ArcGIS Pro 3.3 Version update တွင် ထပ်တိုးပါဝင်လာသည့် လုပ်ဆောင်ချက်များ
ArcGIS Pro 3.3တွင် ပါဝင်လာမှုအသစ်များနှင့် အဆင့်မြှင့်တင်ထားမှုများကို အနည်းငယ် ဖော်ပြအပ်ပါသည်။
ထွက်ရှိလာသည့် ArcGIS Pro 3.3တွင် အသစ်ပါဝင်လာသည့် အကြောင်းအရာများကို ArcGIS Pro development teams နှင့် product support teamsတို့မှ ပူးပေါင်းတင်ဆက်ထားသည့် video overviewဖြစ်သည်။
Flood Simulation
Flood Simulation လုပ်ဆောင်ချက်သည် 3D Elevation surface တွင် ရေလွှမ်းမိုးခြင်းကို ဖြစ်ပေါ်စေသည့် ရေစီးကြောင်းများကို လက်တွေ့ဆန်ဆန် model (ပုံစံငယ်) များထုတ်လုပ်ခြင်း၊ မိမိဦးစားပေးရမည့် area များ၏ အချက်အလက်များ၊ မိုးရေချိန်များကို ထည့်သွင်း၍ ရေလွှမ်းမိုးခြင်းဆိုင်ရာ အခြေအနေမြင်ကွင်းပုံစံမျိုးမျိုးကို ပုံဖော်ကြည့်ရှုနိုင်သည်။

Presentations
ArcGIS Pro တွင် Project presentation များကို ပြင်ဆင်နိုင်ပြီး presentation နှင့်သက်ဆိုင်သော စာများ၊ ပုံများ၊ video များအပြင် project အတွင်းရှိ မြေပုံများ၊ 3D မြင်ကွင်းများကိုလည်း အသုံးပြုနိုင်သည်။

Mapမြေပုံတွင် PDF ဖိုင်ထည့်သွင်းခြင်း
PDF documents ဖိုင်များကို georeference ပြုလုပ်၍ imagery နှင့် maping workflows များတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ PDF layerများကို အခြားသော raster format များသို့ export လုပ်နိုင်ပြီး Web layers များအဖြစ်လည်း မျှဝေနိုင်ပါသည်။
layoutနှင့် reportများအတွက် Hyperlinks
Hyperlinks / attachments option သည် ယခု ArcGIS Pro version အသစ်တွင် ထပ်တိုး function အနေဖြင့် ပါဝင်လာပါသည်။ PDF Map layout (သို့မဟုတ်) report ထုတ်သည့်အခါတွင် သက်ဆိုင်ရာ မြေပုံစာသားများနှင့်တကွ URLများ၊ ဖိုင်လမ်းကြောင်းများကို ချိတ်ဆက်ပေးနိုင်သည်။
Report ပိုင်းနှင့် ဆက်စပ်သည့် အခြားသော function များကိုလည်း တိုးမြှင့်ထားသည်။
- Convert schema report
- Classify size or color variables with unique values symbology
- Performance and productivity စသည်တို့ဖြစ်သည်။
ArcGIS Pro 3.3 Version Update နှင့် ပတ်သက်သော အသေးစိတ် အကြောင်းအရာများကို အောက်ဖော်ပြပါ link များမှ တဆင့်ဝင်ရောက်လေ့လာနိုင်ပါသည်။
What’s New in ArcGIS Pro 3.3
https://pro.arcgis.com/en/pro-app/latest/get-started/whats-new-in-arcgis-pro.htm
https://www.esri.com/arcgis-blog/products/arcgis-pro/announcements/whats-new-in-arcgis-pro-3-3/
ArcGIS Pro 3.3 Version ကို မြှင့်တင်ရာတွင် Microsoft .Net Version 8 ကို ထည့်သွင်းရမည်ဖြစ်သည်။ ဖော်ပြပါ လင့်မှတဆင့် Download and Install ရယူနိုင်သည်။
ArcGIS Pro 3.3အတွက် .NET 8ရယူရန်
ArcGIS Pro 3.3 Version မြှင့်တင်ရာတွင် လိုအပ်သော software/hardware လုပ်ဆောင်ချက်များကို လေ့လာနိုင်သည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
