App Builders
မိမိကိုယ်ပိုင် apps များကို codingရေးသားရန် မလိုဘဲ ဖန်တီးတည်ဆောက်ခြင်း
—
မိမိ၏ မြေပုံနှင့် ဒေတာများကို ပုံဖော်ပြသနိုင်သည့် လှပပြီး ဆွဲဆောင်မှုရှိသည့် appsများမှတစ်ဆင့် ကြည့်ရှုသူများနှင့် ကောင်းသောဆက်သွယ်ချက်များကို ဖန်တီးလိုက်ပါ။
web နှင့် mobileအတွက် GIS appsများကိုတည်ဆောက်ပါ
—
ခေတ်မီသော workflowsများသည် ခေတ်မီသော appsများ လိုအပ်သည်။ ပြင်ပရှိ ကြည့်ရှုအားပေးသူများထံသို့ ရောက်ရှိရန်နှင့် အစုရှယ်ယာဝင်များအတွက် သတင်းအချက်အလက်ပါသော ဆုံးဖြတ်ချက်များအတွက် အကူအညီပေးရန် App Builders suiteဖြင့် မိမိ၏ ဒေတာများကို webနှင့် mobile appsများတွင် ပေါင်းစပ်စေသည်။ မိမိရည်ရွယ်ချက်များအတိုင်း အကောင်းဆုံးအဆင့်သို့ ရောက်ရှိရန် appsများကိုစိတ်ကြိုက် လွတ်လပ်စွာ ဖန်တီးတည်ဆောက်နိုင်သည်။ ArcGIS ကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍၊ code ရေးသားရန်မလိုဘဲ မိမိ၏ ပင်ကိုယ်စွမ်ရည်များဖြင့် appsကို တည်ဆောက်လိုက်ပါ။

ဒေတာများကိုပုံဖော်ပြသခြင်း
အကျိုးသက်ရောက်မှု အများဆုံး ပြုလုပ်ပေးနိုင်သော နည်းလမ်းဖြင့် မိမိ၏ လုပ်ငန်းဆောင်ရွက်မှုကို ဦးတည်မျှဝေသည်။

အမြင်အာရုံဆွဲဆောင်မှုနှင့်သတင်းအချက်အလက်
သတင်းအချက်အလက်ပါ ဆုံးဖြတ်ချက်များအတွက် အဖွဲ့ဝင်များကို ကူညီဆောင်ရွက်ပေးသည်။
![]()
Mobileများပေါ်တွင်တုံ့ပြန်နိုင်သည့် appsများ
ဝင်ရောက်ကြည့်ရှုသူများသည် device နှင့် screen size အမျိုးမျိုးပေါ်တွင် ကြည့်ရှုနိုင်သည်။
အချိန်ကုန်၊ ငွေကုန်သက်သာခြင်း
မိမိ၌ ရှိရင်းစွဲ နည်းပညာနှင့် ကျွမ်းကျင်မှု အရင်းအမြစ်များကို codeရေးသာရန်မလိုသော appsများပေါ်တွင် မြှုပ်နှံလိုက်ပါ။

မိမိစိတ်ကြိုက်ပြင်ဆင်ခြင်း
လုပ်ဆောင်နိုင်မှုများနှင့် ဂုဏ်သတင်း လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် appsများကို မိမိစိတ်ကြိုက် ပုံဖော်ဖန်တီးသည်။
ရည်ရွယ်ချက်အမျိုးမျိုးအတွက် သင့်လျော်အဆင်ပြေမည့် appsများကို တည်ဆောက်ခြင်း
—
မြေပုံအသားပေး apps များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် storiesများ၊ mobile appsပုံစံ အသုံးချမှုများ၊ စွမ်းရည်ပြည့်ဝသော GIS web apps တည်ဆောက်မှုများအတွက် app builderရှိနှင့်ပြီးဖြစ်သည်။ ကုဒ်ရေးသားရန်မလိုသော အဆိုပါ App Builders များကို Software as a service (SaaS) (သို့မဟုတ်) on-premisesအဖြစ် အသုံးချနိုင်သည်။
မြေပုံများကိုမျှဝေခြင်း
—
ကြည့်ရှုသူများကို အများနှင့်မတူဘဲ တမူထူးခြားသည့် လက်တွေ့ဆန်သော မြေပုံများကို ပြသရန်အတွက် မိနစ်အနည်းငယ်အတွင်း မြေပုံများကို appsများအဖြစ် အသွင်ကူးပြောင်းနိုင်သည်။ ArcGIS Onlineအတွင်း၌ပင်လျှင် မြေပုံကို ရိုးရှင်းစွာဖန်တီးနိုင်သည်၊ templateတစ်ခု ရွေးချယ်နိုင်သည်၊ မိမိစိတ်ကြိုက် ပုံဖော်နိုင်သည်၊ ထို့နောက် မိမိ၏ web appအဖြစ် မျှဝေနိုင်သည်။
dashboardsပေါ်တွင်ဒေတာများကိုပုံဖော်ပြသခြင်း
—
တည်နေရာ အခြေခံသော လေ့လာဆန်းစစ်မှုများနှင့် နားလည်သဘောပေါက်လွယ်သည့် ဒေတာမြင်နိုင်စွမ်းကို dashboardပေါ်တွင် တွေ့မြင်နိုင်သည်။ ဒေတာအချက်အလက်များပါဝင်သော ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ အလားအလာရှိသော အခြေအနေကို အကဲခတ်နိုင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်နေသော အခြေအနေများကို စောင့်ကြည့်ခြင်းနှင့် အသိုင်းအဝန်းများနှင့် ချိတ်ဆက်ပေးသည်။ မြေပုံများ၊ စာရင်းများ၊ charts များနှင့် gaugesများ ပါဝင်သော အကောင်းဆုံး ဖွဲ့စည်းထားသည့် toolsအစုကို အသုံးပြု၍ ကြည့်ရှုသူများထံသို့ သတင်းအချက်အလက်များ ပို့ဆောင်ပေးသည်။
လှပပြီးဆွဲဆောင်မှုရှိသောstoriesများအဖြစ်ဖန်တီးခြင်း
—
GIS လုပ်ဆောင်ချက်များကို သတင်းအချက်အလက်များပါဝင်ပြီး ဆွဲဆောင်မှုရှိသော storiesများအဖြစ် အသွင်ကူးပြောင်းပေးသည်။ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများ၊ ရွေးချယ်ဖော်ပြချက်များ၏ သက်ရောက်လွှမ်းမိုးမှုများနှင့် awarenessများဖန်တီးရန်အတွက် မိမိ၏ စိတ်ကူး အကြံဉာဏ်ပေါ် အခြေတည်၍ အကောင်းဆုံး နေရာများကို ရွေးချယ် တင်ပြနိုင်ပြီး၊ spatial relationshipsချိတ်ဆက်မှုများကို ပုံဖော် တင်ဆက်နိုင်သောကြောင့် မြေပုံများသည် storytelling၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာကြသည်။ ဖြန့်ဝေ၊ မျှဝေခြင်းအတွက် လွယ်ကူသော ဆက်စပ်အကြောင်းအရာများကို ဖန်တီးရန် မြေပုံများနှင့် web scenesများပေါ်တွင် စာသားများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ချိတ်ဆက်ပေးသည်။
cross-platform mobile appsများဖန်တီးခြင်း
—
cross-platform mobile apps မှတစ်ဆင့် geoလုပ်နိုင်စွမ်းကို တည်ဆောက်၊ အသုံးချခြင်းဖြစ်သည်။ smartphones (iOS နှင့် Android), tablets, laptops, နှင့် desktopsများစသည့် deviceများပေါ်တွင် အလုပ်လုပ်ပေးသည့် (offline၌ပင် အလုပ်လုပ်နိုင်သည့်) appတစ်ခုကို ဖန်တီးပေးသည်။ မိမိ၏ mobile apps များကို enterprise (သို့မဟုတ်) app storesများပေါ်တွင် တည်ဆောက်နိုင်သည်။ ပုံမှန်ပုံစံများထဲမှ ခွဲထွက်ထားသော templates များသည် appတည်ဆောက်မှုကို လွယ်ကူ လျင်မြန်စွာ လုပ်ဆောင်ပေးသည်။
ခေတ်မီသောweb experiencesများကိုဖြန့်ကျက်အသုံးပြုခြင်း
—
screen sizeအမျိုးမျိုးအတွက် အဆင်ပြေသည့် web experiencesမှ တစ်ဆင့် ဒေတာနှင့် မြေပုံ တန်ဖိုးများကို မြှင့်တင်နိုင်သည်။ လွယ်ကူစွာ စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ မိမိကိုယ်တိုင် ပုံဖော်နိုင်ရုံမက၊ templatesများစွာထဲမှ ရွေးချယ်၍လည်း စတင်နိုင်သည်။အဆင့်မြင့်သော လုပ်ဆောင်ချက်များ ပါဝင်သည့် widgetsများကို ထည့်သွင်းနိုင်သည်။ ရည်ရွယ်ချက် အမျိုးမျိုးရှိသော web apps များ တည်ဆောက်ရန် သင်လျော် ကိုက်ညီမည့် layout အမျိုးမျိုးဖြင့် ဖန်တီးနိုင်သည်။ မိမိစိတ်ကူး အကြံဉာဏ်များအတိုင်း ဖန်တီးတည်ဆောက်နိုင်သည်။
ဖန်တီးထားသော apps များကိုထပ်မံအသုံးပြုခြင်း
—
ဖန်တီးရ လွယ်ကူပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် websitesများတွင် apps နှင့် contentများကို ပေါင်းစပ်ရန် ArcGIS Hubကို အသုံးပြုသည်။ လုပ်ငန်းနှင့် ပတ်သက်သော ရှာဖွေဖော်ထုတ်မှုများကို တိုးတက်စေရန် မိမိဖန်တီးထားသည့် domains နှင့် brandingကို အသုံးချသည်။ ArcGIS Hub Premiumတွင် ပါဝင်သည့် ထပ်ဖြည့် featuresများဖြင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အသိုင်းအဝန်းကြား ချိတ်ဆက်မှုများကို ထောက်ပံ့ပေးသည်။ArcGIS Hub အကြောင်းလေ့လာရန်→
ဖော်ပြပါ user typesအမျိုးအစားများတွင် App Buildersပါဝင်သည်။
GIS Professional
professional desktop GIS applicationတွင် ArcGIS Proကို အသုံးပြု၍ ပိုမိုကောင်းမွန်သော မြေပုံရေးဆွဲခြင်းကို ဖန်တီးနိုင်ပြီး၊ ပုံဖော်ပြသခြင်းနှင့် ဝေဖန်ဆန်းစစ်လေ့လာခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။
Creator
အသင့်အသုံးပြုနိုင်သော appsအမျိုးမျိုးတွင် မြေပုံများကို ဖန်တီးနိုင်သည်၊ spatial analysesများ လုပ်ဆောင်နိုင်သည်၊ ပူးပေါင်းဆောင်ရွက်သူများထံသို့လည်း ရလာဒ်များ မျှဝေနိုင်သည်။
Contact Us
Hot Line:
+95 9 886366874
Social Media:
https://www.facebook.com/EsriMM
YouTube: EsriMyanmar
