ArcGIS Online၏နောက်ဆုံးရ သတင်းအချက်အလက်များ (November 2022)

ArcGIS Online သည် လူ၊ တည်ရာနှင့် ဒေတာများကို ချိတ်ဆက်ရန် အချင်းချင်း ဆက်သွယ်ပေးလျက်ရှိသော မြေပုံများကို အသုံးပြု၍ ကမ္ဘာတစ်ဝှမ်းရှိ ဖြစ်ပေါ်လာသော အခြေအနေ အရပ်အရပ်ကို နားလည် သိရှိစေသည်။ smart ကျမှု၊ ဒေတာ ရရှိ/ရောက်ရှိမှု ပုံစံများနှင့် location intelligenceကို ဦးတည်သည့် အလိုအလျောက် ခွဲခြမ်းစိတ်ဖြာနိုင်သော tools များကို ရရှိစေသည်။ ArcGIS  မိမိ၏ အသေးစိတ်ကျ လုပ်ဆောင်ချက်များကို အဖွဲ့အစည်းအတွင်း (သို့မဟုတ်) တစ်ကမ္ဘာလုံးသို့ မျှဝေရန် Online သည် မြေပုံနှင့် appများ ပြုလုပ်နိုင်စွမ်းကို ပေးသည်။ ArcGIS Onlineကို ပြည့်စုံသော၊ cloud-based solution အနေဖြင့် အသုံးပြုနိုင်သကဲ့သို့ ArcGIS Pro နှင့် ArcGIS Enterpriseတို့အတွက် ပိုမိုပြည့်စုံသော စွမ်းဆောင်ရည်ရရှိရန် တိုးချဲ့အသုံးပြုနိုင်ပါသည်။

November 2022ခုနှစ်တွင် Map Viewer၌ လုပ်ဆောင်ချက် အသစ်အပြင် အခြားသော ပိုကောင်းလာသော ကိစ္စရပ်များလည်း ပါဝင်လာသည်။ ထို့အပြင် ArcGIS Online websiteတွင်လည်း စွမ်းဆောင်ရည် အသစ်များ ပါဝင်လာသည်။ 

ဖော်ပြပါ ဗီဒီယိုဖိုင်ကို ကြည့်ရှု၍လည်း update news ကို သိရှိနိုင်သည်။

Video File Link»


Map Viewer

Map Viewerသည် web mapsများကို စီစဉ်ဖန်တီးရန်၊ စူးစမ်းလေ့လာရန်နှင့် တည်းဖြတ်ခြင်းတို့အတွက် ကနေဦးလမ်းကြောင်း တစ်ခုဖြစ်သည်။ updateဖြင့် လုပ်နိုင်စွမ်းအသစ်များနှင့် အဆင့်မြှင့်တင်မှုများစွာကို ယူဆောင်လာပေးသည့် "configure Map Viewer as their primary map viewer (Map Viewerများကို အဓိကဦးစားပေး map viewerအဖြစ် ဖန်တီးတည်ဆောက်ရန် )" အတွက် Administratorsများနှင့် membersများကို စိတ်အားထက်သန်စေပါသည်။

မှတ်ချက်။     ။ effects, blending, group layers, new styles, နှင့် အခြားသောလုပ်ဆောင်ချက်များကဲ့သို့သော Map Viewerတွင် ပါရှိသော အရည်အသွေးနှင့် လုပ်နိုင်စွမ်း အသစ်များသည် JavaScript 4.x  API foundationပေါ်တွင် အခြေခံထားပါသည်။ ArcGIS Instant Apps, ArcGIS Expression Builder, ArcGIS Dashboards, နှင့် ArcGIS StoryMapsများ ပါဝင်ပါသည်။ ယခင်ရှိပြီးသော configurable apps နှင့် app buildersများသည် features နှင့် capabilitiesအသစ်များကို ထောက်ပံ့ထားခြင်းမရှိပါ။

အဆိုပါ updateများနှင့်အတူ Map Vieweတွင် အရည်အသွေးသစ်၊ စွမ်းဆောင်ရည်သစ်များဖြင့် အဆင့်မြှင့်တင်ထားပါသည်။

ArcGIS Arcade expression editor

ArcGIS Arcade သည် ArcGISကို ထောက်ပံ့ပေးသော expression languageတစ်ခုဖြစ်သည်။ တွက်ချက်ရန်၊ စာသားများဖော်ပြရန်နှင့် logical statementsများ အကဲဖြတ်ရန် အသုံးပြုသည်။

အဆင့်မြှင့်တင်ထားသော ArcGIS Arcade expression editor ကို Map Viewerတွင် styling, pop-ups, နှင့် အခြားသော layer visualization ဂုဏ်သတ္တိများရရှိရန် updateပြုလုပ်ပေးထားပါသည်။ အဆင့်မြှင့်တင်ထားသော editorတွင် မိမိဒေတာအပေါ် အခြေခံ၍ ပြည့်စုံသော ကုဒ်အကြံပြုချက်များနှင့်အတူ သင့်လျော်သော ဖော်ပြချက်ကို ပါဝင်စေသည်။

nov22-14

Editorတွင် function နှင့် profile search, နှင့် assignပြုလုပ်ထားခြင်း မရှိသော variables နှင့် coding errorsများအတွက် flagsများလည်း ပါဝင်လာပါသည်။

Aggregation and clustering

Map Viewerတွင် point feature dataကို အနှစ်ချုပ်ဖော်ပြရန်အတွက် options အသစ်ပါဝင်လာပါသည်။ Aggregation button သည် ယခုအခါ point featuresများကို အနှစ်ချုပ် polygonsအဖြစ် စုစည်းတင်ပြရန် "configure geohash binning"ကို လုပ်ဆောင်ခွင့် ပေးထားပါသည်။ Bin size, fields, labels, နှင့် pop-ups များကိုလည်း configureပြုလုပ်နိုင်ပါသည်။

New clustering options: Clustering (Chart) style အသစ်တွင် pie (သို့) donut symbolsတစ်ခုစီအတွက် အမျိုးအစားအလိုက် အချိုးကျ ပြသပေးသည့် pie chart clustersလုပ်ဆောင်ချက် ပါဝင်လာပါသည်။

Aggregation summary statistics (mean, min, max, mode) ကို ယခုအခါ bins နှင့် clustersတို့အတွက် အလိုအလျောက် တွက်ထုတ်ပေးပါသည်။

Clustering သည် projections တွင် Web Mercator နှင့် WGS 1984ကို ရွေးချယ်နိုင်ရန် ထပ်မံ၍ ထောက်ပံ့ထားပါသည်။

Symbol styler updates

မြေပုံပေါ်တွင် တွေ့မြင်ရမည့် ပုံစံအတိုင်း symbol styler တွင် ကြိုတင်ကြည့်ရှုနိုင်သည်။ patternတစ်ခုစီအတွက် Color, rotation, နှင့် separation ကို လိုသလို ထိန်ညှိနိုင်ပြီဖြစ်သည်။

animation settingsပေါ်တွင် ထိန်းချုပ်မှု ပိုမိုရရှိရန် pointနှင့် lineတို့၏ animated symbols Settingsကို အဆင့်မြှင့်တင်ထားသည်။ အဖွင့်/အပိတ်၊ symbol sizeအပြောင်းအလဲ၊ animation directionကို reverseလုပ်ခြင်း၊ နှင့် speed, loopingနှင့် ကြာချိန်ကို ထိန်းချုပ်ခြင်းတို့အတွက် animationsများကို မြန်ဆန်စွာ ချိန်ညှိနိုင်သည်။

nov22-21-1

Imagery layers

Map Viewerတွင် မိမိ၏ web mapsတွင်ရှိသော imagery၏ ရုပ်ထွက်ကို အထူးပြု လုပ်ဆောင်နိုင်ပါသည်။ ဘက်ပေါင်းစုံမှ တွေ့မြင်နိုင်သော imagery layers များတွင် ဒေတာ အချပ်ရေ (data slices) များစွာ ပါဝင်နိုင်သည်။ multidimensional imagery layer အတွင်းရှိ သီးခြား sliceတစ်ခုစီကို တွေ့မြင်ရန်နှင့် မြေပုံပေါ်တွင် ဖော်ပြလိုသော slicesများကို သတ်မှတ်ရန် setting တွင် configure လုပ်ဆောင်နိုင်ပါသည်။ - configure settings for multidimensional imagery layers 

pop-upsတွင်ချိတ်ဆက်ထားသော recordများ

Map Viewerတွင် မိမိထည့်သွင်းလိုက်သော အချို့သော layersတို့သည် common fieldမှတစ်ဆင့် အခြားသော tables, layersတို့ဖြင့် ကြိုတင်ချိတ်ဆက်ထားသော ဆက်သွယ်ချက်များ ပါဝင်နိုင်သည်။  ဥပမာအားဖြင့်- အဆောက်အဦးများကို ပြသသည့် layerတစ်ခုတွင် အဆောက်အအုံတစ်ခုစီရှိ အခန်းငှားများနှင့် ပတ်သက်သော သတင်းအချက်အလက်များပါသည့် table နှင့် ကြိုတင်ဆက်သွယ်ထားသည့် ချိတ်ဆက်မှုရှိနိုင်သည်။ ArcGIS Proတွင် geodatabases အတွင်း ဒေတာ ဆက်သွယ်ချက်များကို ဖန်တီးနိုင်ပြီး၊ ArcGIS Online (သို့) ArcGIS Serverတွင် ဒေတာများကို ဖြန့်ဝေနိုင်ပါသည်။ "Summarize Within"ကဲ့သို့သော အချို့သော analysis toolsများသည် group statisticsတွင် field တစ်ခုကို ရွေးချယ်သောအခါ relationshipsကို ဖန်တီးပေးသည်။

Map Viewerတွင် relationshipsကို ဖန်တီးနိုင်စွမ်းမရှိသော်လည်း၊ မိမိ layers တွင် relationshipsရှိလျှင် Pop-upsတွင် ဆက်စပ်လျက်ရှိသော records များကို ပြသနိုင်သည် ( show related records in pop-ups)။ Map Viewer သည် one-to-one နှင့် one-to-many relationships ပုံစံများကို ထောက်ပံ့ပေးပါသည်။

related recordsများကို ဖော်ပြရန် pop-ups paneမှ "Add content" ကို click ပါ။ ထို့နောက် "Related records"ကို ရွေးချယ်ပါ။ 

Heat Mapပုံစံတိုးမြင့်လာမှုများ

point featuresတို့၏ တည်နေရာ အနေအထားများကို မြေပုံရေးဆွဲသောအခါ heat maps ကို အသုံးပြုနိုင်သည်။ pointsများသည် မြေပုံပေါ်တွင် နီးကပ်လျက်ရှိနေစဉ် (သို့) ထပ်လျက်ရှိနေသောအခါများတွင်၊ featuresများအကြား ခွဲထုတ်ဖော်ပြရန် အခက်အခဲဖြစ်နေချိန်များတွင် Heat mapsကို ကောင်းစွာ အသုံးပြုနိုင်သည်။ pointsအရေအတွက် မြောက်များစွာပါဝင်သော layersများကို ဖော်ပြရာတွင် လွန်စွာအကျိုးရှိလှပေသည်။

Map Viewerရှိ sliderအသစ်တစ်ခုသည် heat map အစွန်ရှိ အရောင်ကို ဖျော့လျော့စေသည်။ hot spotsကို အဓိက အသားပေးပြီး၊ ဒေတာအပြင်ဘက်ရှိ ထင်ရှားမှုများကို ဖယ်ရှားပေးခြင်းဖြင့် မြေပုံသွင်ပြင်ကို ထပ်လောင်းထိန်းချုပ်ပေးထားသည်။ 

Map Viewerတွင် layersများကို တိုက်ရိုက်ပေါင်းထည့်ခြင်း

CSV, Excel, Service definitions, file geodatabase, GeoJSON, shapefile, KML, OGC GeoPackage, နှင့် Google Sheet layers ကဲ့သို့သော ထောက်ပံ့ထားသော file formats များတွင် မိမိ၌ရှိသော ဒေတာကို importလုပ်ခြင်းဖြင့် layersများကို Map Viewerသို့ တိုက်ရိုက် ထည့်သွင်းနိုင်ပါသည်။

local filesမှ CSV (သို့) GeoJSON ကိုပေါင်းထည့်သောအခါ itemတစ်ခုအနေဖြင့် ဖိုင်ကို တင်သွင်းနိုင်ပြီး၊ feature layerထုတ်လုပ်ဖန်တီးရန် မလိုအပ်ဘဲ မြေပုံပေါ်သို့ ပေါင်းထည့်နိုင်သည်။

nov22-43

အသေးစိတ်သတင်းအချက်အလက်များကိုလေ့လာရန် -> Add layers from files


Scene Viewer

3D မြင်ကွင်းများကို ဖန်တီးရန်၊ ကြည့်ရှုရန်နှင့် ရှာဖွေဖော်ထုတ်ရန် ArcGIS Onlineရှိ Scene Viewerကို အသုံးပြုသည်။ Scene Viewerကို လုပ်နိုင်စွမ်းအသစ်၊ လုပ်ဆောင်ချက်အသစ်များဖြင့် အဆင့်မြှင့်တင်ထားပါသည်။

dimensionsများပေါင်းထည့်ခြင်း

မြင်ကွင်းတစ်ခုရှိ အရာဝတ္ထုပစ္စည်းတို့၏ အတိုင်းအတာနှင့် ပတ်သက်သော အချက်အလက်များကို ဖမ်းယူကြည့်ရှုရန် Dimensions tool ကို အသုံးပြုနိုင်သည်။ dimensions layerတစ်ခုစီ၌ ပွိုင့်အကွာအဝေးအလိုက် အလျား၊ အနံ၊ ထောင့်ဖြတ် အတိုင်းအတာများကို ဖော်ပြသော labels များဖြင့်အတိုင်းအတာ အမျိုးမျိုးကို ဖန်တီး လုပ်ဆောင်ပေးသည်။

layerတစ်ခုစီအတွက် lines နှင့်labelsတို့၏ အရောင်၊ အရွယ်အစား အမျိုးမျိုးဖြင့် မိမိ စိတ်တိုင်းကျ ပုံဖော်ပြသနိုင်သော themesများအဖြစ် ဖွဲ့စည်းနိုင်သည်။ အတိုင်းအတာများကို sceneတွင် သိမ်းဆည်းနိုင်ပြီး၊ အသုံးပြုသူ အဖွဲ့ဝင်များထံသို့ မျှဝေရန် slidesတွင် အသုံးပြုနိုင်ပါသည်။ Dimensions များကိုလည်း slidesတွင် ဖမ်းယူနိုင်ပါသည်။


ArcGIS Instant Apps

ArcGIS Instant Apps သည် configurable apps၏ နောက်ဆုံး ထွက်ရှိမှုဖြစ်သည်။ setup modeကို လွယ်ကူစွာ အသုံးပြု၍ appsများကို လျင်မြန်စွာ တည်ဆောက်နိုင်သည့် လုပ်ဆောင်ချက်ပါရှိသည်။ (သို့မဟုတ်) additional tools နှင့် settingsများကို ရွေးချယ်ရန် full setup modeဖြင့် အသုံးပြုနိုင်သည်။ Instant Apps templatesကို နည်းလမ်းများစွာဖြင့် ဝင်ရောက်ရှာဖွေနိုင်သော home pageမှတစ်ဆင့် တွေ့ရှိနိုင်သည်။

  • map (သို့) sceneအမျိုးအစားအတွက် "Overview tab"မှ Create Web Appကို click၍ Instant Apps ကို ရွေးချယ်နိုင်သည်။
  • "Content"မှ Create appကို click၍ Instant Apps ကို ရွေးချယ်နိုင်သည်။
  •  app launcherမှ သွားရောက်နိုင်သည်။
  • Map Viewerကို အသုံးပြု၍ Contents (dark) toolbarရှိ "Create app" ကို click၍ Instant Apps ကို ရွေးချယ်နိုင်သည်။
  • Scene Viewerကို အသုံးပြု၍ Designer toolbar ရှိ "Create app" ကို click၍ Instant Apps ကို ရွေးချယ်နိုင်သည်။
nov22-20

ArcGIS Instant Apps တွင် အထွေထွေ updateများနှင့် သီးခြား app updateများ ပါဝင်လာပါသည်။

updateများနှင့် အဆင့်မြှင့်တင်မှုများ

"My Apps tab" တွင် apps အသစ်များကို ဖန်တီးသည်။ ရှိနှင့်ပြီးသော apps များကို စီမံခန့်ခွဲသည်။ cardပေါ်တွင် တိုက်ရိုက်ဖော်ပြထားသော ရွေးချယ်မှုများဖြင့် App cardsကို ပြန်လည်ဒီဇိုင်းပြုပြင်ထားပါသည်။

nov22-19

owner, app template, နှင့် sharing အကြောင်းအရာတို့ကို အသုံးပြု၍ appsများကို ရှာဖွေနိုင်ရန် My Apps တွင် filtering ထည့်ပေးထားသည်။

app features နှင့် capabilitiesများကို အလွယ်တကူ လေ့လာနိုင်ရန် "app template onboarding" ကို အဆင့်မြှင့်တင်ထားပါသည်။ appတစ်ခုကို မိမိစိတ်ကြိုက် ဖန်တီးတည်ဆောက်သောအခါ Action barမှ "Get started"ကို clickလုပ်၍၊ setting (သို့) toolကို ထပ်မံရွေးချယ်နိုင်သည်။

Instant Apps templates အတွက် Updateများ

Exhibit သည် ယခုအခါ slidesများစွာကို slide configuration window၌ပင် ဖန်တီးရန်၊ တည်းဖြတ်ရန် တိုက်ရိုက်လုပ်ဆောင်နိုင်သည့် optionsပါဝင်လာသည်။

Portfolio သည် မြေပုံများ, scenes, apps, နှင့် အခြားသော အကြောင်းအရာများ (ဥပမာ-ရုပ်ပုံဒေတာများ)ကို အစီစဉ်တကျ ဖော်ပြပေးသည်။ templateကို section informationအတွက် optionsသစ်များနှင့် next နှင့် previous၏  buttonsအတွက် on/off optionsပါဝင်လာပါသည်။

အချိန်ကာလ သတ်မှတ်ချက်ကို အသုံးပြု၍ ဒေတာ ဖြစ်စဉ်များ၊ တိုက်ရိုက်ဖော်ပြချက် (သို့) ဖြစ်လာနိုင်မည့်အခြေအနေကို ဖော်ပြရန် "Slider" ကို အသုံးပြုသည်။ Updatesများတွင် multiple layersများကို numeric sliderတို့ဖြင့် ဖော်ပြခြင်း၊ နှင့် ticks နှင့် labelsတို့ကို ဖယ်ရှားသည့် time sliderကို တွေ့မြင်နိုင်သည့် optionအသစ်တို့ ပါဝင်လာပါသည်။

Chart Viewer တွင် chart၌ ကိုယ်စားပြုမည့် မြေပုံရွေးချယ်မှုအတွက် selection toolအသစ် ပါဝင်လာပါသည်။

အချိန်ဖော်ပြသည့်ဒေတာနှင့် cover page ထည့်သွင်းနိုင်သည့် optionsကို 3D Viewer တွင် update ပြုလုပ်ထားပါသည်။

Sidebar, Media Map, နှင့် 3D Viewer တို့တွင် attribute tableကို ဖော်ပြရန် optionဖြင့် layer list ကို ပါဝင်စေခြင်းဖြင့် usersများက CSV fileအနေဖြင့် recordsများကို exportထုတ်နိုင်သည်။

For more information, see What’s new in Instant Apps.


ArcGIS Dashboards

ArcGIS Dashboards သည် ရိုးရှင်းလွယ်ကူပြီး အပြန်အလှန် ချိတ်ဆက်ထားသော ဒေတာပုံဖော်မှုများကိုအသုံးပြု၍ တည်နေရာ အခြေခံထားပြီး ဆန်းစစ်လေ့လာချက်များပါဝင်သော သတင်းအချက်အလက်များကို အသုံးပြုသူများထံသို့ ပို့ဆောင်ပေးသည်။ Dashboardsကို ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ဖြစ်လာနိုင်မည့် အလားအလာများကို မြင်ယောင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ အခြေအနေများကို စောင့်ကြည့်ခြင်း၊နှင့် communityများအကြား သတင်းပေးပို့ခြင်းတို့အတွက် အသုံးပြုပါသည်။

updateတွင် ArcGIS Dashboards၏ လုပ်ဆောင်ချက်အသစ်များ ပါဝင်လာသည်။ list itemsများကို လျင်မြန်စွာ ရှာဖွေကြည့်ရှုနိုင်သည့် "enable a search field in list elements" ကို ရရှိနိုင်ပါသည်။ ရွေးချယ်ထားမှုအားလုံးကို ပြန်လည်ရှင်းလင်းရန်နှင့် မြေပုံများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် "reset button" ပါဝင်လာပါသည်။ အသစ်ပါဝင်လာသည့် "follow feature action"သည် ကြည့်ရှုသူများကို မြေပုံပေါ်ရှိ featureပေါ်တွင် ဗဟိုပြု၍ ရွေးချယ်ခွင့်ကို ပေးထားပါသည်။

"ArcGIS Dashboards Classic" သည် retireဖြစ်ပြီးသောကြောင့် ကြာရှည်အသုံးပြုနိုင်မည် မဟုတ်တော့ချေ။ dashboards အားလုံးကို ArcGIS Dashboardsတွင် ဝင်ရောက်အသုံးပြုနိုင်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် What’s new in ArcGIS Dashboards တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


ArcGIS Experience Builder

မည်သည့် codeမှ ရေးသားရန်မလိုပဲ မြေပုံကို ဗဟိုပြုသော (သို့) မြေပုံဗဟိုပြုမဟုတ်သော web apps နှင့် webpages များ ဖန်တီးရန် ArcGIS Experience Builder ကို အသုံးပြုနိုင်ပါသည်။ မည်သည့် screen sizeပေါ်တွင်မဆို ဆွဲဆောင်မှုရှိသော webလုပ်ဆောင်ချက်များကို ကြည့်ရှုသူများထံသို့ ရောက်ရှိစေသည်။ ကိုယ်တိုင်ဖန်တီးနိုင်သကဲ့သို့ အလွယ်တကူ customizeပြုလုပ်နိုင်သော အသင့်ရှိနှင့်ပြီးသော templates စုစည်းမှုများမှလည်း ရွေးချယ်၍ စတင်နိုင်ပါသည်။ drag, drop, နှင့် configure ပြုလုပ်နိုင်သော widgetsများနှင့်အတူ ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းတို့ကို ပေါင်းထည့်ထားပါသည်။ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖန်တီးသော webပုံစံအမျိုးမျိုးကို တည်ဆောက်ရန် အသုံးပြုရ လွယ်ကူအဆင်ပြေသော layoutရွေးချယ်မှုတို့ဖြင့် ကျေနပ်မှုအပြည့်အဝ ရရှိစေသည်။

ArcGIS Experience Builderတွင် widgets အသစ် ၂ခု ပါဝင်လာသည်။ "Coordinates widget "သည် ရရှိနိုင်မည့် longitude, latitude, elevation, နှင့် camera altitude တန်ဖိုးများကို ပြသသည်။ "Grid widget"သည် grid တစ်ခုတွင် အကြောင်းအရာတို့ကို စုစည်းဖော်ပြနိုင်သည့် layoutထည့်သွင်းနိုင်သည့် အရာတစ်ခုဖြစ်သည်။

အသေးစိတ် ဖော်ပြချက်များကို What’s new in Experience Builderတွင် လေ့လာနိုင်ပါသည်။ 


ဒေတာများကိုစီမံခန့်ခွဲခြင်း

"upload .gif image files"ကို အခြားသူများကို မျှဝေဖို့ရန်နှင့် pop-upsများအတွက် အသုံးပြုနိုင်ပါသည်။

တင်ထားသော feature layer (သို့) table layer အတွက် Data tabပေါ်ရှိ table viewကို ဝင်ရောက်သောအခါ "Data updated"အတွက် ဖော်ပြထားသော အချိန်နှင့် နေ့ရက်သည် နောက်ဆုံး editပြုလုပ်ခဲ့သည့် layerအကြောင်းအရာ၏ အချိန်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ Data tabပေါ်တွင် Fields viewကို ဝင်ရောက်သောအခါ "Schema updated"သည် layer schema၏ နောက်ဆုံး editလုပ်ခဲ့သည့် အချိန်ဖြစ်သည်။ 

Fromsများတွင် calculated expressionsတည်ဆောက်ရန် ArcGIS Arcadeကို အသုံးပြုသောအခါ၊ အခြား layers များနှင့် ချိတ်ဆက်ထားသော expressionsများကို ဖန်တီးရန် FeatureSet ကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်- parcel layerမှ ZIP codeတန်ဖိုးကို ထုတ်ယူထားသည့် ZIP code fieldတွင် expressionတစ်ခုကို အသုံးချနိုင်သည်။ 


ArcGIS Notebooks

ArcGIS Notebooksတွင် မိမိကိုယ်ပိုင် code snippets များကို ဖန်တီးနိုင်သည်။ Notebooksမှတစ်ဆင့် အသုံးများသည့် workflows များကို ပြည့်စုံမှုရှိစေရန် ထည့်သွင်းနိုင်သည့် Code snippets သည် ပြန်လည် အသုံးပြုနိုင်သည်၊ ကုဒ်များကို ကြိုတင်ရေးသားနိုင်ပါသည်။ အခြားသူများကို မျှဝေနိုင်သည့် Code snippets ကို code snippet librariesတွင် စုစည်းထားသည်။ 


Accounts and administration

Organize members using categories

ArcGIS Online organizationsတွင် ဌာန၊ တည်နေရာ၊ ကျွမ်းကျင်မှု စသည်တို့ကဲ့သို့ အဖွဲ့အစည်း member အမျိုးအစားအလိုက် set upလုပ်နိုင်သည်။- hierarchical categories for organizing members

Administrators များသည် အဖွဲ့ဝင်၏ စီမံခန့်ခွဲမှုတာဝန်များကို ရွေးချယ်သည့်အခါ memberစာရင်းအလိုက် စိစစ်ထုတ်ရန် အဆိုပါ member အမျိုးအစားများကို အသုံးပြုနိုင်သည်။ 

nov22-31

updateနှင့်အတူ အဖွဲ့ဝင်အသစ်များက အဖွဲ့အစည်းသို့ ဝင်ရောက်သောအခါ အလိုအလျောက် assign ပြုလုပ်ရန် administratorsများသည် အဖွဲ့ဝင်အမျိုးအစားကို default သတ်မှတ်နိုင်သည်။- default set of member categories 

Member categoriesသည် အဖွဲ့ဝင်များကို အလွယ်တကူ ရှာဖွေနိုင်၊ စီမံခန့်ခွဲနိုင်သည်။ အသေးစိတ်ချက်အလက်များကိုအတွက်  Learn more about member categoriesတွင် လေ့လာနိုင်ပါသည်။ 

အဖွဲ့ဝင်အသစ်များဖိတ်ခေါ်ခြင်း

CSV fileကို အသုံးပြု၍ အဖွဲ့ဝင်အများအပြားကို organization သို့ invite ပြုလုပ်သောအခါ field errorsနှင့် ပတ်သက်ပြီး သတ်မှတ်ဖော်ပြ၍ အမှားပြင်ရန် ပိုမိုအဆင်ပြေလာပါသည်။- inviting members 

ယခုအခါ upload အသစ်တင်ခြင်း  (သို့) fileပြန်လည် သတ်မှတ်ရန် မလိုအပ်ပဲ Errorsများကို သီးခြားဖော်ပြ၍ ArcGIS Onlineတွင် တိုက်ရိုက် အမှားပြင်ဆင်နိုင်သည်။ 

Item reports

Item reports တွင် နောက်ဆုံးကြည့်ရှုခဲ့သည့် itemနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်လာပါသည်။ organizationရှိ အကြောင်းအရာကို ကူညီစီမံရန် Administrators သည် "Item Last Viewed" field ကို အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့်- ပယ်ဖျတ်ရန်  (သို့) လျော့ချရန် စဉ်းစားသင့်သည့် itemsအဟောင်း (သို့) အသုံးမဝင်တော့သည့် itemsများကို သတ်မှတ်နိုင်သည်။

nov22-45

Organization Home page

organization home page၏ Header configure အတွက် formatting optionအသစ်တစ်ခု ပါဝင်လာပါသည်။- configuring the header

cover imageအမြင့်ကို screen၏ သုံးပုံ နှစ်ပုံ အမြင့်ဖြင့် လည်းကောင်း၊ screenပြည့် အနေဖြင့်လည်းကောင်း (သို့) screenတစ်ဝက်အနေထားဖြင့်လည်းကောင်း ရွေးချယ်နိုင်သည်။ 

nov22-10

Ref: Bern Szukalski

ABOUT THE AUTHOR

Corporate technology evangelist and advocate at Esri, focusing on ways to broaden access to geographic information and helping customers succeed with the ArcGIS system. On a good day I'm making a map, on a great day I'm on one. Email bszukalski@esri.com or connect on LinkedIn (https://www.linkedin.com/in/bernszukalski/).

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar