မြေယာစီမံခန့်ခွဲရေးနှင့် မြေစာရင်း
—
GIS—အကျိုးရှိသော မြေယာစီမံခန့်ခွဲရေးနှင့် မြေစာရင်းများအတွက် မရှိမဖြစ် အရေးပါသော အခြေခံလိုအပ်ချက်ဖြစ်သည်။
ခေတ်မီသော၊ စိတ်တိုင်းကျ ဆောင်ရွက်နိုင်သော၊ လုံခြုံသော၊ စကေးကျသော ဖြေရှင်းနည်းတစ်ခု
—
မြေသည် လူမှု စီးပွား ကောင်းစွာဖြစ်ထွန်းနိုင်ရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည်။ လူမှုဘဝတည်ငြိမ်ရေး၊ စီးပွားရေးဖွံဖြိုးတိုးတက်ရေး၊နှင့် မှန်ကန်သော အခွန်ပေးဆောင်ရေးတို့ကို ဖော်ဆောင်ရန်အတွက် မြေကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်ရန်နှင့် စီမံခန့်ခွဲရန်သည် မရှိမဖြစ်လိုအပ်သည်။ GISသည် မြေယာဆိုင်ရာ ပိုင်ဆိုင်မှု၊ တန်ဖိုး၊ စီမံခန့်ခွဲမှုနှင့် အသုံးချခြင်းတို့ ပါဝင်သော မြေယာသတင်းအချက်အလက်နှင့် မြေစာရင်းများကို စီမံခန့်ခွဲရာတွင် အထောက်အကူပြုပါသည်။ GISအခြေခံသော အလုံးစုံ မြေယာစီမံခန့်ခွဲမှု စနစ်ရှိ မြေယာဆိုင်ရာ သတင်းအချက်အလက်နှင့်အတူ အစိုးရသည် မြေယာအချက်အလက် စီမံခန့်ခွဲရေး၊ ပိုင်ဆိုင်မှု တန်ဖိုးနှင့် လေ့လာဆန်းစစ်မှုများ၊ နှင့် ပြည်သူလူထုနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို တိုးမြင့်ဆောင်ရွက်နိုင်ပါသည်။
Platform တစ်ခုတည်းပေါ်တွင်အရေးကြီးသောစနစ်များကိုပို့ဆောင်ခြင်း
—
မြေယာစီမံခန့်ခွဲရေးတွင် အောက်ပါ စနစ် ၃မျိုးသည် အလွန်အရေးပါပြီး လိုအပ်သည်။ မှတ်တမ်းမှတ်ရာစနစ် (မြေကွက်)၊ အသေးစိတ်လေ့လာဆန်းစစ်သည့်စနစ် (တန်ဖိုးများကိုခန့်မှန်းခြင်း) နှင့် စေ့စပ်ညှိနှိုင်းသည့်စနစ် (အဖွဲ့အစည်းနှင့် ပြည်သူအကြား ဆက်သွယ်မှု) တို့ဖြစ်ကြသည်။ GIS သည် အဆိုပါ စနစ် ၃မျိူးလုံးကို Platform တစ်ခုတည်းပေါ်တွင် ကောင်းစွာ လုပ်ဆောင်စေပါသည်။ Platform တစ်ခုတည်းပေါ်တွင် စနစ်အားလုံးပါဝင်စေခြင်းဖြင့် အစိုးရသည် ပိုင်ဆိုင်မှုတန်ဖိုးကို တိတိကျကျ ဖော်ပြပေးနိုင်သည့်အပြင်၊ အသုံးပြုသူ အစိုးရနှင့် အများပြည်သူတို့အတွက် တရားဝင်မြေပိုင်ဆိုင်မှု မှတ်တမ်းများ၊ ဒေတာများကိုလည်း ပေးဆောင်နိုင်ပါသည်။
မြေယာစီမံခန့်ခွဲရေးနှင့်မြေစာရင်းများအတွက်မဟာဗျူဟာများ
Equitable property value
—
Cloudအခြေခံသော software-as-a-service (SaaS) solutionသည် လူသားအကျိုးပြု နည်းပညာကို အကဲဖြတ်သူများထံသို့ ပေးပို့ပေးပါသည်။ Equitable property value solutionတွင် ပိုင်ဆိုင်မှုဒေတာများကို စုစည်းရန်၊ လုပ်ဆောင်မှုအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် နှင့် ရလာဒ်များကို မိမိ အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်သူများထံသို့ ရောက်ရှိစေရန် ထည့်သွင်းထားပါသည်။ ထိုလုပ်ဆောင်မှုအားလုံးသည် တစ်ခုတည်း၏ လုပ်ဆောင်ချက်ဖြစ်သည်။
အခွန်ထမ်းများကိုအကြောင်းကြားခြင်း
ရည်ရွယ်ထားသောအချက်အလက်ဒေတာများကိုပေးပို့ခြင်း
ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
ရိုးရှင်းသောပန်ကြားချက်များ
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM