သဘာဝသယံဇာတများ
မြေပုံများဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်၍ ကမ္ဘာမြေ၏ သဘာ၀သယံဇာတများကို ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါသည်။ workflows များ အသုံးပြု၍ risk နည်းနည်းဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှာ ဖြစ်ပါသည်။

SUCCESS STORY
ကမာကောင်များအား ခြေရာခံခြင်း
အမေရိကန်ပြည်ထောင်စု(U.S)တွင် အကြီးမားဆုံးခရုခွံထုတ်လုပ်သော Taylor Shellfish Farms သည် ArcGIS ဆော့ဖ်ဝဲကို အသုံးပြု၍ လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ စမတ်မြေပုံများ နှင့် နေရာဒေသအလိုက်ခွဲခြမ်းစိတ်ဖြာခြင်းသည် ကုမ္ပဏီအား သမုဒ္ဒရာအက်စစ်ဓာတ်ပြုခြင်းစိန်ခေါ်မှုများကိုကျော်လွှားရန်၊ အထွက်နှုန်းတိုးရန်၊ လုပ်ကွက်များအတွင်း သက်ဆိုင်ရာအချက်အလက်များကိုခြေရာခံရန်၊ အသုံးပြုရန်လွယ်ကူသော အက်ပလီကေးရှင်းများနှင့် ဒေတာများကိုစုဆောင်းရန်၊ မျှဝေရန်၊ လုပ်ကွက်များမှ အခြေအနေ အချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရန် ကူညီပေးပါသည်။
သင့်ရဲ့ထုတ်လုပ်စွမ်းအားများ တိုးမြှင့်လိုက်ပါ
သဘာဝသယံဇာတအရင်းအမြစ်များကို စီမံခန့်ခွဲနေသူ (သို့မဟုတ်) သဘာဝသယံဇာတများကွင်းဆင်း ဆောင်ရွက်သူများအတွက် မိမိ၀န်ထမ်းများအား စီမံခန့်ခွဲရန်နှင့် လွယ်ကူချောမွေ့စေပြီးထုတ်လုပ်မှုနှုန်းများ မြှင့်တင်ရန်အတွက် ArcGISသည်ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချမှတ်ရာတွင် လမ်းကြောင်းအသစ်များဖြင့် အသုံးပြုသူများအား ကူညီနိုင်ပါသည်။

Spatial အချက်အလက်အားလုံးအတွက် ဗဟိုစနစ်တစ်ခုဖန်တီးခြင်း
အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းတိုင်း/ အသုံးပြုသူတိုင်း သတင်းအချက်အလက်များအလွယ်တကူရှာဖွေနိုင်ရန်၊ ဝေမျှနိုင်ရန်နှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်အသုံးပြုနိုင်ရန် ပြီးပြည့်စုံသော ပလက်ဖောင်း(Platform) တစ်ခု ဖန်တီးနိုင်ပါသည်။
တစ်ကမ္ဘာလုံးရဲ့အချက်အလက်များရယူပါ
Imagery များ၊ နယ်နိမိတ်များ၊ landscape နှင့်လူဦးရေဆိုင်ရာ ဒေတာအချက်အလက် layerများ အပါအ၀င် ကမ္ဘာလုံးဆိုင်ရာပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်များကို ရယူနိုင်ပါတယ်။


နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများချောမွေ့စွာဆောင်ရွက်နိုင်ခြင်း
ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းစဉ်များကို ပြောင်းလဲခြင်းဖြင့် ပိုမိုထိရောက် အကျိုးဖြစ်ထွန်းစေပါသည်။ ကွင်းဆင်း၍ ဒေတာများ စုဆောင်းကောက်ခံခြင်းနှင့် ရုံးမှမိမိ၏ လုပ်ဖော်ကိုင်ဖက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များမျှဝေခြင်းဖြင့် အချိန်ကုန်သက်သာ၍ ပိုမိုမြန်ဆန်စွာ ပြီးမြောက်နိုင်ပါသည်။
ထင်သာမြင်သာရှိသောဒေတာများဖြင့် ပြိုင်ဘက်များကို အနိုင်ရယူပါ
geospatial ဒေတာအချက်အလက်များ၏ ဆက်သွယ်မှုများကို အသေးစိတ် လေ့လာဆန်းစစ်မှုများပြုလုပ်၍ သိသာထင်ရှားသော ရလဒ်များဖြင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ပါသည်။

မိမိအဖွဲ့အစည်းကို GIS ဖြင့် အဆင့်မြှင့်တင်ခြင်း
မြေပုံနှင့် လေ့လာဆန်းစစ်မှုများလုပ်ဆောင်၍ လုပ်ငန်းလည်ပတ်မှုကို အဆင့်မြှင့်တင်နိုင်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရင်း ရည်မှန်းချက်များပြည့်ရန် ArcGIS ကိုအသုံးပြုပါ။
စိုက်ပျိုးရေး
သစ်တော
သတ္တုတွင်း
Renewables
News & Events
Esri Federal GIS Conference

Esri User Conference

Putting Agronomic Analysis in the Hands of Farmers

Striking Gold: Achieving safe, secure global data