင့်တင်ရန် အချိန် ၅မိနစ်စာ ဗီဒီယိုကြည့်ရှုနိုင်သည်။ ModelBuilderသည် geoprocessing modelsများကို createပြုလုပ်ပြီး အလိုအလျောက်လုပ်ဆောင်ပေးသည့် tool ဖြစ်သည်။
THE TIP
ArcGIS Field Mapsတွင်ဒေတာစုဆောင်းခြင်း
ArcGIS Field Maps mobile appတွင် ဒေတာကောက်ယူမှုအခြေခံအချက်များကို ဖော်ပြထားသည်။
ArcGIS Field Maps ဖြင့် မိမိလုပ်ငန်း၏ မည်သည့်နေရာတွင်ဖြစ်စေ ကိုယ်ပိုင်ဒေတာများကို ကောက်ယူ၍ updateပြုလုပ်နိုင်သည်။ ယခုအခါ Field Maps mobile appတွင် မြေပုံနှင့် ဖောင်ပုံစံကို အသုံးပြု၍ ဒေတာစုဆောင်းမှု၏ အခြေခံအချက်များကို ဖော်ပြပေးထားသည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874