ArcGIS Mission

arcgis-mission-banner-fg

ArcGIS Mission သည် Mission တွေကို နည်းဗျူဟာမြောက်ဖြေရှင်းနိုင်ဖို့အတွက် သတင်းအချက်အလက် သိမြင်မှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်တဲ့ platform တစ်ခုဖြစ်ပါတယ်။

ArcGIS Mission သည် စစ်ဆင်ရေးနယ်မြေတွင် မိမိ၏အဖွဲ့ဝင်များအား ပတ်ဝန်းကျင်ဆိုင်ရာနည်းဗျူဟာ အခြေအနေများအားအသိပေးခြင်းနှင့်စစ်ဆင်ရေးချောမွေ့စေရန်အတွက် အဖွဲ့ဝင်များအားလုံး အသုံးပြုနိုင် သော command and control software တစ်ခုဖြစ်ပါသည်။ မိမိ၏ စစ်ဆင်ရေးနယ်မြေ (AOI) ကိုသတ်မှတ် ခြင်း၊ နည်းဗျူဟာမြောက်မြေပုံများထုတ်လုပ်ခြင်းနှင့် မိမိ၏အဖွဲ့ဝင်များသို့ သတင်းအချက်အလက်များမျှဝေ ခြင်းများပြုလုပ်နိုင်ပါသည်။အခြေအနေပြောင်းလဲမှုပေါ်မူတည်ပြီး နယ်မြေများမှအချိန်နှင့်တပြေးညီသတင်းရ ယူခြင်း၊ အပြောင်းအလဲပြုလုပ်ခြင်းနှင့် မိမိအဖွဲ့ဝင်များကို လျှင်မြန်စွာပြောင်းလဲဖွဲ့စည်းခြင်းများလုပ်ဆောင် နိုင်ပါသည်။ ဆက်သွယ်မှုပြတ်တောက်ခြင်း၊ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း (သို့) bandwidth ကန့်သတ်ချက်ရှိသောပတ်ဝန်းကျင်၌ စစ်ဆင်ရေးနယ်မြေနှင့်ကွပ်ကဲရေးစင်တာကြား peer-to-peer (P2P) ဆက်သွယ်အမိန့်ပေးခြင်းနှင့်ကွပ်ကဲခြင်းများထူထောင်နိုင်ပါသည်။ စစ်ဆင်ရေးအချက်အလက်၏သော့ချက် များဖြစ်သော မက်ဆေ့ချ်များ၊ ဓာတ်ပုံများနှင့် တည်နေရာလမ်းကြောင်းများကို စစ်ဆင်ရေးပြီးနောက် ပြန်လည်သုံးသပ်မှုပြုလုပ်နိုင်ရန် မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ပါသည်။ ArcGIS Mission သည် အဖွဲ့များကို သူတို့၏စစ်ဆင်ရေးလုပ်ငန်းများကို ပိုမိုနားလည်စေရန်၊ အချိန်နှင့်တပြေးညီ အသိပေးဆုံးဖြတ်ချက်များချရန် နှင့် ပြီးပြည့်စုံသောမစ်ရှင်များမှ နားလည်မှုအသစ်များကို ရရှိစေရန် ကူညီပေးပါသည်။

ArcGIS Mission ၏ အကျိုးကျေးဇူးများ

One mission, one common operating picture for team awareness

arcgis-mission-lcs-benefits-fg

ပူးပေါင်းထိန်းချုပ်ဆောင်ရွက်ခြင်း

သတင်းအချက်အလက်မျှဝေခြင်း၊ နည်းဗျူဟာအရင်းအမြစ်များကို သတ်မှတ် (assign) ခြင်း၊ အဖွဲ့ ၀ င်များနှင့်ဆက်သွယ်ပြောဆိုခြင်းနှင့် အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခြင်း၊ အစီအစဉ်များ ကြိုတင်ချထားနိုင်ရန် solution တစ်ခုအဖြစ် အသုံးပြုလိုက်ပါ။

အဖွဲ့ဝင်များနှင့် သတိထားရမည့်နည်းဗျူဟာများ

၀န်ထမ်းများ မည်သည့်နေရာတွင် ရှိနေသည်ကို ကြည့်ပါ။ အချိန်နှင့်တပြေးညီ ဖြစ်ပေါ်နေသည့် ဖြစ်ရပ် (event) များနှင့် လှုပ်ရှားမှု (activity)များအပေါ် အခြေခံ၍ အဖွဲ့ ၀င်များအကြားလှုပ်ရှားမှုများကိုညှိနှိုင်းဆောင်ရွက်ပါ။

တစ်ဦးချင်းလက်ဆင့်ကမ်း (P2P) ဆက်သွယ်ခြင်း

Persistent communication သည် ဆက်သွယ်မှုပြတ်တောက်နေသော ပတ်ဝန်းကျင်များတွင် အဖွဲ့များအား ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တည်နေရာ၊ လမ်းကြောင်းများနှင့် မက်ဆေ့ခ်ျများကို ဝေမျှနိုင်သည်။

နားလည်မှုများတိုးတက်စေခြင်း

အဖြစ်အပျက်(accident)များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဖြင့် သင်၏အဖွဲ့နှင့် ယုံကြည်မှုတည်ဆောက်ရန် မစ်ရှင်အချက်အလက်များကိုအသုံးပြုပါ။

အလုပ်လုပ်ပုံများ

arcgis-mission-how-it-works

အစီအစဉ်များရေးဆွဲခြင်း (Plan)

စစ်ဆင်ရေး ရေးဆွဲခြင်း (Create the mission) ၊ တည်နေရာသတ်မှတ်ခြင်း (designate Location) ၊ အဖွဲ့များကိုတာဝန်ပေးခြင်း (assign teams) ၊ အရေးကြီးသောသတင်းအချက်အလက်မျှဝေခြင်း များ ဆောင်ရွက်လိုက်ပါ။

လုပ်ဆောင်ခြင်း (Execute)

ခြေရာခံ စောင့်ကြည့်လေ့လာရန်  စစ်ဆင်ရေး သတင်းအချက်အလက်များ ရယူပြီး တစ်ဦးချင်းလက်ဆင့်ကမ်း (peer-to-peer (P2P) ဆက်သွယ်ခြင်း နှင့် တည်နေရာ မျှဝေခြင်း များမှ တဆင့် ပူးပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သည်။

 

Review ပြန်လည်သုံးသပ်ခြင်း

စစ်ဆင်ရေး (mission) အား ယာယီ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ပါ။ အနာဂတ်မစ်ရှင်များ စီမံကိန်းရေးဆွဲရာတွင် တိုးတက်စေရန်အတွက် ပုံစံ (pattern) များကို နားလည်ရန် နှင့် အကဲဖြတ်ရန် ၊ စွမ်းဆောင်ရည်မြှင့်တင်ရန် မစ်ရှင်လှုပ်ရှားမှုအပေါ် ယာယီခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ပါ။

 

ArcGIS Mission Manager

ArcGIS Mission Manager သည် အွန်လိုင်းအက်ပ် (web app) တစ်ခုဖြစ်ပြီး စစ်ဆင်ရေးမန်နေဂျာသည် နည်းဗျူဟာအဖွဲ့၏အရင်းအမြစ်၊ မြေပုံများသတ်မှတ်ခြင်း၊ စာရွက်စာတမ်းများ မျှဝေခြင်းနှင့် အဖွဲ့ ၀င်လှုပ်ရှားမှုများကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်သည်။

ArcGIS Mission Responder

ArcGIS_Mission_Responder သည် mobile app တစ်ခုဖြစ်ပြီး ကွင်းဆင်းအသုံပြုသူများ (field user) များ အနေဖြင့် စစ်ဆင်ရေး (mission) ကို ရယူနိုင်မှာ ဖြစ်သည်။ အသုံးပြုသူများသည် တည်နေရာ ချိတ်ဆက်မျှဝေနိုင်ပြီး စာပို့ (chat)ခြင်း ၊ အမှတ်တည်နေရာ (point of interest) ၊ ဓာတ်ပုံ (photo) စသည်တို့ဖြင့် ဆက်သွယ်နိုင်သည်။

ArcGIS Mission Server

Arcgis_Mission_Server တွင် Arcgis Mission Manager အသုံးပြုသူများနှင့် Arcgis Mission responder အသုံးပြုသူများ ကြားတွင် ဆက်သွယ်ရေးအဆင်ပြေအောင် ကူညီဆောင်ရွက်ဖြေရှင်းပေးပါသည်။ Arcgis Mission server သည် Arcgis Enterprise Server role တစ်ခုဖြစ်ပြီး Arcgis Mission တွင်ပါဝင် ချိတ်ဆက် ပေးသော component တစ်ခုလည်းဖြစ်ပါတယ်။ Arcgis mission တွင် Mission Manager Mission responder ကြား peer to peer conversation များဖြင့် အပြန်အလှန်ချိတ်ဆက်ပြီး နားလည်မှုရှိရှိဖြင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။

One solution, multiple insights

ArcGIS Mission သည် အပြည့်အဝထိန်းချုပ်ရေးဆော့ (ဖ်) ဝဲ (software) တစ်ခုဖြစ်ပြီး ArcGIS ပါ၀င်သော အစိတ်အပိုင်း (၃)ခုဖြင့် ဖွဲ့စည်းထားသည့် နည်းဗျူဟာအဖွဲ့၏ အခြေအနေဆိုင်ရာ အသိပေးချက်များပါဝင်သော solution တစ်ခုဖြစ်သည်။

ArcGIS မှ အကျိုးကျေးဇူးများ ရယူလိုက်ပါ

ArcGIS မစ်ရှင်သည်သင်၏လက်ရှိ ArcGIS ၏စွမ်းရည်များကို တိုးချဲ့စဉ် သင်၏အဖွဲ့အစည်း၏ အရေးကြီးသော မစ်ရှင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

ArcGISအကြောင်းပိုမိုလေ့လာရန်

arcgis-mission-os-fg