မြေပုံများမြန်ဆန်စွာရေးဆွဲနိုင်သကဲ့သို့ ခွဲခြားဆန်းစစ်မှုများ လုပ်ဆောင်နိုင်သော ကမ္ဘာ့နံပါတ်တစ် ပလက်ဖောင်း(platform)တစ်ခုဖြစ်ပါသည်။

ArcGIS တွင် မြေပုံများ ဖန်တီးခြင်းနှင့် ပထဝီဝင်ဆိုင်ရာ အချက်အလက်များ လေ့လာဆန်းစစ်မှုများအတွက် Tool များစွာဖြင့် ပြုလုပ်ပေးလျက်ရှိပါသည်။

 

ArcGIS Platform ၏အားသာချက်များ

ArcGIS တွင် မြေပုံများပြုလုပ်ရန်၊ မြန်မြန်ဆန်ဆန် နှင့် ပိုမိုနက်နဲသော ခွဲခြမ်းဆန်းစစ်မှုများပြုလုပ်နိုင်ရန်၊ အချက်အလက်များရှာဖွေနိုင်ရန်၊  နယ်ပယ်အသီးသီးမှ အခက်အခဲများဖြေရှင်းနိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားသော tools များကို ဖန်တီးလျက်ရှိပါသည်။ ထို့အပြင် မိမိအဖွဲ့အစည်းအတွင်း၌ အဖွဲ့ဝင်များ သို့မဟုတ် တစ်ကမ္ဘလုံးရှိ ArcGIS အသုံးပြုသူအချင်းချင်း လွယ်ကူမြန်ဆန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်သောပလက်ဖောင်းအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ ဒေတာများ မျှဝေသုံးစွဲနိုင်သည့်အတွက် အချိန်ကုန်သက်သာ၊ အကျိုးရှိ ထိရောက်သော လုပ်ငန်းခွင်နယ်ပယ်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။

overview-capability-spacial

တည်နေရာများအား ခွဲခြမ်းဆန်းစစ်လေ့လာခြင်း

တည်နေရာမျာအား ခွဲခြမ်းဆန်းစစ်လေ့လာခြင်းသည် ArcGIS Platform ၏ အဓိက အပိုင်းဖြစ်ပါသည်။ မိမိလုပ်ငန်းနှင့် ဆက်စပ်နေသော တည်နေရာများရှာဖွေလေ့လာခြင်း၊ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများနှင့် အရေးပေါ်အခြေအနေများ၌ မှန်ကန် တိကျသော ဆုံးဖြတ်ချက်များ လျင်မြန်စွာ ချမှတ်နိုင်ရန်အတွက် ကူညီပေးပါသည်။

အသေးစိတ်လေ့လာရန်

overview-capability-imagery1
Imagery & Remote Sensing

ArcGIS သည် ၎င်း ပလက်ဖောင်း (platform)ပေါ်တွင် ကောင်းကင်ဓါတ်ပုံများမှ တန်ဖိုးရှိသော သတင်းအချက်အလက် ဒေတာများကို ထုတ်ယူခြင်းနှင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ပေးပါသည်။ ပုံရိပ်ဒေတာများကို ပြသရန်၊ လေ့လာဆန်းစစ်မှုများပြုလုပ်ရန်နှင့် လိုအပ်ချိန်တွင် ဒေတာများ ထုတ်ယူသုံးစွဲနိုင်ရန်  tool များ၊ လုပ်ဆောင်ပုံအဆင့်ဆင့်များလည်း ပါဝင်ပါသည်။

အသေးစိတ်လေ့လာရန်

overview-capability-data
မြေပုံဖန်တီးခြင်းနှင့်ပြသခြင်း

မြေပုံများသည် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များနှင့် မှန်ကန်သော လုပ်ဆောင်မှုများအတွက် အရေးပါသော Spatial Informationများကို ကူညီဖော်ထုတ်ပေးသည်။ ArcGIS သည် မည်သည့် ပစ္စည်း (devices)အမျိုးအစားပေါ်တွင်မဆို မြေပုံများဖန်တီးရန်၊ ပြန်လည်အသုံးချရန်နှင့် မျှဝေရန် လုပ်ဆောင်ပေးပါသည်။

အသေးစိတ်လေ့လာရန်

overview-capability-realtime
အချိန်နှင့်တစ်ပြေးညီဖော်ပြခြင်းနှင့် ဆန်းစစ်လေ့လာခြင်း

တစ်နေရာတည်းမှ (သို့မဟုတ်) နေရာအမျိုးမျိုးမှ အဆက်မပြတ် ရရှိနေသောဒေတာများမှ အခြေအနေအရပ်ရပ်ကို သတိပြုစေသည်။ အချိန်နှင့် တစ်ပြေးညီစောင့်ကြည့်ခြင်းနှင့် အရေးပါသော ဒေတာများကို ခွဲခြမ်းလေ့လာခြင်းများမှ အဖြစ်အပျတ် ကိစ္စရပ်များကို အချိန်မီ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။

အသေးစိတ်လေ့လာရန်

overview-capability-mapping
3D GIS

 

မြေပုံပေါ်တွင် ပြင်ပ ကမ္ဘာကဲ့သို့ မြင်နိုင်ရန် 3D GIS က လုပ်ဆောင်ပေးပါသည်။ 3Dနည်းပညာနှင့်အတူ ပထဝီဝင်အချက်အလက်ဒေတာများကို ခွဲခြမ်းလေ့လာဆန်းစစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ပြသနာရပ်များကို ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်  ကူညီပေးပါသည်။

overview-capability-data
ဒေတာများ စီမံခန့်ခွဲခြင်းနှင့် ကောက်ခံခြင်း

ArcGIS ဖြင့်  ဒေတာအချက်အလက်များကို ကောက်ခံခြင်း၊ သိမ်းဆည်းခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့် မျှဝေခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။  အသုံးပြုသူများ၏ အဖွဲ့အစည်း၌ သိမ်းဆည်းထားသော ဒေတာများကို အခြားသောဒေတာများနှင့် လွယ်ကူစွာပေါင်းစပ် အသုံးပြုနိုင်ပါသည်။

Application

အသုံးပြုသူများ၏ လုပ်ငန်းများကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ရန် ArcGIS platform ကိုအခြေခံအသုံးပြုထားသော အက်ပလီကေးရှင်းများဖြင့် ကူညီဖြေရှင်းပေးပါသည်။

အသေးစိတ်လေ့လာရန်

ဒေတာအချက်အလက်များနှင့်မြေပုံများ

နယ်ပယ်အသီးသီးအတွက် ရည်ရွယ်သော မြေပုံပါ သတင်းအချက်အလက်များကို အသုံးပြု၍ သက်ရှိများ၊ လူဦ:ရေ ပြောင်းလဲမှုများ စသော လူမှုအဖွဲ့အစည်းအချက်အလက်များ ရယူအသုံးပြုနိုင်ပါတယ်။

စိတ်ကြိုက်ပြင်ဆင်နိုင်သော(developer) tool များ

မိုလ်ဘိုင်း(mobile) (သို့မဟုတ်) ကွန်ပျူတာများအတွက် မြေပုံများ၊ နယ်ပယ်အသီးသီးရှိ ဒေတာအချက်အလက်များကို စောင့်ကြည့်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းတို့အတွက် ဝက်ဘ်အက်ပလီကေးရှင်းများ (web applications) ဖန်တီးနိုင်မည့် APIs နှင့် SDKs များဖန်တီးထားသဖြင့် စိတ်ကြိုက် ဝက်ဘ်အက်ပလီကေးရှင်းများ ဖန်တီးနိုင်ပါသည်။

အသေးစိတ်လေ့လာရန်

ပညာရေး

Esri မှ ရေးဆွဲထားသော ပုံမှန်သင်တန်းများ၊ အွန်လိုင်းသင်တန်းများသည် သင့်လုပ်ငန်းများအား အထောက်အပံ့ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်

ဝန်ဆောင်မှုများ

တစ်ကမ္ဘာလုံးမှ အသုံးပြုသူများ နှင့် GIS ပညာရှင်များ ဦးဆောင်လျက် ArcGIS နှင့်ပက်သက်၍ သင်သိလိုသမျှ မေးခွန်းများနှင့် ပြသနာများကို ဖြေရှင်ပေးလျှက်ရှိပါတယ်။

အသေးစိတ်လေ့လာရန်

လုံခြုံမှု

အသုံးပြုသူ အဖွဲ့အစည်း၏ ဒေတာ သတင်းအချက်အလက် လုံခြုံရေးအပိုင်းကို သတ်မှတ်ချက်များနှင့်အညီ ArcGIS Platform မှဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်

လူမှုကွန်ယက်အဖွဲ့အစည်း

တစ်ကမ္ဘာလုံးရှိ ArcGIS အသုံးပြုသူများနှင့် ဆက်သွယ်၍ အသုံးပြုသူ၏ အတွေ့အကြုံများကို မျှဝေလိုက်ပါ။

အသေးစိတ်လေ့လာရန်

User Conference

တစ်ကမ္ဘာလုံးရှိ Esri အသုံးပြုသူများ၏ တွေ့ဆုံဆွေးနွေးပွဲ (Esri User Conference) ကို တက်ရောက်ရန်။

အသေးစိတ်လေ့လာရန်

ArcGIS အခမဲ့အသုံးပြုရန်