အားအထားရဆုံးသောဝယ်ယူသူများကိုရှာဖွေပါ။

ဝယ်ယူသုံးစွဲသူဈေးကွက်အလိုက် ထိတွေ့သိရှိစေခြင်းဖြင့် အားသာချက်များကိုရယူလိုက်ပါ။

customerဒေတာများကိုအစီအစဉ်ဇယားအတိုင်းထားရှိခြင်း

စီးပွားရေးလုပ်ငန်းများရှိ သုံးစွဲသူဆိုင်ရာ ဒေတာများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိပြီး ထိုဒေတာအားလုံးကို မှတ်မိသိရှိရန် လွန်စွာပင်ခက်ခဲသည်။ တိကျသေချာသော တည်နေရာအခြေပြု ဒေတာများသည် ဈေးဝယ်သူများ၏ ကုန်ပစ္စည်းဝယ်ယူသည့် နေရာ၊ ပစ္စည်းအမျိုးအစားနှင့် ဝယ်ယူရခြင်း၏ ရည်ရွယ်ချက်များကို ဖော်ပြပေးပါသည်။ စီးပွားရေးလုပ်ငန်းဦးဆောင်သူများနှင့် ဈေးကွက်ရှာဖွေသူများသည် ဈေးကွက်နှင့်ကိုက်ညီမှုရှိသော သုံးစွဲသူများကိုရှာဖွေရန်၊ အဓိကကျသော ဈေးကွက်များသတ်မှတ်ရန်၊ နည်းဗျူဟာကျကျ ဈေးကွက်ထိုးဖောက်နိုင်ရန်နှင့် ထုတ်ကုန်ပစ္စည်းများစွာအတွက် စီစဉ်ရေးဆွဲချမှတ်ရန်အတွက် ရွေးချယ်ရန်နည်းလမ်းများ (သို့မဟုတ်) လုပ်ငန်းလည်ပတ်မှုအခြေအနေခန့်မှန်းချက်များကို ထိတွေ့စေနိုင်ပါသည်။

တစ်မူထူးခြားသောလုပ်ငန်းပိုင်းရလဒ်များကိုတွေ့မြင်နိုင်ခြင်း

တိကျသောဈေးကွက်ဆန်းစစ်လေ့လာမှုများနှင့် နည်းဗျူဟာကျ စီးပွားရေးလုပ်ငန်းဆုံးဖြတ်ချက်များအတွက် customer dataများဖော်ထုတ်ရန် Locationသည် အဓိကသော့ချက်ဖြစ်သည်။

  • ဈေးကွက်အသစ်များဝင်ရောက်လာသောအခါ ရှုပ်ထွေးမှုများကို လျော့ကျစေ၍ ဈေးကွက်အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို တိုးမြင့်စေခြင်း
  • သုံးစွဲသူစိတ်ကျေနပ်မှုကို ရယူနိုင်သော အမူအကျင့်ကောင်းများနှင့် တန်ဖိုးထားမှုများကို လေးလေးနက်နက်ရရှိစေခြင်း
  • customer တည်မြဲမှုကို တိုးမြှင့်နိုင်သော ဒေတာအခြေခံအသုံးချမှု၊ ကိုယ်တိုင်ဈေးဝယ်သောအတွေ့အကြုံများ စသည်တို့ကို ဖန်တီးနိုင်ခြင်း
  • မောင်းနှင်ချိန်၊ လူဦးရေးထူထပ်သိပ်သည်းမှု၊ လူဦးရေအချိုးအစားနှင့် စိတ်ပညာ​ဆိုင်ရာလေ့လာမှုကဲ့သို့သော အရေးပါသောဒေတာများတွင် ပုံသဏ္ဍာန်များကိုဖော်ထုတ်ပေးသည့် စမတ်မြေပုံများနှင့် မြင်နိုင်စွမ်းများကို အဆင့်မြှင့်တင်ခြင်း

စွမ်းဆောင်ရည်များ

Esri မှ Location Intelligence နည်းပညာကို အသုံးပြု၍ customerများနှင့် ဆက်သွယ်မှုကို ခိုင်မာလေးနက်စေပြီး၊ စီးပွားရေးဆုံးဖြတ်ချက်များကို သတင်းရရှိစေပါသည်။

business-needs-capabilities-mapping-visualization
business-needs-capabilities-real-time-visualization-analytics
business-needs-capabilities-spatial-analysis-data-sciences

မြေပုံရေးဆွဲခြင်းလုပ်ငန်း

အဓိက အရေးပါသော စီးပွားရေးစီမံကိန်း တိုးတက်မှုများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ လူဦးရေဆိုင်ရာ အချက်အလက်များ၊ နေရာဒေသများ နှင့် ပိုင်ဆိုင်မှုများကို ပုံဖော်ပြသပေးပါသည်။ အသိုင်းဝိုင်းအဖွဲ့အစည်းများကြား ဖြစ်ပျတ်မှုအခြေအနေအရပ်ရပ်ကို သိရှိစေရန်၊ နည်းဗျူဟာပုံစံရေးဆွဲရန် နှင့် ရင်နှီးမြှုပ်နှံသင့်သည့် နေရာဒေသများကို သိသာ ထင်ရှားစေပါသည်။

အချိန်နှင့်အမျှ ပြောင်းလဲနေမှုများကို ဖော်ပြခြင်းနှင့် ဆန်းစစ်လေ့လာခြင်း

customer များတည်ရှိရာ ပထဝီမြေအနေအထားနှင့် အစုအဖွဲ့အတွင်းရှိ ဖွံ့ဖြိုးရေးအစီအစဉ်များကို နားလည်သိရှိစေရန်နှင့် ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရန် ဖြစ်သည်။ နောက်ဆုံးဖြစ်ပျတ်မှု သတင်းအချက်အလက်များကို အခြေခံ၍ လျင်မြန်စွာဖြင့် ဆုံးဖြတ်ချက်များ ထုတ်ပြန်ရန် ကြီးမားသော ဒေတာအစုနှင့် Internet of Things (IoT) နည်းပညာကို အသုံးပြုထားပါသည်။

Spatial Analysis and Data Science

ဖုံးကွယ်လျက်ရှိသော ပုံစံများနှင့် လမ်းကြောင်းများကို ဖော်ထုတ်ရန် ဆက်သွယ်ချက်များအဖြစ် တည်နေရာကို အသုံးပြုပါသည်။ Machine learningပုံစံများနှင့် artificial intelligence များအဖြစ် တည်နေရာများကို စုစည်းခြင်းအားဖြင့် ပြိုင်ဆိုင်မှုအားကောင်းသော စွမ်းရည်ကို ဖန်တီးပေးပါသည်။