ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး
—
အခြေခိုင်မာ တိုးတက်စေသော လုပ်ဆောင်ပုံအဆင့်ဆင့်၊ ဒီဇိုင်းရေးဆွဲခြင်း နှင့် ဖြေရှင်းချက်များ
Skanska, Costain, STRABAG
“ArcGIS Enterprise သည် ပရောဂျက်နှင့် သက်ဆိုင်သော လူတိုင်းအတွက် အလွန်အကျိုးရှိထိရောက်သော ကြီးမားသည့် ပလက်ဖောင်းတစ်ခုအဖြစ် ကျွန်ုပ်တို့ကို ပေးစွမ်းပါသည်။”
Esriမှ နယ်ပယ်အသီးသီးရှိ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များနှင့် မြေတိုင်းများအတွက် ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။
Infrastructure
အခြေခံကျသော ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများနှင့် အဆောက်အဦးလုပ်ငန်းများအတွက် ဆက်စပ်လျက်ရှိသော ပရောဂျက်များကို လျင်မြန်စွာ အချိန်မီ ပေးပို့နိုင်ရန် အဆင်သင့်အသုံးပြုနိုင်သော မြေပုံများပါရှိသော ArcGISနှင့် လက်တွဲ ဆောင်ရွက်လိုက်ပါ။ သက်ဆိုင်ရာ ရှယ်ယာအဖွဲ့ဝင်များနှင့်အတူ ပရောဂျက်များကို လေ့လာဆန်းစစ်ခြင်း၊ မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ပုံအဆင့်ဆင့်များကို ပေးပို့ခြင်း နှင့် အရေးပါသော သတင်းအချက်အလက်များကို မျှဝေပေးပါသည်။
သဘာဝအရင်းအမြစ်များ
ပရောဂျက်များကို ပထဝီအနေအထားများထည့်သွင်း စဉ်းစားခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုများအတွက် သက်ဆိုင်သော အဖြေများကို ဆန်းစစ်လေ့လာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်း။
မြို့ပြဒီဇိုင်း
လုပ်ငန်းများကို ပိုမိုအကျိုးရှိရှိ တင်ပြဆွေးနွေးရန်နှင့် ပိုမိုကောင်းမွန်သော ဒီဇိုင်းများရေးဆွဲခြင်းတို့အတွက် မြေပြင်ပေါ်ရှိ အရွယ်အစားအတိုင်း ပုံစံငယ်များ ဖန်တီးအသုံးပြု၍ 3D နည်းပညာဖြင့် မျှဝေလိုက်ပါ။
တကယ့်လက်တွေ့လုပ်ငန်းများကိုလေ့လာခြင်း
—
ArcGIS နှင့်အတူ သင်၏ ပရောဂျက်လုပ်ငန်းအစီအစဉ်များကို မြှင့်တင်လိုက်ပါ။ AEC ကုမ္ပဏီလုပ်ငန်းစုသည် ပထဝီမြေအနေအထား၊ နောက်ဆုံးရ (Update) နယ်မြေစာရင်းများနှင့် ထိန်းသိမ်းမှု Updateများကို အသုံးပြု၍ ဒီဇိုင်းရေးဆွဲပြီး၊ ပြည်တွင်း ပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများကို လျင်မြန်စွာ မျှဝေပေးသည်။
AEC ကုမ္ပဏီလုပ်ငန်းစုများ၏ Project life cycleကို လွယ်ကူချောမွေ့စေခြင်း
AEC သည် အနာဂတ်အတွက် Smart Communitiesဖြင့် လုပ်ငန်းပိုင်ဆိုင်မှုများ တည်ဆောက်ရန် GIS နည်းပညာဖြင့် လုပ်ငန်းစတင်သည်မှ ပြီးမြောက်အောင်မြင်သည်အထိ လုပ်ဆောင်မှုအဆင့်ဆင့် ရေးဆွဲခြင်းများ၊ ပိုမိုအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ နှင့် နည်းဗျူဟာကျ လက်တွဲဆောင်ရွက်မှုများအသွင်သို့ ကူးပြောင်းလျက်ရှိပါသည်။ ဒီဇိုင်းရေးဆွဲရာတွင် ပရောဂျက်တည်နေရာကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ပတ်ဝန်းကျင်အခြေအနေများကို နားလည်သဘောပေါက်စေပြီး၊ ထပ်ခါတလဲလဲ အသုံးပြုနိုင်သော ဖြေရှင်းနည်းများကို လွယ်ကူချောမွေ့စွာ ရောက်ရှိစေပါသည်။
တိုးတက်ပြောင်မြောက်သောလုပ်ငန်းစဉ်များ
လုပ်ငန်းခွင်ဧရိယာနှင့် ရုံးလုပ်ငန်းအကြား ဆက်သွယ်ချိတ်ဆက်စေခြင်းဖြင့် ArcGIS နည်းပညာသည် ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ လုပ်ငန်းစတင်သည်မှ ပြီးမြောက်အောင်မြင်သည်အထိ လုပ်ဆောင်ပုံအဆင့်ဆင့် လုပ်ငန်းစဉ်များနှင့် မြေပုံရေးဆွဲခြင်းဆိုင်ရာ အတွေ့အကြုံကောင်းများကို တိုးတက်မြင့်မားအောင် ကူညီဆောင်ရွက်ပေးပါသည်။
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း
ArcGISသည် မိမိတို့ ပရောဂျက်အဖွဲအစည်းအတွင်း၌ ပိုမိုခိုင်မြဲသော အသင်းအဖွဲ့လုပ်ဆောင်မှုကို တိုးမြင့်စေရုံသာမက မိမိတို့၏ Clientများဆီသို့ Product သတင်းအချက်အလက် ဒေတာများကိုလည်း အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်ဆက်သွယ်ပေးပါသည်။
နည်းဗျူဟာမြောက်မိတ်ဖတ်များ
နည်းဗျူဟာကျသော ပေါင်းစည်းလုပ်ဆောင်ခြင်းကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်းသည် အခွင့်အလမ်းအသစ်များရရှိရန်နှင့် ပြည့်စုံသော ဖြေရှင်းချက် အဖြေများဖြင့် ရှုပ်ထွေးများပြားလှစွာသော စိန်ခေါ်မှုများကို ဖြေရှင်းရန် များစွာအထောက်အကူပေးပါသည်။
ရှုထောင့်အမျိုးမျိုးဖြင့်ထည့်သွင်းတွက်ချက်သောပရောဂျက်များ
ဒီဇိုင်းများရေးဆွဲရာတွင် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။ အပြည့်အဝသက်ရောက်မှုရှိသော ဒီဇိုင်းပုံစံပြောင်းလဲခြင်းများအတွက် ရှုထောင့်မျိုးစုံမှ ဒီဇိုင်းရေးဆွဲပုံများကို ပြန်လည်သုံးသပ် ကြည့်ရှုခြင်းဖြစ်သည်။
ထပ်ခါတလဲလဲအသုံးပြုနိုင်သောဖြေရှင်းနည်းများနှင့်အောင်မြင်မှုများ
စကေးအလိုက် အကြိမ်များစွာ ပြန်လည်အသုံးနိုင်သော ဖြေရှင်းနည်းများကို ဖန်တီးထားခြင်းဖြစ်သည်။ မိမိစီးပွားရေးလုပ်ငန်းအတွက် နှစ်စဉ်အသစ်သစ်သော လုပ်ငန်းစဉ်လမ်းကြောင်းများကို ကြိုတင်ပုံစံချ လျာထားပေးသည်။