မည်သည့် App Builderအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်သလဲ...?
သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့ကျသော သတင်းအချက်အလက် တင်ပြချက်များ၊ ပြဿနာရပ်များအတွက် အဖြေများ၊ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ပူးပေါင်းတင်ဆက်ရန်အတွက် ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် ဒေတာများကို ထဲထဲဝင်ဝင်အသုံးပြုမှုသည် အစဉ်တိုးပွားများပြားလာလျက်ရှိသည်။ ဒေတာများကို အကောင်းဆုံး တင်ဆက်ပြသနိုင်ခြင်းသည် မိမိ တင်ဆက်ပြသလိုသူများထံသို့ အောင်မြင် ထိရောက်သော တင်ဆက်မှုများကို ဖြစ်ပေါ်စေသည်။
ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းများသည် အရှိန်ဟုန်ဖြင့် သိသိသာသာ မြင့်တက်လာခြင်းကြောင့် အဖွဲ့အစည်းများသည် သတင်းအချက်အလက်များကို ပိုမို အကျိုးရှိထိရောက်စွာ လေ့လာဆန်းစစ်ပြီး မျှဝေမှုများ ပြုလုပ်ရန် ရည်ရွယ်လာကြသည်။ ထိုအနေအထားသို့ ရောက်ရှိရန် အကျိုးရှိသော နည်းဗျူဟာများထဲမှ တစ်ခုသည် ကုဒ်ရေးသွင်းရန် မလိုဘဲ (no code) (သို့မဟုတ်) ကုဒ်အနည်းငယ်သာ ရေးရသည့် (low code) app buildersများကို ရွေးချယ်အသုံးပြုခြင်း ဖြစ်သည်။ ဒေတာနှင့် မြေပုံများကို ဖော်ညွှန်းပြသရန် app builderဖြင့် web applicationများကို လွယ်ကူစွာ ဖန်တီး၍ အပြန်အလှန် အကျိုးသက်ရောက်မှုရှိသော နည်းလမ်းဖြင့် မိမိ၏ တင်ဆက်ပြသမှုများကို ဆွဲဆောင်မှုရှိစေသည်။
Esri၏ App Builder အမျိုးအစားများ

သင် မြေပုံတစ်ခုကို ဖန်တီးနိုင်လျှင် appတစ်ခုကိုပါ ဖန်တီးနိုင်သည်! ရိုးရှင်းလွယ်ကူပါသည်။ app buildersအားလုံးတွင် ပါဝင်သည့် တူညီသော လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- စိတ်ကြိုက်ဖန်တီးပုံဖော်ခြင်း— app builderမျက်နှာစာများသည် အသုံးပြုရလွယ်ကူစေပြီး အသုံးပြုသူအားလုံးအတွက် အဆင်ပြေစေရန် ဒီဇိုင်ရေးဆွဲထားသည်။ မိမိစိတ်ကြိုက်ပုံစံ applicationများကို ရိုးရှင်းစွာ ဖန်တီးနိုင်မည့် drag-and-dropပုံစံများ၊ ကြိုတင်ပြင်ဆင်ထားသော အစိတ်အပိုင်းများ (သို့မဟုတ်) templateများကဲ့သို့သော toolအမျိုးမျိုးကို ပံ့ပိုးပေးထားသည်။ ကုဒ်ရေးသားခြင်းကို အထူး အလေးပေး သတိပြုရန်မလိုဘဲ web appများကို လွယ်ကူစွာ တည်ဆောက်နိုင်သည်။
- အမျိုးအစားစုံလင်သောဒီဇိုင်ရွေးချယ်ခြင်းများ— မိမိလုပ်ဆောင်ချက်များနှင့် အမှတ်တံဆိပ် လိုအပ်ချက်များအလိုက် ပြီးပြည့်စုံသည့် ဆွဲမက်ဖွယ်ကောင်းသော appများကို ဖန်တီးနိုင်သည်။ မိမိ တင်ဆက်ပြသလိုသည့် ဆုံးဖြတ်ချက်၊ အကြောင်းအရာ အချက်အလက်တို့ကို မီးမောင်းထိုးပြပေးမည့် Applicationများအတွက် App builderများသည် များပြားလှစွာသော စတိုင်လ်ပုံစံများ၊ အရောင်အသွေးများ၊ ရုပ်ပုံ layout ရွေးချယ်စရာများကို ထောက်ပံ့ပေးသည်။
- မြေပုံနှင့်ဒေတာများပေါင်းစပ်ခြင်း— အခြားသူများသို့ မြေပုံများ၊ ဒေတာများကို အဆင်ပြေချောမွေ့စွာ မျှဝေနိုင်သည့် App builderများကို ArcGIS Online နှင့် ArcGIS Enterprise တို့တွင် ရရှိနိုင်ပါသည်။
- လိုက်လျောညီထွေမှုရှိသည့်မြင်ကွင်းပုံစံများ— မိမိတည်ဆောက်ထားသော appများကို screen size အမျိုးမျိုးပေါ်တွင် အဆင်ပြေသင့်လျော်သည့် မြင်ကွင်းပုံစံ အနေဖြင့် အလိုအလျောက် ပြုပြင်ပြောင်းလဲပေးသည်။ အချို့သော app buildersများသည်လည်း appများကို screen sizeအမျိုးမျိုးအတွက် အဆင်ပြေသည့် မြင်ကွင်းပုံစံမျိုးကို ဖန်တီးပေးသည်။
- လုံခြုံစိတ်ချရသောမျှဝေခြင်း— ArcGIS system၏ အပိုင်းတစ်ခုအနေဖြင့် app builderများသည် လုပ်ပိုင်ခွင့်များကို ထိန်းချုပ်ခြင်းနှင့် ခွင့်ပြုချက်များကို လိုက်နာကျင့်သုံးခြင်းတို့အတွက် လုံခြုံစိတ်ချရသော တည်ဆောက်မှုပုံစံကို အားကောင်းသော အကျိုးသက်ရောက်မှုအဖြစ် ပါဝင်ပေးထားသည်။ မိမိ၏ appများကို groupတစ်ခုဖြင့်၊ အများပြည်သူထံသို့၊ တစ်သီးပုဂ္ဂလပုံစံတို့ဖြင့် မျှဝေနိုင်ပါသည်။
app builderတစ်ခုချင်းစီ၏ လုပ်ဆောင်နိုင်စွမ်းတို့ကို ရှာဖွေလေ့လာပြီး မိမိ၏ appတည်ဆောက်မှုအတွက် လိုအပ်ချက်များကို အခြေခံ၍ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ရွေးချယ်မှုအတွက် လေ့လာနိုင်ပါသည်။

App Builder တစ်ခုကို ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ
မိမိအသုံးပြုမည့် app builderတစ်ခုကို ရွေးချယ်သောအခါတွင် ဖော်ပြပါ အချက် (၄)ချက်ကို ပထမဆုံးအနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည်။

၁ ရည်ရွယ်ချက် (ဒေတာ)
appတစ်ခု မတည်ဆောက်မီ မိမိ အသုံးပြုမည့် application ၏ အဓိက ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိရှိခြင်းသည် စိတ်ကူးအကြံဉာဏ်ကောင်း တစ်ခုဖြစ်သည်။ appတစ်ခု ပြည့်စုံရန်အတွက် အဓိက အရေးပါသည့် ပန်းတိုင်များကို ချမှတ်ရမည်– (ဆက်သွယ်ရန်၊ မေးခွန်းများဖြေကြားရန်၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကို တင်ပြရန်၊ အကြောင်းအရာ ဖြစ်စဉ်ကို ပြောပြရန်၊ ဒေတာအကြောင်းအရာကို မျှဝေပေးရန်၊ အများပြည်သူနဲ့ ဆက်သွယ်ရန်၊ ဒေတာများစုဆောင်းရန် စသည်တို့ ဖြစ်သည်)
ရည်ရွယ်ချက်သည် စုဆောင်းရန် (သို့မဟုတ်) ပေါင်းစပ်ရန် လိုအပ်သည့် ဒေတာအမျိုးအစားများကို သိရှိစေသည်။ တစ်နည်းအားဖြင့် မိမိ၌ ရှိထားသော ဒေတာဖြင့် စတင်စဉ်းစားသင့်ပါသည်။ ထို့နောက် မိမိအဖွဲ့အစည်းအတွင်း (သို့မဟုတ်) အများပြည်သူထံသို့ အဓိကကျသော ပင်မရည်ရွယ်ချက်များကို တင်ပြသင့်သည်– "ဘာကြောင့် အသုံးပြုသူများသည် ဒေတာများကို ချိတ်ဆက်ဆောင်ရွက်ရန် (သို့မဟုတ်) လေ့လာရန် လိုအပ်ပါသလဲ"
ယခုဖော်ပြပါ အချက်များသည် သိရှိရန် လိုအပ်သည့် မေးခွန်းအချို့ဖြစ်ပါလိမ့်မည်။
- သီးခြားရည်ရွယ်ချက် (သို့မဟုတ်) ရည်ရွယ်ချက် အမျိုးမျိုးရှိပါသလား?
- အပြန်အလှန်ချိတ်ဆက်လျက်ရှိသော appသည် ကျွန်ုပ်တို့၏ ဒေတာ အရည်အသွေးများကို မည်ကဲ့သို့ တိုးတက်စေပါသလဲ?
- workflowတစ်ခုအတွင်းရှိ အစိတ်အပိုင်း တစ်ခုလား?
- final application၏ လုပ်ဆောင်ချက်ကို မည်ကဲ့သို့ တွေ့မြင်ရမည်နည်း?
App builderများကို မိမိ၏ ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။ အချို့သောအချက်များမှာ-
- မိမိမြေပုံများကို တင်ဆက်ပြသခြင်း— app builderအားလုံးသည် မြေပုံများကို ပေါင်းစပ်နိုင်သည်။ ArcGIS Instant Apps သည် layouts နှင့် toolsအမျိုးမျိုးတို့ဖြင့် 2D၊ 3D မြေပုံများကို ပုံဖော်ပြသပေးနိုင်သည့် templatesပုံစံမျိုးကို ပေးစွမ်းသည်။ edit နှင့် swipe toolများ, time sliderများ, insets window စသည်တို့ကဲ့သို့ ဖြစ်သည်။ ArcGIS Experience Builder တွင်လည်း အသုံးပြုရလွယ်ကူပြီး 2D၊ 3D မြေပုံများကို ချိတ်ဆက်ပေးနိုင်သည့် မြေပုံအခြေပြု templateများစွာ ရှိသည်။
- ဒေတာအချင်းချင်း ချိတ်ဆက်မှုကို ထောက်ပံ့ခြင်း— ArcGIS Instant Appsတွင် မြေပုံပေါ်ရှိ ဒေတာများကို symbology, images, charts, time-enabled, ranked featuresတို့ဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးသည့် templateအမျိုးမျိုးရှိသည်။ ထို့အပြင် အသုံးပြုသူများသည် မြေပုံပေါ်တွင် တည်နေရာကို ရွေးချယ်၍ အနီးဝန်းကျင်ရှိ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်သည်။ မိမိသည် အသုံးပြုသူများအတွက် dashboardဖြင့် ဒေတာများကို ချိတ်ဆက်ဆောင်ရွက်လိုသောအခါ ArcGIS Dashboards (သို့မဟုတ်) ArcGIS Experience Builder ကို ရယူအသုံးပြုနိုင်သည်။

ArcGIS Dashboardsသည် screenမျက်နှာပြင် တစ်ခုတည်းပေါ်တွင် အလိုအလျောက်တုံ့ပြန်ဆောင်ရွက်သော ဒေတာမြင်ကွင်းများကို အသုံးပြု၍ တည်နေရာအခြေပြု လေ့လာဆန်းစစ်ချက်များကို တင်ပြခြင်းဖြင့် အသုံးပြုသူများထံသို့ သတင်းအချက်အလက်များကို ပို့ဆောင်ပေးသည်။
- အခြေအနေများကို ဆက်သွယ်ပေးခြင်း— ArcGIS Dashboards သည် အချိန်နှင့်အမျှဖြစ်ပေါ်နေသော အခြေအနေများနှင့် သတင်းအချက်အလက်များကို ချိတ်ဆက်ရန်အတွက် အဓိက ရည်ရွယ်လုပ်ဆောင်ပေးသည့် single-page appဖြစ်သည်။ အခြေအနေများကို ချိတ်ဆက်လိုသူများအတွက် သာမက scrolling screen နှင့် multiple pagesပါဝင်သော appများကို ဖန်တီး အသုံးပြုလိုသူများအတွက် အဆိုပါ dashboardများကို အခြားသော app buildersများအတွင်းသို့ ထည့်သွင်း အသုံးပြုနိုင်သည်။ ArcGIS Experience Builderတွင်လည်း စတင်အသုံးပြုနိုင်မည့်၊ မိမိစိတ်ကြိုက် customizeပြုလုပ်နိုင်မည့် dashboard templatesများ ပါဝင်ပါသည်။
- storyအကြောင်းအရာတစ်ခုကိုပြောပြခြင်း— ဒေတာအကြောင်းအရာများကို တင်ဆက်ဖော်ပြသည့်အခါ ArcGIS StoryMapsတွင် စွမ်းအင်ကြီးမားသော digital storiesများကို ဖန်တီးနိုင်ပါသည်။ မြေပုံများမှ တစ်ဆင့် appများကို ထည့်သွင်းနိုင်သည်၊ စာသားများ၊ ရုပ်ပုံများနှင့် အခြားသော မီဒီယာပုံစံများဖြင့် ဖော်ညွှန်းနိုင်သည်။ မိမိလုပ်ငန်း ဆောင်ရွက်ချက်များကို အဓိပ္ပါယ်ပြည့်စုံသည့် appတစ်ခုအဖြစ် ဖန်တီးနိုင်သည်။ stories, articles, presentations, reports, crowdsourced resources, briefings, case studies, နှင့် အခြားသော အကြောင်းအရာ ပုံစံမျိုးစုံကို ဖန်တီးနိုင်ပါသည်။

ArcGIS Experience Builderသည် maps, images, text, 2D နှင့် 3D ဒေတာကဲ့သို့သော widgetsများကို dragပုံစံ၊ နေရာချခြင်းနှင့် မိမိစိတ်ကြိုက် ဖန်တီးနိုင်စေသည်။ နေရာတစ်ခုအတွင်းရှိ အကြောင်းအရာ အချက်အလက်များကို အပြန်အလှန် ချိတ်ဆက်စေခြင်းဖြင့် အသုံးပြုသူများအတွက် 2D, 3D မြေပုံများကို ထပ်တူကျစေသည်။
- appsများနှင့် contentများကို နေရာတစ်ခုတည်းတွင် ပေါင်းစည်းခြင်း— ArcGIS Experience Builderဖြင့် ဖန်တီထားသော Appsများသည် ဘက်စုံအသုံးချနိုင်သည်။ multiple workflowsများ၊ appများ ပေါင်းစပ်ခြင်း၊ embedsလုပ်ခြင်း၊ pagesများကို ပူးပေါင်းခြင်း စသည်တို့ကို လုပ်ဆောင်လိုသောအခါ ArcGIS Experience Builderသည် မိမိရွေးချယ်မှုအတွက် အကောင်းဆုံးတစ်ခုဖြစ်သည်။ ဆက်စပ်လျက်ရှိသော ArcGIS contentအမျိုးမျိုးကို Portfolio နှင့် Category Galleryကဲ့သို့ ဖော်ထုတ်ပြသရန် ArcGIS Instant Apps templatesများကိုလည်း အသုံးပြုနိုင်ပါသည်။ maps, scenes, Esri apps, PDFs, video နှင့် image ဖိုင်များ, ထည့်သွင်းဖော်ပြထားသည့် web pages လမ်းညွှန်ချက်များကို အသုံးပြုသူများအတွက် အပိုင်း ကဏ္ဍအလိုက် ဖန်တီးနိုင်သည်၊ ပြန်လည်ပြင်ဆင်နိုင်ပါသည်။
- ဒေတာကောက်ယူခြင်း— ဒေတာကောက်ယူရန်အတွက် ArcGIS Survey123 မှ smart formများကို app buildersအားလုံးတွင် ထည့်သွင်းနိုင်ပါသည်။
မှတ်ချက်။ ။ မှန်ကန်သည့် app buildersရွေးချယ်ခြင်း အောင်မြင်မှုတစ်ခု ဖြစ်သည်။ သို့သော်လည်း မည်သည့် app buildersကိုမဆို အသုံးပြုနိုင်သည်။ ရွေးချယ်ရာတွင် အမှားမရှိပါ။
2. Audience
မိမိ ပရောဂျက်အတွက် သင့်လျော်သော app builderကို ရွေးချယ်ရာတွင် မိမိ အဓိကဦးတည်သည့် Audience ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ Audience အမျိုးအစားအလိုက် မိမိ ပရောဂျက်အတွက် သင့်လျော်မည့် app builderအမျိုးအစားကို ကူညီဆုံးဖြတ်ပေးလိမ့်မည်။ အခြား ထည့်သွင်းစဉ်းစားရမည့် အချက်များသည် audience၏ နည်းပညာကျွမ်းကျင်မှု skillများ၊ ထိုသူတို့၏ GIS၊ tools၊ interfaces တို့အပေါ် ရင်းနှီးကျွမ်းဝင်မှု၊ ထိုသူတို့၏ နည်းပညာအပေါ် လက်ခံကျင့်သုံးမှု အမြင်နှင့် မကုန်ဆုံးသော လေ့ကျင့်မှုစွမ်းရည်တို့ ဖြစ်သည်။ ကျွမ်းကျင် userတို့သည် multiple workflowsကို ထောက်ပံ့ပေးသော (သို့မဟုတ်) configurationများစွာ လုပ်ဆောင်ခွင့်ပေးသော applicationတို့၏ သဘောသဘာဝကို ပိုမိုကြိုဆို နှစ်သက်ကြသည်။
မိမိ၏ အလားအလာရှိသော audienceတို့၏ လိုအပ်ချက်ကို လုပ်ဆောင်ပေးခြင်းသည် လွန်စွာမှ အရေးကြီးသည်။ ဥပမာအားဖြင့်- audienceတို့အတွက် သက်ဆိုင်ရာ ဘာသာစကားအလိုက် သုံးစွဲနိုင်မှု (သို့မဟုတ်)ဘာသာပြန်ဆိုနိုင်မှု၊ mobile device (သို့မဟုတ်) web browser မှတစ်ဆင့် သတင်းအချက်အလက်များ ရယူနိုင်မှု၊ အခြားသော applicationsများကို အသုံးပြုရန် လိုအပ်မှု (သို့မဟုတ်) မိမိဖန်တီးထားသည့် appအတွင်း၌ပင် သတင်းအချက်အလက်များမျှဝေရန် လိုအပ်မှု အခြေအနေ စသည်တို့ဖြစ်သည်။
"accessibility"နှင့် ပတ်သက်၍ app builder accessibility compliance reportsတွင် လေ့လာနိုင်ပါသည်။
"language support and translations" နှင့်ပတ်သက်၍ "what languages are supported in ArcGIS Online" တွင် လေ့လာနိုင်ပါသည်။ လက်ရှိတွင် app builders တွင် content (သို့မဟုတ်) data translation စွမ်းရည် မရရှိသေးပါ။
ArcGIS Instant Appsသည် ၂၀၂၃ခုနှစ် အကုန်တွင် language switcher featureကို ထုတ်လွှင့်ရန် စီစဉ်လျက်ရှိသည်။ ပထမပိုင်းတွင် templates (၃)ခုဖြင့် စတင်မည်ဖြစ်သည်။
မိမိ၏ audience လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့် app builder အမျိုးအစားကို နားလည်သဘောပေါက်ရန် Design and Customization sectionရှိ matrixတွင် တွေ့မြင်နိုင်သည်။
မှတ်ချက်။ ။ ရည်ရွယ်ချက် (သို့) audiencesအမျိုးမျိုးတို့အတွက် ဖြစ်လျှင် appတစ်ခုထက်ပို၍ စဉ်းစားဖန်တီးသင့်သည်။ single appကို audience (သို့) purpose တစ်ခုအတွက်သာ အသုံးပြုရန် မှတ်ချက်ပေးပါသည်။
3. Design and Customization
မိမိ app၏ ရည်ရွယ်ချက်နှင့် audienceကို ပိုမို ရှင်းလင်းစွာ သိရှိပြီးသောအခါ မိမိ appအတွက် လိုအပ်ချက်များဖြစ်သော layout, style, နှင့် featuresများကို သတ်မှတ်ရန် ပိုမိုလွယ်ကူလာမည်။
3D data, imagery, attachments, editing, data collection တွင်သာ app builder featuresအနေဖြင့် ပါဝင်သည်။ custom colors နှင့် fonts, CSS, symbology, (သို့) custom URL/Embedding ကဲ့သို့သော အခြားသော features များအတွက်ကိုမူ မိမိ ဖန်တီးရန်ရွေးချယ်ထားသည့် appအလိုက် မိမိစိတ်ကြိုက် layoutပြုလုပ်ရမည်။
app builderတို့တွင် ပါဝင်သည့် featureစာရင်းကို matrix တွင် ကြည့်ရှုနိုင်ပါသည်။
ArcGIS Instant Apps | ArcGIS Dashboards | ArcGIS StoryMaps | ArcGIS Experience Builder | |
Supports multiple pages | Yes | No | Yes | Yes |
Supports scrolling screen | Yes | No | Yes | Yes |
Drag-and-drop UX
|
No | Yes | Yes | Yes |
Pre-built widgets | Yes | Yes | Yes | Yes |
Pre-configured templates | Yes | No | Yes | Yes |
Themes | Yes | Yes | Yes | Yes |
Developer edition | No | No | No | Yes |
Mobile responsive | Yes | Yes | Yes | Yes |
Mobile optimized (can configure for different screens) | No | Yes | Yes | Yes |
Offline Capability | No | No | Yes | No |
3D maps | Yes | No | Yes | Yes |
Data collection with Survey123 | Yes | Yes | Yes
|
Yes
|
Data editing | Yes | No | No | Yes |
URL parameters | Yes | Yes | Yes | Yes |
CSS | Yes | No | No | Yes (Developer edition required) |
Usage Analytics | Yes (Adobe and Google Analytics) | No | Yes (Adobe and Google Analytics)
|
No |
ArcGIS Instant Apps template စွမ်းဆောင်ရည် အသေးစိတ် စာရင်ကို လေ့လာရန် → the matrix.
4. App Creator (You)
မိမိ၏ လုပ်နိုင်စွမ်းနှင့် GIS နည်းပညာဗဟုသုတသည် appရွေးချယ်မှုတွင် အရေးပါသည်။ မိမိ၏ နားလည်ကျွမ်းကျင်မှုနှင့် ဒီဇိုင်းရွေးချယ်မှုများသည် မှန်ကန်သော toolရွေးချယ်မှုအတွက် ဆုံးဖြတ်ရာတွင် အထောက်အကူပြုပါလိမ့်မည်။
လက်ရှိ ဒေတာနှင့် toolတို့၏ သဘောတရားများ၊ ပရောဂျက်တစ်ခု ပြီးမြောက်ရန်ကြာချိန်၊ နည်းပညာအသစ်များကို သင်ယူလေ့လာလိုစိတ်နှင့် မိမိရွေးချယ်သည့် ပုံစံနှင့် သီးခြားအမြင် အသွင်အပြင်တို့ကို ထည့်သွင်းစဉ်းစားရပါမည်။

မြေပုံနှင့် ဒေတာများကို အသုံးပြုရန် audience များအတွက် လွယ်ကူစေမည့် ArcGIS Instant Appsသည် web appများကို လျင်မြန်စွာဖန်တီးနိုင်သည်။
မိမိစိတ်ကြိုက် ဖန်တီးပြင်ဆင်နိုင်သည့် လုပ်နိုင်စွမ်းနှင့် မိမိနှင့် ရင်နှီးကျွမ်းဝင်သည့် product များကို အခြေခံ၍ app builderကို ရွေးချယ်နိုင်ပါသည်။ အချိန် ၅မိနစ်ဝန်းကျင်ဖြင့် အလိုအလျောက် လုပ်နိုင်စွမ်းရှိသည့် web app တစ်ခုကို ဖန်တီးလိုသည့်အခါ ArcGIS Instant Apps သည် အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်ပေလိမ့်မည်။
express mode တွင် မိမိ configureပြုလုပ်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အစိတ်အပိုင်း အနည်းငယ်ကို ဖော်ပြပေးထားပြီး အကျိုးရှိသည့် လုပ်ဆောင်ချက်ကောင်းများပါဝင်သည့် appတစ်ခုကို အများပြည်သူထံသို့ ချပြစေသည်။ instant appကို ဒီဇိုင်းပြုလုပ်ရာတွင် ထပ်ပေါင်း စိတ်ကြိုက်ပုံဖော် ဖန်တီးမှုများဖြင့် setup mode ကို အပြည့်အဝကို အသုံးချနိုင်သည်။

လိုက်လျောညီထွေမှုရှိသော၊ အလွယ်တကူအသုံးပြုနိုင်သော builderကို အသုံးပြုသည်။ ArcGIS StoryMapsတွင် content (videos, photos,နှင့် အခြား)ကို အတူတကွ တွဲစပ်စေ၍ မျှဝေပေးနိုင်သည့် လှပပြီး ဆွဲဆောင်မှုရှိသော ဇာတ်လမ်းအကြောင်းအရာများအဖြစ် ပြောင်းလဲစေသည်။
ArcGIS StoryMaps သည် cover page, themes, image gallery, map tour, sidecar, နှင့် timelineကဲ့သို့သော ကိရိယာများဖြင့် ခေတ်မီ စတိုင်လ်ကျသော ဒီဇိုင်းများကို ဖန်တီးပေးသည်။ မိမိ audience ၏ အမြင်ကို လွှမ်းမိုးနိုင်မည့် လှပသော အကြောင်းအရာများကို ဖန်တီးလိုလျင် digital storytelling အတွက် ပိုမိုအားစိုက်ထုတ်ရန် လိုအပ်သည်။
ArcGIS Dashboardsကို သီးခြားသတ်မှတ်ထားသော audienceများ၊ အဖြစ်အပျတ်များနှင့် အခြေအနေ အလိုက် ဒီဇိုင်းဖန်တီးနိုင်သည်။ အမျိုးမျိုးသော တည်ဆောက်မှုပုံစံ ဒီဇိုင်းရွေးချယ်မှုများဖြင့် မိမိ၏ dashboardsများကို အကောင်းဆုံးအဆင့်ထိ ယူဆောင်နိုင်သည်။ maps, lists, charts, နှင့် gaugesတို့ ပါဝင်ထားသော ဒေတာများကို မြင်တွေ့နိုင်သည့် toolများစွာ ပါဝင်သည်။
appဖန်တီးရန် အချိန်နည်းပါသူများ (သို့မဟုတ်) မိမိလက်ရှိအသုံးပြုနေသော ArcGIS Web AppBuilder applicationကို ပြန်လည် ဖန်တီးပုံဖော်လိုသူများသည် ArcGIS Experience Builderဖြင့် မြေပုံအခြေပြုသည့် templateဖြင့် စတင်နိုင်ပါသည်။ coding ရေးသားရန် အချိန်ပေးနိုင်သူများသည် ArcGIS Experience Builder၏ developer edition ကို အသုံးချ၍ custom widgetsများကို တည်ဆောက်ပြီး မိမိ၏ applicationsများကို တိုးချဲ့လုပ်ဆောင်နိုင်သည်။
အဆိုပါ toolsများနှင့် ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ applicationတစ်ခုကို ဖန်တီးရာတွင် လိုအပ်သော အချိန်နှင့် အားစိုက်ထုတ်မှုများလည်း လျော့နည်းလာမည်ဖြစ်သည်။
app builderတစ်ခုကို အသုံးပြုရန် ရွေးချယ်ဆုံးဖြတ်ရာတွင် မှားယွင်းသော ရွေးချယ်မှုဟူ၍ မရှိပါ။ applicationတစ်ခု၏ ရည်ရွယ်ချက်၊ မိမိ၌ရှိသော ဒေတာ၊ မိမိ audience၏ လိုအပ်ချက်၊ လိုအပ်သော ဒီဇိုင်း အရည်အသွေးနှင့် စိတ်ကြိုက်ဖန်တီးနိုင်မှု၊ toolsများအပေါ် ရင်နှီးကျွမ်းဝင်မှုနှင့် မိမိကိုယ်ပိုင် စွမ်းဆောင်ရည်တို့ပေါ်တွင်သာ မူတည်ပါသည်။
အရင်းအမြစ်များ
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
