ArcWatch January 2024
—
THE TIP
ArcGIS Dashboardsတွင် ပထမဦးဆုံးအနေဖြင့်မိမိ၏ Dashboardကိုဖန်တီးခြင်း
ArcGIS Dashboards သည် အသုံးပြုသူများအတွက် ဒေတာများ၏ နားလည်သိမြင်နိုင်စွမ်းကို အသုံးပြု၍ တည်နေရာအခြေပြု လေ့လာဆန်းစစ်ချက်များဖြင့် တင်ပြပေးသည့် ဒေတာသတင်းအချက်အလက်များကို ဆောင်ကျဉ်းပေးရာ နေရာတစ်ခုဖြစ်သည်။ dashboardသည် ဖြစ်ရပ်များကို စောင့်ကြည့်ရန်၊ ဆုံးဖြတ်ချက်များ ချမှတ်ရန်, သတင်းပေးပို့ရန်နှင့် ဖြစ်နိုင်ချေအလားအလာတို့ကို မြင်တွေ့နိုင်သည့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်နှင့် ဒေတာများကို ဖော်ပြပေးသည်။ Dashboardsကို မြင်ကွင်းတစ်ခုတည်းပေါ်တွင် လုပ်ဆောင်မှုပုံစံအမျိုးမျိုးကို တစ်ပြိုင်တည်းတွေ့မြင်နိုင်စေရန် ပုံဖော်ထားသည်။
ArcGIS Dashboards ကိုအသုံးပြု၍ ရိုးရှင်းပြီး နားလည်ရလွယ်ကူသော dashboardဖန်တီးမှုကို လေ့လာနိုင်ပါသည်။
ArcGIS Pro
အခြေခံအဆောက်အအုံထိန်းသိမ်းမှုနှင့် ပထဝီဝင်ပုံစံချဉ်းကပ်မှု
အခြေခံအဆောက်အအုံသက်တမ်းရှည်ကြာဖို့ရန် အချက်နှစ်ချက်ပေါ်တွင် ကြီးစွာ မူတည်နေသည်။ အခြေခံအဆောက်အအုံဆောက်လုပ်ခြင်းအတွက် အစီအစဉ်ရေးဆွဲ တည်ဆောက်ခြင်းနှင့် အဆောက်အအုံများ တည်ဆောက်ပြီးသည်နှင့် လုံလောက်သော အရင်းအမြစ်များ နေရာချထားခြင်းတို့ဖြစ်သည်။ ဒုတိယအချက်ဖြစ်သည့် အရင်းအမြစ်များ နေရာထားခြင်းအတွက် GISနည်းဖြင့်ပညာချဉ်းကပ်ခြင်းသည် များစွာ အကျိုးရှိထိရောက်သော အကူအညီကိုဖြစ်စေသည်။
enterprise GISသည် မြေပုံပြုလုပ်သည်ထက် များစွာပိုမိုပါသည်။ လုပ်ငန်းစဉ်အပိုင်းအလိုက် စတင်လည်ပတ်ပုံမှ အစပြု၍ အမြဲမပြတ် ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးခြင်း နှင့် လိုအပ်လျှင် အစားထိုးလဲလှယ်သည့် ဝန်ဆောင်မှုအထိ assetတစ်ခု လည်ပတ်ရန် စီမံခန့်ခွဲရာတွင် အရေးကြီးသော အပိုင်းတစ်ခုဖြစ်စေသည်။
Asset Management Systemsနှင့် Geospatial Information Systemsတို့ ဟန်ချက်ညီစွာဖြင့် ပြီးပြည့်စုံသည့် စနစ်တစ်ခုဖြင့် အခြေခံအဆောက်အအုံနှင့် ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှု လမ်းစဉ်ချဉ်းကပ်ပုံကို လေ့လာရပါမည်။ အဆိုပါ စနစ်နှစ်ခုကို အတူတကွ အသုံးပြုခြင်းဖြင့် infrastructureထိန်းသိမ်းခြင်းအတွက် လုပ်ငန်းနှင့် ကုန်ကျစရိတ်ကို စီမံရန် asset management systemကို အသုံးပြုနိုင်ပြီး၊ GIS သည် တည်နေရာလမ်းကြောင်းနှင့် assetsအားလုံး၏ အခြေအနေကိုစစ်ဆေးနိုင်သည်။
ArcGIS သို့ဝင်ရောက်ရန် နည်းလမ်းတစ်ခု
Multifactor authentication (MFA)သည် မိမိ အဖွဲ့အစည်းလုံခြုံးရေးအတွက် ထပ်ဆောင်း အဆင့်တစ်ခုဖြစ်သည်။ ArcGIS loginကို အသုံးပြုမည့် memberများအတွက် လုပ်ဆောင်မှုအဆင့်ဆင့်ကို တင်ပြထားပါသည်။
Wetland နယ်မြေများကို ပြန်လည်ထူထောင်ခြင်း
Montanaနယ်မြေ Swan River National Wildlife Refugeရှိ သဘာဝစိမ့်မြေနယ်မြေများအတွက် ပြန်လည်ထူထောင် ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်အတွက် လေ့လာကွင်းဆင်းစစ်ဆေးခဲသည်။
Cartographic Effectအမျိုးအစားများထဲမှ အကောင်းဆုံးတစ်ခု
Media Layers တွင် effect နှင့် blend modes ကို အသုံးချခြင်းသည် မိမိ၏ web mapsများကို စိတ်ကြိုက်ဖန်တီးပုံဖော်ရာတွင် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်သည်။
Drone Imagery Speeds Flood Response
Vermont တွင် ရေကြီးမှုဖြစ်ပွားပြီးနောက်GIS နည်းပညာကို အခြေခံသော disaster response လုပ်ဆောင်ချက်များဖြင့် နေထိုင်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
GISနည်းပညာဖြင့် ကျန်းမာရေးအထောက်အကူပြု ကွန်ယက်ကို အဆင့်မြှင့်တင်ခြင်း
GIS tool ကို ကောင်းစွာအသုံးချ၍ ကျန်းမာရေးဆိုင်ရာ အစီအစဉ် စံသတ်မှတ်ချက်များနှင့် သာတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုကို လှပသေသပ်စွာ ပုံဖော်ထားသည်။
Enterprise GIS နှင့် အခြေခံအဆောက်အအုံစီမံခန့်ခွဲခြင်း
လုပ်ငန်းတွင် ပါဝင်သူများနှင့် အဓိကကျသော လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲခြင်းတို့တွင် Enterprise GIS၏ စွမ်းရည်များကို လေ့လာရပါမည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874