What's new in ArcGIS Pro 3.0
Video overview
ArcGIS Pro development teams နှင့် product support teamsတို့မှ ပူးပေါင်း ဖန်တီးတင်ဆက်သည့် ဗီဒီယိုဖိုင်ဖြစ်ပြီး၊ ပါဝင်လာသော လုပ်ဆောင်ချက် အသစ်များကို အဓိကထားဖော်ပြထားပါသည်။
Package Manager
ArcGIS Pro သည် များပြားသော Python packages စုစည်းထားမှုများကို ရယူအသုံးပြုနိုင်ရန် ပံ့ပိုးပေးသည်။ Python packagesများကို ထောက်ပံ့ရန် ArcGIS Proတွင် "conda"ဟု အမည်တွင်သော package management system တစ်ခု ပါဝင်သည်။ ArcGIS Pro သည် "conda"ကို Package Manager pageတွင် ပေါင်းထည့်ထားသည်။ ထို့ကြောင့် "conda"ကို command promptမှလည်း ဝင်ရောက် အသုံးပြုနိုင်ပါသည်။
Python packagesများကို နည်းလမ်း ပုံစံ အမျိုးမျိုးဖြင့် ထပ်မံ အသုံးချနိုင်ရန် workstation တစ်ခုတည်းပေါ်တွင် Python environments များစွာကို သီးခြားပုံစံ တစ်ခုစီ အနေဖြင့် ထားရှိစေသည်။ Python environmentတစ်ခုစီတွင် ကိုယ်ပိုင် packagesအစု (set of packages) အနေဖြင့် ရှိစေပြီး၊ အချိန်တိုင်း packagesများကို uninstalling/ reinstallingပြုလုပ်ရန် မလိုဘဲ အဆိုပါ အစုများအတွက် စိတ်ကြိုက်ရွေးချယ်အသုံးပြုခွင့်ရှိသည်။

Add maps to reports
ယခုအခါ report တွင် မြေပုံကို ထည့်သွင်းဖော်ပြနိုင်ပြီ ဖြစ်သည်။ report header (သို့) footerတွင် ထည့်သွင်းထားသော မြေပုံများသည် staticဖြစ်သည်။ မြေပုံကို လိုအပ်သလို ထိန်ညှိရန် map frameကို activate ပြုလုပ်နိုင်သည်။ group header, group footer, (သို့) အသေးစိတ်ထပ်မံ ဖော်ပြချက် များသည် (subsection) dynamicပုံစံဖြစ်သည်။ Report view တွင် dynamic map ၏ map frame သည် activate မလုပ်နိုင်သော်လည်း အဆိုပါ subsection တွင် ပါဝင်သော feature (သို့) features တန်ဖိုးများအတွက် အတိုင်းအတာ စကေးများတွင် updateပြုလုပ်နိုင်သည်။

Export presets
ArcGIS Pro တွင် မြေပုံများနှင့် layouts များအတွက် export presets များကို ဖန်တီးနိုင်သည်။ Export presets သည် Export အမျိုးအစားအလိုက်setting အားလုံးကို သိမ်းဆည်းပေးသည်။ map သို့မဟုတ် layout တစ်ခုကို export ထုတ်သည့်အခါ default preset (သို့မဟုတ်) မိမိစိတ်ကြိုက် ကြိုတင်သတ်မှတ် ဖန်တီးထားသည့် presetကို ရွေးချယ်အသုံးပြုနိုင်သည်။ preset သည် export လုပ်ငန်းပိုင်းများအတွက် ပိုမိုမြန်ဆန်စေပြီး၊ တိကျခိုင်မာမှုကို ဖြစ်ပေါ်စေသည်။
preset များကို Ribbon Menu ၏ Share tabရှိ export gallery တွင် ရယူနိုင်ပါသည်။ File system တွင် preset files (.xprt) များကိုရှာဖွေနိုင်သည်။ export type အမျိုးမျိုးအတွက် presets များကို ဖန်တီးထားနိုင်သည်။

Color Vision Deficiency Simulator tool
Color Vision Deficiency Simulator toolသည် အရောင်အမြင်ချို့တဲ့မှု အမျိုးအစား ၃မျိုးအတွက် မြေပုံ၊ layout နှင့် reportကို အရောင်မှန် အနေဖြင့် ထင်မြင်စေသည်။ အရောင်အမြင်ချို့တဲ့မှု အမျိုးအစား ၃မျိုး- protanopia (အနီရောင်အာရုံချို့တဲ့သူ), deuteranopia (အစိမ်းရောင်အာရုံချို့တဲ့သူ),နှင့် tritanopia (အပြာရောင်အာရုံချို့တဲ့သူ)။ တစ်ကြိမ်တွင် အမျိုးအစား တစ်ခုအတွက်သာ ရွေးချယ် အသုံးချနိုင်သည်။ အရောင်အာရုံချို့တဲ့သည့် ပုဂ္ဂိုလ်များအတွက် အဆိုပါ အမျိုးအစားတစ်ခုစီသည် မြင်ကွင်းပုံစံအမှန်ကို ပုံပေါ်လာစေရန် အသွင်ကူးပြောင်းစေသည်။ မြေပုံများ၊ layoutများ, နှင့် reportများအတွက် color vision deficiency simulation modes များကို View tabတွင် ရယူနိုင်ပါသည်။

Multiscale Geographically Weighted Regression (MGWR)
Multiscale Geographically Weighted Regression (MGWR) ကိရိယာသည် space အတွင်း ကိန်းဂဏန်းတန်ဖိုးများ ကွဲပြားနိုင်သည့်အတွက် local linear regression ကို လုပ်ဆောင်ပေးသည်။
MGWRသည် explanatory variableတစ်ခုစီအတွက် မတူညီသော ပတ်သက်ဆက်နွယ်မှုများကို အသုံးပြုရန် Geographically Weighted Regression (GWR)ကို ချဲ့ထွင်ထားခြင်းဖြစ်သည်။ explanatory variables နှင့် dependent variableအတွင်းရှိ relationshipများ၏ မတူညီသော scales များကို ဖမ်းယူရရှိရန် model (ပုံစံ)တစ်ခုကို လုပ်ဆောင်ပေးသည်။

Get started
start page ကို Home tabဖြင့် projectsများ ဖန်တီးရန်နှင့် ဖွင့်ရန်၊ Learning Resources tabဖြင့် tutorials နှင့် အခြားသော အရင်းအမြစ်များ ရယူအသုံးပြုရန်နှင့် Settings tabဖြင့် applicationကို configureပြုလုပ်ရန် ပြန်လည် ဒီဇိုင်းထုတ်ထားပါသည်။

Charts
Calendar heat charts အား ယာယီဒေတာများကို calendar view တစ်ခုတည်းအဖြစ် စုစည်းတင်ပြရန်နှင့် အစဉ်လိုက်ဖြစ်ပေါ်နေသော calendar viewများဖြင့် တစ်ဆက်တည်းဖြစ်ပေါ်နေသော အချိန်အတိုင်းအတာကို ပြသရန် အသုံးပြုနိုင်ပါသည်။
color pickerကို transparency, line style, နှင့် line widthကဲ့သို့သော ရွေးချယ်မှုများအတွက် အလွယ်တကူ ပုံစံသတ်မှတ်နိုင်ရန် ပြန်လည်၍ ဒီဇိုင်းရေးဆွဲထားပါသည်။

Data Engineering
Attribute Field အားလုံးအား statistics panel သို့ ထည့်သွင်းနိုင်ပြီး Click တစ်ချက်နှိပ်ရုံဖြင့် statistics ပိုင်းဆိုင်ရာ တွက်ချက်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

လိမ္မော်ရောင် box ဖြင့် "Add Fields and Calculate Statistics" button ကို ထပ်ပေါင်းထည့်ထားပြီး၊ fields panel ထဲတွင် ပြထားသည့် field များအား တွက်ချက်နိုင်သည်။
အသစ်ပါလာသည့် "Range" statistic တွင် date field အတွက် အသုံးပြုနိုင်သည်။ field အတွင်းရှိ အစောဆုံးကာလ (earliest date) နဲ့ နောက်အကျဆုံးကာလ (latest date) များအကြား အချိန်အပိုင်းအခြားကို ထောက်ပံ့ပေးထားသည်။
"Mode" နှင့် "Least Common" statistic cells ကို hover လုပ်ရုံဖြင့် အနည်းဆုံးနှင့် အများဆုံးသော ဘုံတန်ဖိုးများ၏ ကြိမ်နှုန်းကို တွေ့မြင်နိုင်ပြီး ပထမဆုံး တန်ဖိုး (၁၀) ခုအား ပြသပေးသည်။
Delete Rows နှင့် Append geoprocessing tools များကို Data Engineering tools ၏ Clean categoryတွင် ပါဝင်လာပြီဖြစ်သည်။
"Copy Data To New Field" context menu command သည် parameters preset များပါဝင်သည့် Calculate Field tool ဖြင့် field များအား copy ပြုလုပ်နိုင်မည်ဖြစ်သည်။ မိမိအနေဖြင့် tool ကို စတင်အသုံးမပြုမီ field name ၊ data type ၊ expression များအား ပြောင်းလဲပြင်ဆင်နိုင်သည်။
Fields panel တွင် join ပြုလုပ်ထားသော field များအား Join icon အဖြစ် မြင်တွေ့နိုင်သည်။
ModelBuilder
ModelBuilder report view တွင် Summary section အသစ်တစ်ခု ပါဝင်လာပါသည်။ အဆိုပါSummary section ဖြင့် model များနှင့်ပတ်သက်သော အချက်အလက်များကို အကျဉ်းချုပ် ဖော်ပြပေးပါသည်။ model ပြုလုပ်ခဲ့သည့် version ၊ နောက်ဆုံးmodify ပြုလုပ်ခဲ့သည့် version ၊ model တွင်ရှိသည့် variable များ၊ Process ပြုလုပ်သည့် အကြိမ်အရေအတွက်များကို အကျဉ်းချုပ်ဖော်ပြပေးသည်။
Python expression၏ အမှား အမှန်ကို ဝေဖန် အကဲဖြတ်ပေးနိုင်သည့် If Expression Is toolအသစ်တစ်ခု ထပ်မံပါဝင်လာပါသည်။
ArcGIS Pro 3.0 တွင် Save Toolbox To Version toolကို အသုံးပြု၍ ArcGIS Desktop version တွင် ပြုလုပ်ထားသည့် toolbox ထဲရှိ model tool များအား တိုက်ရိုက်ဖွင့်၍ ကြည့်ရှုနိုင်သည်။ ထို့ကြောင့် ArcGIS Desktop version တွင် သိမ်းဆည်းခဲ့သည့် model diagram ကို ArcGIS Pro တွင် ပြန်လည် save ၍ အသုံးပြုရန်မလိုအပ်တော့ပေ။
Raster functions
Raster လုပ်ဆောင်ချက်များကို SAR (synthetic aperture radar) အမျိုးအစားအသစ်အနေဖြင့် ထည့်သွင်းလာသည်။ ယခင် Correction အမျိုးအစားအောက်ရှိ SAR processing raster function (၄)ခုအား SAR category သို့ ပြောင်းရွှေ့ခဲ့သည်။
raster functionsတွင် အောက်ပါ အချက်တို့ပါဝင်ပါသည်။
Create Color Composite - လုပ်ဆောင်ချက်အသစ်တွင် band algebra အပေါ်တွင် အခြေခံပြီး၊ algebraic တွက်ချက်ရာတွင် band တစ်ခုချင်းစီအား အသုံးချနိုင်သည့် multiband raster dataset မှ three-band raster တစ်ခု ဖန်တီးပေးသည်။
Surface Parameters - Geodesic method များကို အသုံးပြု၍ aspect၊ slope နှင့် ကွေးကောက်မှုပုံသဏ္ဍာန်အမျိုးမျိုးတို့ကဲ့သို့သော surface raster ၏ parameter များကို သတ်မှတ်နိုင်သည်။ ဤလုပ်ဆောင်ချက်များအတွက် ArcGIS Spatial Analyst extension license လိုအပ်ပါသည်။
Terrain Flatten— မြေမျက်နှာသွင်ပြင်ကြောင့် radiometric ပြောင်းလဲမှုများ အတွက် ထည့်သွင်းထားသော synthetic aperture radar (SAR) ဒေတာကို မှန်ကန်အောင် ပြုပြင်ပေးသည်။ ဤလုပ်ဆောင်ချက်အတွက် ArcGIS Image Analyst လိုင်စင် လိုအပ်ပါသည်။
အဆင့်မြှင့်တင်ထားသော Raster လုပ်ဆောင်ချက်များတွင် အောက်ပါအချက်တို့ ပါဝင်ပါသည်-
Cell Statistics— "Majority" နှင့် "Minority" statisticsများအတွက် မျှခြေတစ်ခုရှိလျှင် အနည်းဆုံးတန်ဖိုးတစ်ခုကို ပြန်လည်ဖော်ပြပေးသည်။
Complex—raster inputအနေဖြင့် ဒေတာအစစ်အမှန်နှင့် ဖန်တီးထားသော ဒေတာများဖြင့် ပမာဏ၊ အဆင့်၊ (သို့) ရှုပ်ထွေးသော တန်ဖိုးများကို တွက်ထုတ်နိုင်သည်။
Compute Change—"Compute Change Method" parameter တွင် ရွေးချယ်မှု သုံးမျိုးကို ပေါင်းထည့်ထားပါသည်။ "Spectral Euclidean Distance", "Spectral Angle Difference", နှင့် "Band With Most Change" တို့ဖြစ်ကြသည်။
Focal Statistics— Weight neighborhood အတွက်၊ "Mean" နှင့် "Standard deviation" statisticsများ၏ algorithms များကို အဆင့်မြှင့်တင်ထားပါသည်။ "Majority" နှင့် "Minority" statistics များအတွက် တူညီမှုရှိပါက ရလဒ်ကို ပိုမိုကောင်းမွန်စေပါသည်။
Zonal Statistics—သံလိုက်အိမ်မြှောင် ဒီဂရီ၊ နေ့အချိန်နှင့် ကိန်းဂဏန်း တန်ဖိုးအစိတ်အပိုင်းများကဲ့သို့သော cyclic quantitiesကို တွက်ချက်ရန် Circular statistics ကို ပံ့ပိုးပေးထားပါသည်။ "Mean", "Majority", "Minority", "Standard deviation", နှင့် "Variety" statisticsအမျိုးအစားတို့သည် circular statistics calculationsကို ထောက်ပံ့ပေးထားပါသည်။
Data management and workflows
BIM
ArcGIS Pro building layerတွင် Revit file များပါဝင်သည့် bridge element များအား ထည့်သွင်းအသုံးပြုနိုင်ရန် infrastructure discipline layer လုပ်ဆောင်ချက်အသစ်ပါဝင်လာပါသည်။
တံတားများ၊ လမ်းများနှင့် ရထားလမ်းများကဲ့သို့သော အခြေခံ အဆောက်အဦးများပါရှိသော IFC ဖိုင်များကို Building layer ၏ အခြေခံအဆောက်အဦးစည်းကမ်း (infrastructure discipline) အသစ်တွင်လည်း ထည့်သွင်းထားသည်။
Revit softwareကို အသုံးပြု၍ .rvt filesအနေဖြင့် ပါဝင်လာသော CAD contentကို ယခုအခါ ArcGIS building layerတွင် generic model features အဖြစ် ပါဝင်လာစေသည်။
လျှပ်စစ်ဓာတ်အားခွဲရုံများ သို့မဟုတ် အခြားသော အခြေခံအဆောက်အဦများကဲ့သို့သော ပုံမှန်မဟုတ်သော ဖွဲ့စည်းပုံများအတွက် ExteriorShell feature layerကို အဆင့်မြှင့်တင်ထားပါသည်။
CAD နှင့် BIM filesများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုထောက်ပံ့ရန် CAD file datasets နှင့် BIM file workspaces များ၏ "Describe" object properties ကို အဆင့်မြှင့်တင်ထားပါသည်။
CAD
coordinate systemကို ပြောင်းလဲသောအခါ ဒေတာများကို georeferencing ပြန်လည်လုပ်ဆောင်ခြင်း မလိုအပ်စေရန် Define Projection geoprocessing tool သည် CAD နှင့် BIM fileအတွက် ရှိနှင့်ပြီးသော world fileကို မွမ်းမံပြင်ဆင်နိုင်သည်။
solids, cones, and 3D terrain elements များပါဝင်သော complex 3D objects from MicroStation files (.dgn) အတွက် ပံ့ပိုးကူညီမှုပေးထားပြီး၊ ယခုအခါ multipatch featuresများအနေဖြင့် လေ့လာနိုင်ပါသည်။
.dgn file တစ်ခုအတွင်းရှိ အမျိုးမျိုးသော drawing modelsများစွာမှ CAD featuresများကို ပံ့ပိုးပေးထားပါသည်။ CAD data file properties page သည် အဆိုပါ .dgn fileရှိ model drawingsများ၏ စာရင်းကို ဖော်ပြပေးသည်။
CAD data file properties page တွင် MicroStation ဖိုင်ကို ရည်ညွှန်းထားသော ပြင်ပ CAD ဖိုင်များအတွက် ကဏ္ဍတစ်ခု ပါဝင်သည်။ local file systemတွင် အသုံးပြု၍မရသော ဖိုင်များကို ညွှန်ပြထားသည်။
Export to CAD geoprocessing tool တွင် feature အား .dgn file အဖြစ် ပြောင်းထုတ်နိုင်ပါသည်။
projection file (.prj)ပါဝင်ခြင်း မရှိလျှင် ESPG (သို့) WKID positioning information ပါဝင်သော CAD drawing files (.dwg) သည် အဆိုပါ သတင်းအချက်အလက်များကို default coordinate systemအဖြစ် အသုံးပြုသည်။
AEC Surface elements ပါရှိသော Civil 3D drawings တွင် Topographyဟု အမည်ရှိသော 3D multipatch feature layerတစ်ခု ပါဝင်သည်။
Data Reviewer
Different Z at Intersection— intersection pointsများတွင် သတ်မှတ်ထားသော အတိုင်းအတာပမာဏထက် ပိုကြီးမားသော z-valueအမျိုးမျိုးဖြင့် polyline featuresဖြတ်မှတ်ကို ရှာဖွေပေးသည်။ poster of the checks available in Data Reviewer ကိုကြည့်ရှုနိုင်ပါသည်။
"Invalid Geometry"စစ်ဆေးမှုကို Check Geometry ဟု အမည်ပြန်လည်ဖော်ပြ၍၊ attribute စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်နိုင်စွမ်းကို ထောက်ပံ့ပေးသည်။
Export to Attribute Rules—validation workflowsများကို ArcMap မှ ArcGIS Pro သို့ ဆက်လက်ပြောင်းရွှေ့နိုင်ရန် လုပ်ငန်းစုများကို attribute validation rulesအဖြစ်သို့ ပြောင်းလဲပေးသည်။
Mapping and visualization
General
application option မှ အသစ်ပါဝင်လာသော display setting သည် ArcGIS Pro ကို ပိတ်လိုက်သည့်အချိန်တိုင်း display cacheကိုရှင်းလင်းရန် ပြုလုပ်ပေးသည်။
ကိုဩဒိနိတ် အစီအစဉ်တစ်ခုဖြစ်သည့် Go To XY tool input boxes နှင့် labeled graphics များသည် ပရောဂျက်၏ location units များကို ကိုက်ညီရန် တွဲစပ်ပေးသည်။

"Color Vision Deficiency Simulator" tool သည် အရောင်အမြင်ချို့တဲ့ခြင်းနှင့်ဆိုင်သော အရောင် သုံးမျိုးအတွက် maps, layouts, နှင့် reportsများကို အရောင်မှန်ဖြင့် ဖော်ပြပေးသည်။ Color Vision Deficiency Simulator tool ကို အဓိကထား ကြည့်ရှုနိုင်ပါသည်။
Preset layersကို ArcGIS Pro 3.0 ရပ်နားထားပါသည်။ Preset layersများကို ဖော်ပြနိုင်သော်လည်း ပြင်ဆင်နိုင်မည် မဟုတ်ချေ။ Draw preset layers နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်ကို လေ့လာနိုင်ပါသည်။
Annotation and labeling
ArcGIS Pro 3.0တွင် မြေပုံရေးဆွဲခြင်း လုပ်ငန်းစဉ်ကို အပြည့်အဝ အသုံးပြုရန် annotation နှင့် dimension feature classes ကို အဆင့်မြှင့်တင်နိုင်ပါသည်။
"Feature Class Properties" dialog box၏ "Source" tabတွင် annotation နှင့် dimension feature classes၏ အမျိုးအစားများကို ကြည့်ရှုနိုင်ပါသည်။
Export a map or layout
Export presets သည်မြေပုံနှင့် layout ထုတ်သော settings များကို ပြန်လည်အသုံးပြု နိုင်ရန်အတွက် သိမ်းဆည်း (save) ပေးပါသည်။ Export presets ကိုလေ့လာရန်။
အမျိုးအစားခွဲခြားထားသော CMYK တန်ဖိုးများကို အသုံးပြုလျှက် raster symbology ကို .pdf အဖြစ် export ထုတ်နိုင်သည်။
မြေပုံ သို့မဟုတ် layout ကို PDF format သို့ထုတ်သည့်အခါ vector content ကို မြေပုံဘောင် အနားသတ်တွင် အနည်းငယ်ဖြတ်တောက်ပေးထားပါသည်။ ၎င်းသည် vector features များ မြေပုံဘောင်ထက် ကျော်လွန်သွားနိုင်သည့် ကိစ္စရပ်များတွင် သေးငယ်သောဖိုင်များကို ထုတ်နိုင်ရန် ဖန်တီးပေးသည်။
PDF ဖိုင်ထုတ်ရာတွင် ပုံရိပ်များအတွက် JPEG2000 compression ကိုအထောက်အပံ့ပေးထား သည့်အတွက် သေးငယ်သောဖိုင်များကိုထုတ်ယူနိုင်စေသည်။
OpenStreetMap 3D layers
ArcGIS Pro 3.0 တွင် ArcGIS Living Atlas မှပံ့ပိုးပေးထားသော ကမ္ဘာတစ်ဝှမ်းရှိ OpenStreetMap 3D ဒေတာများကို အခမဲ့ရှာဖွေအသုံးပြုနိုင်ပါသည်။ Esri မှသိမ်းဆည်း ပေးထားသော ၎င်း 3D layers များသည် OpenStreetMap (OSM) ဒေတာများကိုအခြေခံသော အဆောက်အဦးများ၊ သစ်ပင်များပါဝင်ပါသည်။ Esri သည် ၎င်း layers များကို Meta မှပံ့ပိုးပေးထားသော OSM ၏ Daylight Map Distribution မှဖန်တီးထားပါသည်။ OpenStreetMap 3D layers များကို OSM Daylight ဒေတာ၏နောက်ဆုံးပေါ်ဗားရှင်းဖြင့် လစဥ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

ပိုမိုကောင်းမွန်သော မြင်ကွင်းများဖန်တီးရန်နှင့် ပထဝီဝင်ဆိုင်ရာ အချက်အလက်များ၏ ဆက်စပ်မှုများပေးနိုင်ရန် OpenStreetMap 3D layers နှင့် မိမိကိုယ်ပိုင်ဒေတာများကို ပေါင်းစပ်နိုင်ပါသည်။

Pop-ups
တစ်စုတစ်စည်းတည်းရှိသော အရာဝတ္ထုများ၏ pop-ups ကို clustered နှင့် bin-enabled feature layers များတွင်ပြင်ဆင်သတ်မှတ်ပေးနိုင်ပါသည်။
pop-up တစ်ခု၏ tree portionမှ မြေပုံတစ်ခုအတွင်းရှိ feature အလယ်ဗဟိုတွင် point graphic ကိုထည့်သွင်းနိုင်သည်။
promoting a feature to the top မှတစ်ဆင့် ဆက်စပ်မှတ်တမ်းလမ်းကြောင်းပြခြင်းကို ပြန်လည်စတင်နိုင်သည်။
Reports
အစီရင်ခံစာ (report) တစ်ခုတွင် မြေပုံတစ်ခုထည့်နိုင်သည်။ Add maps to reports တွင်လေ့လာနိုင်သည်။
ဆက်စပ်အစီရင်ခံစာတစ်ခု၏ မူလဒေတာကို ပြန်လည်သတ်မှတ် (redefine the data source) နိုင်သည်။
Symbols
unique values, graduated colors, dot density, သို့မဟုတ် chart symbology နှင့်အတူ feature layer တစ်ခုကို သင်္ကေတပြုလုပ်လိုပါက color scheme တွင်ပြုလုပ်နိုင်သည်။
သင်္ကေတများကို symbol gallery တွင်ရှာဖွေသောအခါ system styles များအားလုံးသည် ပုံသေ အနေဖြင့်ရှာဖွေနိုင်ပါသည်။ project styles တွင်သင်္ကေတများကို ကန့်သတ်ချက်ဖြင့်ရှာဖွေ လိုသောအခါ search bar ရှိ drop-down menu မှ ရှာဖွေနိုင်ပါသည်။
emissive textures များပါဝင်သော glTF model markers ပံ့ပိုးမှုကို ထည့်သွင်းထားပါသည်။
primary symbology တွင်သုံးထားသော Visual variables များသည် advanced symbology settings ထဲရှိ သတ်မှတ်ထားသော sample size အတိုင်းလိုက်နာသည်။
Tables
သင့်လျော်သော အချက်အလက်ရှိသောအခါ မြေပုံ သို့မဟုတ် မြင်ကွင်းတစ်ခုရှိ သီးခြားဇယားများကို time and range ဖြင့်စစ်ထုတ်နိုင်ပါသည်။ အချိန် သို့မဟုတ် အပိုင်းအခြားကို ဇယားထဲသို့ ထည့်သွင်းလိုက်သောအခါ မြေပုံပေါ်ရှိ အချိန် သို့မဟုတ် range slider အားဖြင့် table rows များကိုစစ်ထုတ်ပေးပါသည်။
ဇယားတစ်ခုရှိ အကွက်တစ်ခုကိုရွေးလိုက်သည့်အခါ ကော်လံတစ်ခုလုံးကို highlights လုပ်ပေးသည်။
Visual effects in scenes
အစစ်အမှန်နှင့်ပိုတူစေရန် Animated water symbols ကိုပြန်လည်ပြင်ဆင်ထားပါသည်။

အထူးသဖြင့် သီးခြား GPU များပေါ်တွင် frame နှုန်းများနှင့် အမြင်အရည်အသွေးကို တိုးမြှင့်ရန် Shadows များကို အဆင့်မြှင့်တင်ထားပါသည်။
ပိုက်၊ နံရံနှင့် 3D မျဉ်းကြောင်းသင်္ကေတများကို ထုတ်လုပ်ရန် အသုံးပြုသည့် အရိပ် (shaders) များသည် အမြင်အရည်အသွေးနှင့် frame နှုန်းများကို တိုးမြှင့်ရန်အတွက် ပြန်လည်ပြင်ဆင်ထားပါသည်။
မြေပုံများနှင့် မြင်ကွင်းများတွင် ကြမ်းတမ်းသော အနားသတ်များကို ချောမွေ့စေသည့် Hardware anti-aliasing သည် ယခုအခါ ရုပ်ပုံ၊ vector နှင့် ဗီဒီယို ထုတ်ယူမှု formats များတွင်လည်းအသုံးပြုနိုင်သည်။
scene layer features များမြင်နိုင်စွမ်းကို ပြောင်းသည့်အချိန်မျိုးတွင် strobing သို့မဟုတ် flashing ကဲ့သို့သော Visual artifacts များကိုလျှော့ချထားပေးသည်။
visual effects for scenes များဖြစ်သော Blueprint, Outline, Pencil Sketch, နှင့် Pixelated ၄ ခုကို ထပ်မံထည့်သွင်းထားသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သော setting များကို ပံ့ပိုးရန်အတွက် Watercolor visual effect ကိုအဆင့်မြှင့်တင်ထားသည်။
Postprocessing effects for scenes ကို မြင်ကွင်းအတွက် အသွင်အပြင်ကို တိုးတက်စေရန် interest အနေဖြင့်ထည့်ထားနိုင်သည်။ ၎င်း effect ၄ ခုမှာ Bloom, Vignette, Grain, နှင့် Color Grading တို့ဖြစ်ကြသည်။
Production
Airports
geoprocessing tools အသစ်နှင့် အဆင့်မြှင့်တင်ထားခြင်းများအတွက် Aviation toolbox တွင်လေ့လာပါ။
Aviation Charting
geoprocessing tools အသစ်နှင့် အဆင့်မြှင့်တင်ထားခြင်းများအတွက် Aviation toolbox တွင်လေ့လာပါ။
Defense Mapping
digital elevation model (DEM) ကိုအခြေခံပြီး elevation points ကိုဖန်တီးနိုင်သည်။
contour ကိုအခြေခံပြီး elevation points ကိုဖန်တီးနိုင်သည်။
topographic north arrow's declination property အတွက် set a date interval ကိုအသုံးပြုနိုင်သည်။
Maritime
VPF theme အပြင်အဆင်အားဖြင့် Group Layers By Theme tool ကိုအသုံးပြုပြီး layers များကို အုပ်စုဖွဲ့နိုင်ပါသည်။
Features အားလုံးနှင့်ဆက်စပ်လျှက်ရှိသော မှတ်စုစာလုံးများကို Notes Editor tool ဖြင့်ပြောင်းလဲနိုင်သည်။
Geodatabase ထဲတွင်ရှိသော features များမှ မလိုအပ်သော မှတ်စုများကို Remove Unnecessary Notes tool ဖြင့်ဖယ်ရှားနိုင်သည်။
လက်ရှိ Relationship Manager pane ပေါ်အခြေခံ၍ ပျက်စီးနေသော S-57 ဆက်စပ်မှုများကို Remove Broken Relationships tool ဖြင့်ဖယ်ရှားနိုင်ပါသည်။
Maritime Display Properties tool သည် Maritime Chart Service display settings ကိုလိုအပ်သလို စိတ်ကြိုက်ပြောင်းလဲနိုင်စေသည်။
Military Symbology Editor
military overlay schema ကိုဖြည်ချလိုက်သည့်အခါ ထည့်သွင်းချင်သည့် layer ကိုရွေးချယ်နိုင်ပါသည်။
Pipeline Referencing
ArcGIS Pro 3.0 တွင် ArcGIS Pipeline Referencing ၏ linear referenced event data တည်းဖြတ်ခြင်း စွမ်းဆောင်ချက်များကို မိတ်ဆက်ပေးထားပါသည်။ point နှင့် line events များကို ပေါင်းထည့်ရန်အတွက် standard ArcGIS Pro editing tools သို့မဟုတ် guided LRS tools ကို အသုံးပြုပြီး အဖြစ်အပျက်ကို ဖော်ပြသော event features များကို ဖန်တီးနိုင်သည်။ standard editing tools နှင့် attribute table edits ကိုအသုံးပြုပြီး မူလ event records များကို အဆင့်မြှင့်တင်နိုင်သည်။
အောက်ပါ အဖြစ်အပျက် တည်းဖြတ်ခြင်း လုပ်ဆောင်ချက်များသည် အသစ်ထွက်ရှိလာသည်-
Create Features and feature templates ကို အဖြစ်အပျက် (Event) ဖန်တီးခြင်းအတွက် အသုံးပြုနိုင်သည်။
attribute table ဖြင့်အဖြစ်အပျက် (Event) ဖန်တီးခြင်းအတွက်အသုံးပြုခြင်း
Edit Vertices အပါအဝင် Modify Features and feature editing tools ကိုအသုံးပြု၍ အဖြစ်အပျက် (Event) များကို တည်းဖြတ်ခြင်း
attribute table ကိုအသုံးပြု၍ အဖြစ်အပျက်(Event) များကို တည်းဖြတ်ခြင်း
Add Point Event နှင့် Add Multiple Point Events ကိုအသုံးပြု၍ Point event feature ဖန်တီးခြင်း
Add Line Event နှင့် Add Multiple Line Events ကိုအသုံးပြု၍ Line event feature ဖန်တီးခြင်း
လမ်းကြောင်းများတည်းဖြတ်ခြင်း လုပ်ဆောင်မှုတွင် အသုံးပြုရန် Configure attribute sets အသုံးပြုနိုင်ခြင်း
Split Event ကိုအသုံးပြု၍ line events များကို ပိုင်းခြားခြင်း။
အောက်ပါ ထပ်ဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်-
မျဥ်းကွေးပုံစံ ဖန်တီးထားသော centerlines များထောက်ပံ့ပေးထားသည်။ ArcGIS Pro တွင် မျဥ်းကွေးတစ်ခုကို ဖန်တီးလိုက်သောအခါ ၎င်းသည် linear referencing နှင့် measure interpolation လုပ်ဆောင်မှုကို ထောက်ပံ့ရန် densified polyline အဖြစ်အလိုအလျောက် ပြောင်းလဲပေးပါသည်။
multiuser geodatabase သို့မဟုတ် file geodatabase သို့ တိုက်ရိုက်ချိတ်ဆက်မှုမှ Update Measures from LRS tool ကိုအသုံးပြုနိုင်သည်။ ၎င်း tool သည် feature service အနေဖြင့် လည်း ကောင်းစွာလုပ်ဆောင်နိုင်သည်။
Location Referencing options ထဲရှိ “Keep centerlines chosen and selected option” မှ လက်ကျန် centerlines များကို ဆက်လက်ရွေးချယ်ခြင်း ရှိ၊မရှိ နှင့် multiple LRS route editing operations များတွင် အသုံးပြုခြင်းအတွက် လုပ်ဆောင်နိုင်သည်။
လမ်းကြောင်းတစ်လျှောက်အတွင်း pointer ကိုရွှေ့သည့်အခါ အောက်ဖော်ပြပါ Pipeline Referencing tools များမှ လမ်းကြောင်းနှင့် တိုင်းတာမှု အချက်အလက်များပေါ်လာမည် ဖြစ်သည်-
LRS ခွဲခြားပြခြင်း
Centerline ကို Point ဖြင့်ခွဲခြင်းနှင့် အတိုင်းအတာဖြင့်ခွဲခြင်း
မြေပုံပေါ်ရှိ လမ်းကြောင်း သို့မဟုတ် တိုင်းတာမှုများကို ရွေးချယ်သောအခါ LRS route editing tools များဖြစ်သော (Extend Route, Retire Route, Realign Route, Reassign Route, and Reverse Route) ပေါ်နေမည်။
လမ်းကြောင်း သို့မဟုတ် calibration point ကိုရွေးချယ်သည့်အခါ LRS calibration point editing tools များဖြစ်သော (Add Point, Edit Point, and Delete Point) ပေါ်နေမည်။
combined Pipeline Referencing-Utility Network deployment တွင် အောက်ပါအဆင့်မြှင့်တင်မှု များပါဝင်သည်-
routes လမ်းကြောင်းများကို တင်သည့်အခါ လက်ရှိ centerlines များကို ထည့်သွင်းစဥ်းစားရန် အတွက် Append Routes tool ကိုအဆင့်မြှင့်တင်ပေးထားသည်။
LRS လမ်းကြောင်း တည်းဖြတ်ခြင်းမပြုလုပ်မှီ pipeline line feature class ပေါ်တွင် အတိုင်းအတာများ ထည့်သွင်းခြင်းအတွက် ရွေးချယ်နိုင်ပြီဖြစ်သည်။ Create, Extend, နှင့် Realign တည်းဖြတ်ရေး tools များမှ ပံ့ပိုးပေးထားသော အကြံပြု အတိုင်းအတာများကို အသုံးပြုနိုင် သည်။ လမ်းကြောင်းတည်းဖြတ်ခြင်း အတိုင်းအတာများသည် pipeline line features များသို့ အလိုအလျောက် ဖြည့်ပေးသည်။ pipeline line features များထဲသို့ အတိုင်းအတာများကို ရွေးချယ်ပြီး ဆက်လက်ဖြည့်သွင်းနိုင်ပါသည်။
LRS route edit မှတစ်ဆင့် pipeline line feature ကိုခွဲထုတ်သည့်အခါ အဓိက split tool သို့ မဟုတ် LRS split centerline tools တစ်ခုခု၊ စမှတ်နှင့်ဆုံးမှတ် အတိုင်းအတာများသည် Update Measures from LRS tool ကိုအသုံးပြုစရာမလိုဘဲ အလိုအလျောက် လုပ်ဆောင်ရန် လိုအပ်မှုကို လျှော့ချပေးပါသည်။
Production Mapping
digital elevation model (DEM) ကိုအခြေခံပြီး အနိမ့်အမြင့်ပါသော points များကိုဖန်တီးနိုင် သည်။
contour ကိုအခြေခံပြီး အနိမ့်အမြင့်ပါသော points များကိုဖန်တီးနိုင်သည်။
topographic north arrow's declination property အတွက် date interval ကိုအသုံးပြုနိုင်သည်။
Roads and Highways
ArcGIS Pro 3.0 တွင် Roads and Highways သည် linear referenced နှင့်ဆိုင်သော အဖြစ်အပျက် ဒေတာတည်းဖြတ်ခြင်းစွမ်းရည်များကို မိတ်ဆက်ပေးထားပါသည်။ point နှင့် line events များ ထည့် သွင်းခြင်းအတွက် ArcGIS Pro editing tools သို့မဟုတ် လမ်းညွှန်ထားသည့် LRS tools ကို အသုံးပြုနိုင်သည်။ standard editing tools နှင့် attribute table edits ကိုအသုံးပြုပြီး မူလမှတ်တမ်းတင်ထားသော အဖြစ်အပျက်များကို update လုပ်နိုင်သည်။
အောက်ဖော်ပြပါ အချက်များသည် အဖြစ်အပျက် (event) တည်းဖြတ်ခြင်းအတွက် လုပ်ဆောင်မှုအသစ်များဖြစ်သည်-
Create Features and feature templates ကိုအသုံးပြုပြီး အဖြစ်အပျက် (Event) ဖန်တီးခြင်း
the attribute table ကိုအသုံးပြုပြီး အဖြစ်အပျက် (Event) ဖန်တီးခြင်း
Modify Features and feature editing tools including Edit Vertices ကိုအသုံးပြုပြီး အဖြစ်အပျက် (Event) တည်းဖြတ်ခြင်း
attribute table ကိုအသုံးပြုပြီး အဖြစ်အပျက် တည်းဖြတ်ခြင်း
Add Point Event နှင့် Add Multiple Point Events ကိုအသုံးပြုပြီး Point event feature ဖန်တီးခြင်း
Add Line Event နှင့် Add Multiple Line Events ကိုအသုံးပြုပြီး Line event feature ဖန်တီးခြင်း
Configure attribute sets လမ်းကြောင်းတည်းဖြတ်ခြင်းလုပ်ငန်းစဥ်တွင် အသုံးပြုခြင်း
Split Event ကိုအသုံးပြုပြီး line events များကို ပိုင်းခြားခြင်း
အောက်ပါအဆင့်မြှင့်တင်မှုများကိုပြုလုပ်ထားပါသည်-
မျဥ်းကွေးပုံစံဖန်တီးထားသော centerlines များကို ထောက်ပံ့ပေးထားသည်။ ArcGIS Pro တွင် မျဥ်းကွေးတစ်ခုကို ဖန်တီးလိုက်သောအခါ ၎င်းသည် linear referencing နှင့် measure interpolation လုပ်ဆောင်မှုကိုထောက်ပံ့ရန် densified polyline အဖြစ် အလိုအလျောက် ပြောင်းလဲပေးပါသည်။
multiuser geodatabase သို့မဟုတ် file geodatabase သို့တိုက်ရိုက်ချိတ်ဆက်မှုမှ Update Measures from LRS tool ကိုလုပ်ဆောင်နိုင်သည်။ ၎င်း tool သည် feature service အနေဖြင့်လည်း ကောင်းစွာ လုပ်ဆောင်နိုင်သည်။
Location Referencing options ထဲရှိ “Keep centerlines chosen and selected” option မှ လက်ကျန် centerlines များကို ဆက်လက်ရွေးချယ်ခြင်း ရှိ၊မရှိ နှင့် multiple LRS route editing operations များတွင်အသုံးပြုခြင်းအတွက် လုပ်ဆောင်နိုင်သည်။
လမ်းကြောင်းတစ်လျှောက်အတွင်း pointer ကိုရွှေ့သည့်အခါ အောက်ဖော်ပြပါ Roads and Highways tools များမှ လမ်းကြောင်းနှင့်တိုင်းတာမှုအချက်အလက်များပေါ်လာမည်ဖြစ်သည်-
LRS ခွဲခြားပြခြင်း
Centerline ကို Point ဖြင့်ခွဲခြင်းနှင့် အတိုင်းအတာဖြင့်ခွဲခြင်း
မြေပုံပေါ်ရှိ လမ်းကြောင်း သို့မဟုတ် တိုင်းတာမှုများကို ရွေးချယ်သောအခါ LRS route editing tools များဖြစ်သော (Extend Route, Retire Route, Realign Route, Reassign Route, and Reverse Route) ပေါ်နေမည်။
လမ်းကြောင်း သို့မဟုတ် calibration point ကိုရွေးချယ်သည့်အခါ LRS calibration point editing tools များဖြစ်သော (Add Point, Edit Point, and Delete Point) ပေါ်နေမည်။
Projects
General
ArcGIS Pro ပရောဂျက်ဖိုင်များ၏ အတွင်း file format သည် XML format မှ JSON format သို့ ပြောင်းသွားသည်။ ArcGIS Pro 3.0 ပရောဂျက်ဖိုင်များကို ArcGIS Pro 2.9 သို့မဟုတ် အစောပိုင်း ဗားရှင်းများတွင် တိုက်ရိုက်ဖွင့်၍မရပါ။ 2.x versions များနှင့်ကိုက်ညီသော ပရောဂျက်များကို packaging သုံးပြီးဖန်တီးနိုင်သည်။ အသေးစိတ် အချက်အလက်များကို Migration from ArcGIS Pro 2.x to 3.0 တွင် ကြည့်ရှုနိုင်ပါသည်။
context menu commands သို့မဟုတ် drag and drop ကိုသုံးပြီး folders နှင့် project items များကို ကူးယူခြင်းနှင့်ရွှေ့ပြောင်းခြင်းလုပ်နိုင်သည်။

Show In File Explorer context menu command နှင့်အတူ project item's system folder ကိုဖွင့်နိုင်သည်။ အဆိုပါ command သည် start page၏ "Recent Projects" list တွင်လည်းပါရှိသည်။
ပရောဂျက်တစ်ခုရှိ ArcGIS ဆာဗာချိတ်ဆက်မှုမှ open ArcGIS Server Manager ကိုဖွင့်နိုင်သည်။
context menu command သို့မဟုတ် keyboard shortcut Ctrl+Alt+P ကိုအသုံးပြုပြီး copy an item's path ကိုကူးယူနိုင်သည်။
ပရောဂျက်များတွင် default geodatabase အနေဖြင့် mobile geodatabase (.geodatabase) ကို သုံးထားပြီး၊ default toolbox အနေဖြင့် Python toolbox (.pyt) ကို အသုံးပြုနိုင်သည်။
file geodatabase ထဲရှိ feature classes နှင့် tables များ၏ အရွယ်အစားနှင့် ပြုပြင်ဖန်တီးခဲ့သည့်အချိန် (size and modification date) ကိုကြည့်ရှုနိုင်သည်။

Sign in to your organization
မိမိ organization ထဲသို့ ဝင်ရောက်သည့်အခါ "Portals" စာမျက်နှာတွင် မိမိပရိုဖိုင်ဓာတ်ပုံပေါ်နေမည် သို့မဟုတ် Application၏ထိပ်ရှိ "Sign In" menu တွင်ပြသမည် ဖြစ်သည်။ မိမိပရိုင်ဖိုင်ကို update ပြုလုပ်လိုပါက Manage profile and settings တွင်ကြည့်ရှုနိုင်ပါသည်။
Share your work
web feature layers အဖြစ် Google BigQuery မှ query layers များကိုဖြန့်ဝေနိုင်သည်။ query layer တစ်ခုချင်းစီအတွက် ရုပ်ထွက်အမြင် (materialized view) ကို ကိုးကားရန် သို့မဟုတ် ဒေတာကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုရန် options ကိုအသုံးပြုနိုင်သည်။
share a map image layer သို့မဟုတ် publish a map service ပြုလုပ်သည့်အခါ OGC Features များကိုဖွင့်ထားနိုင်သည်။ OGC Features services များသည် OGC API Features specification နှင့်ကိုက်ညီပြီး web ပေါ်တွင် ပထဝီဝင်ဆိုင်ရာ ဒေတာများကို လုပ်ဆောင်ခွင့်ပြုထားပါသည်။ ၎င်းကို ArcGIS Enterprise 11.0 နှင့် နောက်ပိုင်းဗားရှင်းများအတွက် ပံ့ပိုးထားသည်။
ArcGIS Pro 3.0 တွင် ArcGIS Enterprise သို့မဟုတ် ArcGIS ဆာဗာ၏ ဗားရှင်းအဟောင်းများသို့ အကြောင်းအရာ (content) များကို မျှဝေခြင်းအပေါ် အကျိုးသက်ရောက်နိုင်သည့် ပြောင်းလဲမှုများ ပါဝင်လာသည်။ web layer သို့မဟုတ် map service အတွက် offline service definition သိမ်းဆည်းသည့်အခါတွင် မိမိဆာဗာနှင့် ကိုက်ညီမှုရှိမရှိ သေချာစေရန် ဗားရှင်းကိုသတ်မှတ်နိုင်ပါသည်။ ArcGIS Online တွင်လည်းရရှိနိုင်ပါသည်။
ArcGIS Online, ArcGIS Enterprise, နှင့် ArcGIS Server တွင် တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ကိုက်ညီစေရန် Feature layer editing options ကိုပြန်လည် ဒီဇိုင်းရေးဆွဲထားပါသည်။
ArcGIS Online သို့မဟုတ် ArcGIS Enterprise 10.9.1 နှင့် နောက်ပိုင်းဗားရှင်းများသို့ items များကိုမျှဝေသည့်အခါတွင် summary နှင့် tags များမလိုအပ်တော့ပေ။
မိမိ၏ ArcGIS organization ရှိ ရှိပြီးသား web scenes များကို update လုပ်ရန် ArcGIS Pro တွင် web scenes သိမ်းဆည်းနိုင်သည်။
ArcGIS Enterprise 11.0 နှင့် နောက်ပိုင်းဗားရှင်းများသို့ local sceneတစ်ခုရှိ voxel scene layerကို ဖြန့်ဝေနိုင်သည်။ ၎င်း web scene layer ကို မိမိစက်ထဲတွင် သိမ်းဆည်းပေးထား သည်။
ဒေတာသိမ်းဆည်းမှု အမျိုးအစားအသစ်များကို ထည့်သွင်းထားပါသည်-
ArcGIS Enterprise 10.7.1 နှင့် နောက်ပိုင်းဗားရှင်းများတွင် cloud stores as data stores တွင်မှတ်ပုံတင်နိုင်ပါသည်။ ထောက်ပံ့ပေးထားသော cloud storage providers များမှာ Alibaba Cloud Storage, Amazon S3, Google Cloud Storage (ArcGIS Enterprise 10.9.1 နှင့် နောက်ပိုင်းဗားရှင်းများ အတွက်ပံ့ပိုးထားသည်) နှင့် Microsoft Azure Storageတို့ ပါဝင်ပါသည်။
ArcGIS Enterprise 10.9.1 နှင့် နောက်ပိုင်းဗားရှင်းများတွင် NoSQL databases as data stores အဖြစ်မှတ်ပုံတင်နိုင်ပါသည်။ Neo4j သာလျှင် supported provider ဖြစ်သည်
ArcGIS Enterprise 10.9.1 နှင့် နောက်ပိုင်းဗားရှင်းများသို့ share geodata services များကို မျှဝေနိုင်ပါသည်။
Trace networks
စနစ်မှပေးသော ကွန်ရက် ရည်ညွှန်းချက်များကို ယခုအခါ Trace နှင့် Add Trace Configuration tools များတွင် ဖော်ထုတ်နိုင်ပါပြီ။ စနစ်မှပံ့ပိုးပေးထားသော ကွန်ရက်ရည်ညွှန်း ချက်များသို့ဝင်ရောက်ခြင်းသည် ခြေရာခံမှုတစ်ခုကိုပြင်ဆင်ရာ၌ "Source ID" သို့မဟုတ် "Flow direction" ကဲ့သို့သော စနစ်ထိန်းသိမ်းထားသော တန်ဖိုးများထပ်တူဖန်တီးရန်လိုအပ်ချက်ကို ဖယ်ရှားပေးပါသည်။
single-user deployment သို့မဟုတ် database ချိတ်ဆက်မှုမှတစ်ဆင့် ခြေရာခံကွန်ရက်ကို ဝင်ရောက်သည့်အခါ ဤလုပ်ဆောင်နိုင်စွမ်းအတွက် Trace Network version 3 လိုအပ်သည်။
ArcGIS Enterprise11.0 ရှိ "supportsTraceSystemNetworkAttributes" စွမ်းရည်အသစ်သည် trace network service နှင့်အလုပ်လုပ်သည့်အခါ Trace နှင့် Add Trace Configuration tools များထဲမှ system-provided network attributes များ အသုံးပြုနိုင်စွမ်းကို ထုတ်လွှင့်ပေးပါ သည်။
လက်ရှိအချိန်တွင် ဝန်ဆောင်မှုတစ်ခုမှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သည့် Trace Network versions 2 နှင့် 3 အတွက် ဤစွမ်းရည်ကို ပံ့ပိုးထားသည်။
Utility networks
"Select Associated Data" context menu command အသစ်တစ်ခုသည် "Attributes" pane ရှိ ရွေးချယ်ထားသော feature သို့မဟုတ် အရာဝတ္ထုအတွက် ဆက်စပ် သေချာသော အမျိုးအစားကို ပြသပေးပါသည်။ pane၏ selection tree view အတွင်းရှိ သီးခြား network feature တစ်ခုချင်းစီအတွက် ဆက်စပ်ဒေတာများကို ရွေးချယ်နိုင်သည်။ သို့မဟုတ် ရွေးချယ်ထားသော network features အားလုံးအတွက် ဆက်စပ် ဒေတာအစုလိုက်ကို ရွေးချယ်မှု ပြုလုပ်နိုင်သည်။
တိကျသော ဂျီသြမေတြီကို ပြင်ပစနစ်များသို့ ပေါင်းစည်းနိုင်စေမည့် Export Subnetwork geoprocessing tool ဖြင့် True curves များကို ပံ့ပိုးပေးထားပါသည်။
Preset layers များကို ArcGIS Pro 3.0 တွင် (deprecated)ရပ်ဆိုင်းထားပါသည်။ မြေပုံပေါ်တွင် Subtype Group Layer များထည့်ရန်အတွက် "Add Data" drop-down menu မှတစ်ဆင့် "Subtype Group Layer" command အသစ်ကို အသုံးပြုရမည်ဖြစ်သည်။

terminals များဖြင့် devicesများတွင် ကျယ်ပြန့်စွာ ကိုင်တွယ်အသုံးချမှုကို တိုးတက်စေပါသည်။ ဥပမာအားဖြင့် transformer တစ်ခု၏ high-side terminal မှတဆင့် လိုင်းနှစ်ခုကို ချိတ်ဆက်ထားပါက terminal မှတဆင့် ဖြတ်သွားသည်နှင့်အမျှ propagated value သည် တသမတ်တည်းရှိနေမည်ဖြစ်ပြီး transformer အတွက် တပ်ဆင်ထးသော phase အားဖြင့်သက်ရောက်မှုမရှိနိုင်ပါ။
utility network ရှိ network topology, subnetwork management, နှင့် tracing framework တို့ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရာတွင် အောက်ပါအချက်တို့ပါဝင်သည်-
subnetwork-based traces ကိုအသုံးပြုသည့်အချိန်တွင် trace framework စွမ်းဆောင်ကို ရည်ပိုမိုကောင်းမွန်စေသည်။
ရလဒ်များတွင် ဂျီသြမေတြီလပါဝင်လာသည့်အခါ ပိုမိုကောင်းမွန်သော Subnetwork စွမ်းဆောင်ရည်ကို ထုတ်ပေးသည်။
အောက်ပါ Utility Network geoprocessing tools များတွင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန် အောင်ပြုလုပ်ထားသည်- Add Rule, Import Rules, Delete Rule,, Export Subnetwork, Validate Network Topology, Enable Network Topology, Disable Network Topology, နှင့် Update Subnetwork. ဤ updates များသည် ArcGIS Pro 3.0 မတိုင်မီ ဗားရှင်းများတွင် ရရှိနိုင်မည်မဟုတ်ပါ။
Note:
"ArcGIS Enterprise 10.9.1 နှင့် ArcGIS Pro 2.9 ၏ လက်ရှိဒီဇိုင်းထုတ်ထားသော network management release တွင် ArcGIS Pro 3.0 မှပြုလုပ်ထားသော utility နှင့် telecomချိတ်ဆက်မှုဆိုင်ရာ တိုးတက်မှုအများစုပါဝင်သည်။ အစောပိုင်းထုတ်ဝေမှုများတွင် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထည့်သွင်းမရနိုင်ပါ။"
ယခုအခါ System-provided network attributes များကို Trace, Add Trace Configuration နှင့်Set Subnetwork Definition geoprocessing tools များတွင်ဖော်ထုတ်နိုင်ပါသည်။ ၎င်းသည် ခြေရာခံမှု အဆင့်အဆင့်အတွက် subnetwork definition ကို ပြင်ဆင် သတ်မှတ်သည့်အခါတွင် Asset group or Asset typeကဲ့သို့ system-maintained values များအပေါ် အခြေခံ၍ အသုံးပြုသူသတ်မှတ်ထားသော network attributesများ ထပ်နေခြင်းကို ဖန်တီးရန် လိုအပ်မှုကို ဖယ်ရှားပေးပါသည်။ အသုံးပြုသူ သတ်မှတ်ထားသော "In Line" network attributes.များကိုထပ်တိုးဖန်တီးခြင်းအတွက်လည်း တန်ဖိုးရှိသောအပိုင်းများကို ထိန်းသိမ်းပေးပါသည်။
single-user deployment တစ်ခု သို့မဟုတ် database ချိတ်ဆက်မှုမှတဆင့် utility network ကိုဝင်ရောက်အသုံးပြုသည့်အခါ ဤလုပ်ဆောင်နိုင်စွမ်းသည် Utility Network version 6 လိုအပ်ပါသည်။
ArcGIS Enterprise11.0 ရှိ "supportsTraceSystemNetworkAttributes" စွမ်းရည်အသစ်သည် trace network service နှင့်အလုပ်လုပ်သည့်အခါ Trace နှင့် Add Trace Configuration tools များထဲမှ system-provided network attributes များ အသုံးပြုနိုင်စွမ်းကို ထုတ်လွှင့်ပေးပါ သည်။
လက်ရှိအချိန်တွင် ဝန်ဆောင်မှုတစ်ခုမှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သည့် utility network versions အားလုံးအတွက် အဆိုပါ စွမ်းရည်ကို ပံ့ပိုးထားသည်။
Network diagrams
network diagrams များတွင် diagram layouts များကို အသုံးပြုသောအခါ အချိန်ကုန် သက်သာစေရန် Use default parameters to apply layouts option အသစ်ကို ဖွင့်ပေးနိုင်ပါသည်။
network diagrams များကို လေ့လာဆန်းစစ်ရန်နှင့် ပြင်ဆင်တည်းဖြတ်ရန် commands အသစ်များရှိပါသည်-
Select Related Contents— diagram features မှတစ်ဆင့် ကန့်သတ်ထိန်းချုပ်မှု၏ ဆက်စပ်မှုများကို စစ်ဆေးရန် ခွင့်ပြုပေးသည်။
Select Connected Diagram Features—ချိတ်ဆက်ထားသော diagram feature အမျိုးအစားခွဲများကို ခွဲခြားသတ်မှတ်နိုင်စေပါသည်။
Search for Initial Diagram Features in Network Map command အသစ်သည် network diagram content တည်ဆောက်ရန် ကနဦးထည့်သွင်းမှုအဖြစ် အသုံးပြုထားသော network features များနှင့် objects များကို ရှာဖွေရန်အတွက် ခွင့်ပြုပေးသည်။
network diagram layers များနှင့် ကွဲလွဲမှုရှိသော diagrams များအတွက် network diagram ညီညွတ်မှု အခြေအနေအသစ်ကို ပံ့ပိုးပေးထားသည်။ ဤအခြေအနေတွင် Contents pane ရှိ diagram layer ဘေးတွင် မီးခိုးရောင်သတိပေးချက် icon တစ်ခုပေါ်နေမည်။
Python
General
Python ကို ဗားရှင်း 3.9.11 သို့ အဆင့်မြှင့်တင်ထားသည်။
ArcGIS Pro settings များရှိ "Python" စာမျက်နှာအား "Package Manager" ဟု အမည်ပြောင်းလဲထားပြီး နည်းလမ်းများစွာဖြင့် အဆင့်မြှင့်တင်ထားသည်။ Highlights ကဏ္ဍရှိ Package Manager တွင် ကြည့်ရှုနိုင်ပါသည်။
conda command သည် "activate <env>" ကိုဖွင့်လိုက်သည်နှင့် directory အဖြစ် ပြောင်းသွားပါသည်။
xlrd library ကို ဗားရှင်း 2.0.1 သို့ အဆင့်မြှင့်တင်ထားပြီး .xlsx ဖိုင်များဖတ်ရှုခြင်းကို ပံ့ပိုးပေးတော့မည် မဟုတ်ပါ။ .xlsx ဖိုင်များနှင့် အလုပ်လုပ်ရန် openpyxl သို့မဟုတ် pandas library ကို အသုံးပြုနိုင်သည်။
ယခုအခါ PyArrow library သည် "parquet" files များကို ဖတ်နိုင်၊ ရေးသားနိုင်သည့် "dataset" module တစ်ခုဖြင့် ပို့ဆောင်ပေးပါသည်။
Script tools များနှင့် Python toolbox tools များသည် query လုပ်ခြင်းနှင့် ရလဒ်များပြသခြင်း အတွက် "arcpy.mp" module ကိုအသုံးပြုရန် ရွေးချယ်နိုင်သော postExecute validation method ကိုထောက်ပံ့ပေးပါသည်။
script tools နှင့် Python toolbox tools ထဲရှိ Value Table parameters များသည် columns များကို read-only အတွက်နှင့် အချက်အလက်ပြသရန် အတွက်သာ ခွင့်ပြုသည်။
Python command prompt ကို Windows Terminalဖြင့် ပေါင်းစပ်ပေးထားသည်။
ArcGIS Notebooks
Notebooks များသည် keyboard shortcuts များဖြစ်သော "Ctrl+Plus Sign" နှင့် "Ctrl+Hyphen" တို့ဖြင့် ချဲ့ကြည့်ခြင်း၊ ချုံ့ကြည့်ခြင်းများကို ပံ့ပိုးပေးသည်။ မြင်ကွင်းကို 100 ရာခိုင်နှုန်းသို့ ပြန်လည်သတ်မှတ်ရန် "Ctrl+Close" ကို အသုံးပြုနိုင်သည်။
Notebooks သည် keyboard shortcut "f" ဖြင့် ရှာဖွေခြင်း၊ အစားထိုးခြင်း လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။
"Ctrl+Shift+P" အစား keyboard shortcut "p" ဖြင့် command palette ကို ဝင်ရောက်နိုင်သည်။
UNC paths လမ်းကြောင်းများပေါ်ရှိ Notebooksများကို ပံ့ပိုးထားသည်။
ArcPy
Render လုပ်ဆောင်ချက်အသစ်သည် ရည်ညွှန်းထားသော raster dataset သို့ သင်္ကေတဗေဒကို အသုံးပြုခြင်းဖြင့် rendered raster object တစ်ခုကို ဖန်တီးပေးပါသည်။ "Jupyter" notebook တွင် ဒေတာ ပြသရန်အတွက် ဤလုပ်ဆောင်ချက်သည် အသုံးဝင်သည်။
SignInToPortal လုပ်ဆောင်ချက်သည် public key infrastructure (PKI) authentication (သို့မဟုတ်) Integrated Windows Authentication (IWA) ကို အသုံးပြုသည့် portal သို့ sign in ဝင်ရောက်ခြင်းကို ပံ့ပိုးပေးသည်။
Polyline နှင့် Polygon geometry objects များပေါ်ရှိ "positionAlongLine" နည်းလမ်းသည် geodesic အကွာအဝေးတွက်ချက်မှုအတွက် "geodesic" method ကို ပံ့ပိုးပေးပါသည်။
FeatureSet object သည် "GeoJSON" ကိုလက်ခံပြီး GeoJSON string ကို output ထုတ်နိုင်သည်။
Location Referencing datasets, CAD drawing datasets , နှင့် BIM file workspaces အချက်အလက်များကို ပိုမိုပံ့ပိုးရန် Describe object ကို အဆင့်မြှင့်တင်ထားပါသည်။
"Describe" object တွင် feature class တစ်ခုကို compressed လုပ်ထားလျှင် "True" ပြန်ပေးသည့် isCompressed ဂုဏ်သတ္တိပါဝင်သည်။
Geocoding module
အောက်ဖော်ပြပါ တည်နေရာဆိုင်ရာ ဂုဏ်သတ္တိအသစ်များကို ပံ့ပိုးပေးထားသည်-
"partialHouseNumberSuggestions",
"subaddressAfterBaseAddressSuggestions", နှင့်
"subaddressSummaryWithBaseAddress"
Image Analysis module
RasterCollection class တွင် "std" နှင့် "sum" နည်းလမ်းအသစ်နှစ်ခုကို ထည့်သွင်းထားသည်။
Mapping module
ArcGIS Pro ရှိ မြေပုံနှင့် layout မြင်ကွင်း အသစ်များကို ဖွင့်ရန်နှင့် activate လုပ်ရန်အတွက် "openView" နည်းလမ်းကို Map နှင့် Layout classes ထဲတွင် ပေါင်းထည့်ထားပါသည်။
ArcGIS Pro တွင်လက်ရှိဖွင့်ထားသည့် view panes များကို ပိတ်ရန်အတွက် "closeViews" နည်း လမ်းကို ArcGISProject class တွင်ထည့်သွင်းထားသည်။
group layersများ ဖန်တီးခြင်းကို ပံ့ပိုးရန်အတွက် "createGroupLayer" နည်းလမ်းကို Map class တွင်ထည့်သွင်းထားသည်။
"addTableToGroup" နည်းလမ်းကို Map class တွင်ထည့်သွင်းထားသည်။ ဤနည်းလမ်းသည် group layer တစ်ခုထဲသို့ Table object ကိုထည့်သွင်းခွင့်ပြုသည်။
"saveACopy" နည်းလမ်းကို Map class တွင်ထည့်သွင်းထားသည်။ ဤနည်းလမ်းသည် layer file (.lyrx) တစ်ခုထဲသို့ "Table" object တစ်ခုကို ထည့်သွင်းခွင့်ပြုသည်။
အစီရင်ခံစာတစ်ခုတွင် ကဏ္ဍများစွာကို ပံ့ပိုးရန် ReportSection ပေါင်းထည့်ထားပါသည်။
အစီရင်ခံစာတစ်ခုတွင်းရှိ layout တစ်ခုကို ရည်ညွှန်းထားသော ဖြည့်စွက်စာမျက်နှာများကို ပံ့ပိုးရန်အတွက် ReportLayoutSection ကို ပေါင်းထည့်ထားပါသည်။
Network Analyst module
arcpy.nax.NetworkDataset class၏ "edges", "junctions" နှင့် "turns" cursors များသည် spatial query ပြုလုပ်ခြင်း၊ အတိုင်းအတာတစ်ခုအတွင်း သို့မဟုတ် polygon နယ်နိမိတ်အတွင်းမှ ရလဒ်များကို ကန့်သတ်ခြင်းများကို ပြုလုပ်နိုင်သည်။
Sharing module
FeatureSharingDraft, MapImageSharingDraft, TileSharingDraft, and MapServiceDraft များသို့ "offlineTarget" property ကိုပေါင်းထည့်ပေးထားပါသည်။ ၎င်း "offline" property ကို offline service definition ဖန်တီးသည့်အခါ အသုံးပြုနိုင်သည်။
GeoprocessingSharingDraft လုပ်ဆောင်ချက်အသစ်သည် ArcGIS Enterprise အတွက်, web tool တစ်ခုအတွက်, သို့မဟုတ် ArcGIS ဆာဗာအတွက် geoprocessing serviceအတွက် service definition draft file (.sddraft) ကိုဖန်တီးနိုင်ပါသည်။
Spatial Analyst module
Render လုပ်ဆောင်ချက်အသစ်သည် ရည်ညွှန်းထားသော raster dataset သို့ symbology ကို အသုံးပြုခြင်းဖြင့် rendered raster object တစ်ခုကို ဖန်တီးပေးပါသည်။ Jupyter notebook တွင် ဒေတာပြသရန်အတွက် ဤလုပ်ဆောင်ချက်သည် အသုံးပြုနိုင်ပါသည်။
ArcGIS Pro SDK
ArcGIS Pro SDK သည် SDK add-ins များနှင့် ပြင်ဆင်မှုများကိုအသုံးပြုလျက် မိမိကိုယ်ပိုင် သီးသန့် tools များနှင့် workflows များဖြင့် ArcGIS Pro ကိုချဲ့ထွင်အသုံးပြုနိုင်စေသည်။ What's New for Developers at 3.0 တွင်ကြည့် လေ့လာနိုင်ပါသည်။
Roadmap
ကာလတို၊ ကြားကာလနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအကြောင်းကို ပိုမိုလေ့လာရန်၊ နောက်ဆုံးထွက် ArcGIS Pro လမ်းပြမြေပုံ ArcGIS Pro roadmap တွင် လေ့လာနိုင်ပါသည်။
Deprecated functionality
ArcGIS Pro 3.0 တွင် ဖယ်ရှားလိုက်သော လုပ်ဆောင်မှု အချက်အလက်များ သို့မဟုတ် နောင်ထွက်ရှိမှုများတွင် ဖယ်ရှားမည့် လုပ်ဆောင်မှုများကို Release notes for ArcGIS Pro 3.0 တွင်လေ့လာနိုင်ပါသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
