စီးပွားရေးအခွင့်အလမ်းများ

———

Esri Partnerများအတွက်ဈေးကွက်အသစ်များဆီသို့

sub-banner (1)

အောင်မြင်မှုများဆီသို့အတူတကွချီတက်ကြပါစို့

——

Esriသည် မြေပုံရေးဆွဲခြင်းနှင့် Spatial analyticsအပိုင်းတွင်လည်းကောင်း၊ GIS နည်းပညာဆော့ဖ်ဝဲလ်တွင်ဦးဆောင်လျက်ရှိပီး၊ တည်နေရာပြဒေတာများဖြင့် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များဖြေရှင်းရာတွင်လည်းကောင်း နည်းပညာဆိုင်ရာနှင့် ဈေးကွက်ဦးဆောင်သူအဖြစ် အခိုင်အမာရပ်တည်လျက်ရှိပြီးဖြစ်သည်။

GIS, မြေပုံရေးဆွဲခြင်းနှင့် တည်နေရာပြ ဒေတာအချက်အလက်ကဲ့သို့သော ဈေးကွက်များတွင် Esriပါတနာများအတွက် အခွင့်အလမ်းပေါင်း မြောက်များစွာကို ဖွင့်လှစ်ပေးထားပါသည်။  Esriပါတနာများအတွက် အဆက်မပြတ် တိုးတက်နေသော နည်းပညာကောက်ကြောင်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေစေရန်၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များနှင့် ကမ္ဘာ့ဈေးကွက်များအတွင်း အသေးစိတ်ကျကျ ဦးဆောင်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။

esri-busopp-intro (1)

သင့်ဈေးကွက်ဝေစုကိုတိုးချဲ့ခြင်း

———

esri-busopp-customers

သန်းပေါင်းများစွာသောEsri customerများဆီသို့အရောက်လျောက်လှမ်းလိုက်ပါ

Esri customerများဟု ဆိုရာတွင် GISနည်းပညာများ၊ မြေပုံရေးဆွဲခြင်းများနှင့် Location intelligenceအပိုင်းများပေါ်တွင် အလုပ်လုပ်ကိုင်လျက်ရှိကြသော စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ ပါဝင်ပါသည်။ Esri customerများအတွက် Appsများ၊ လုပ်ငန်းသဘောသဘာဝအလိုက် လုပ်ဆောင်ရမည့် အကြောင်းအရာများနှင့် Customerများလိုအပ်လျက်ရှိသော ဖြေရှင်းရန်နည်းလမ်းများကို ထောက်ပံ့ရန် Esriဈေးကွက်သည် အမြဲတည်ရှိလျက်ရှိသည်။

လုပ်ငန်းနယ်ပယ်အသီးသီးနှင့် ချိတ်ဆက်လျက်ရှိခြင်း

၁၉၆၉ခုနှစ်မှစတင်၍ Esriသည် အစိုးရဌာနအဖွဲ့အစည်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများ၊ အခြေခံလိုအပ်ချက်ထောက်ပံ့ရေးလုပ်ငန်းများ၊ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းကဲ့သို့သော နယ်ပယ်များတွင် ခိုင်မာသော ဆက်ဆံရေးရှိသည်။ Esriနှင့် ပူးပေါင်း၍ လုပ်ငန်းနယ်ပယ်အသီးသီးအတွက် သင့်ရဲ့ ဖြေရှင်းရန်၊ အကြံပေးရန် နည်းလမ်းများကို အသုံးချရန် သို့မဟုတ်/နှင့် Esriအဖွဲ့မှ နယ်ပယ်အသီးသီးအတွက် နည်းပညာရပ်များကို တာဝန်ယူလျက် သင်၏ စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် စတင်ရောင်းချရန် အခွင့်အရေးများအတွက် ပါတနာတစ်ဦးအဖြစ် ဝင်ရောက်ရန် ကြိုဆိုလျက်ရှိပါသည်။

esri-busopp-industries
esri-busopp-audience

ကမ္ဘာလုံးဆိုင်ရာအသုံးပြုသူအခိုင်အမာရရှိထားခြင်း

Esriသည် နိုင်ငံပေါင်း ၇၃နိုင်ငံတွင် ရုံးခွဲပေါင်း ၄၉ခုနှင့် ဝန်ထမ်းများစွာဖြင့် ဖွဲ့စည်းထားသော Global Companyတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ Esri distributor များသည် ဒေသဆိုင်ရာအတွေ့အကြုံများနှင့် နိုင်ငံတွင်းလိုအပ်ချက်များကို ကျွမ်းကျင်စွာသိရှိသည့်အပြင် ဒေသဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း သိရှိသူများဖြစ်ကြပါသည်။

ထွက်ပေါ်လျက်ရှိသော နည်းပညာသစ်များပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း

ဒီဂျစ်တယ်နည်းပညာတီထွင်ဆန်းသစ်မှုရှေ့တန်း၌ Esriသည် နှစ်စဉ်ဝင်ငွေ၏ ၃၀ရာခိုင်နှုန်းကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် Location Intelligence, digital transformation, Internet of Things, artificial intelligence, machine learning တို့ကဲ့သို့သော လမ်းကြောင်းသစ်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ၎င်းနည်းပညာသစ်များ၏ ကမ်းလှမ်းချက်များ၊ လိုအင်များကို လက်ခံ၍၊ စီးပွားရေးဈေးကွက်များကို တိုးတက်အောင်လုပ်ဆောင်နိုင်သည်။

esri-busopp-technologies
esri-busopp-quote

Esri’s vision for location intelligence is to help organizations understand why things happen and when they happen, with the goal of gaining business advantage through better understanding.

——

The Forrester Wave
Location Intelligence Platforms

ကျွန်ုပ်တို့၏ပါတနာများအတွက်

သင်၏ နည်းပညာဆိုင်ရာအမြင်များ ချဲ့ထွင်အသုံးချရန်၊ ရောင်းအားနှုန်းတိုးပွားအောင်စွမ်းဆောင်ရန်နှင့် ပထဝီဝင်အခြေအနေနှင့် GISနည်းပညာများနှင့်အတူ သင်၏ Clientများအတွက် အံဩဖွယ်ကောင်းသော လုပ်ငန်းအခြေအနေများအဖြစ် စွမ်းဆောင်နိုင်ပါသည်။

ပါတနာတစ်ဦးအဖြစ်ရပ်တည်ရန်→

ဈေးကွက်ခြေလှမ်းများ

Customerများအတွက် ကိုက်ညီသော အဖြေနည်းလမ်းများကို ထောက်ပံ့ရန် Esriနှင့် လက်တွဲလုပ်ဆောင်နိုင်ပါသည်။ ဈေးကွက်လမ်းကြောင်းများကို သင့်အတွက် မှန်ကန်စွာ ရှာဖွေဖော်ထုတ်ပေးပါမည်။

Esriနှင့်အတူဈေးကွက်လေ့လာရန်→